ဆီးဂိမ်းခြင်းလုံးဂိမ်း iOS Version ဖြန့်ချိရန်စီစဉ်

ပို့စ်တင်ချိန် - 10/30/2013 11:34:00 AM


ယခုလအတွင်း စတင်ဖြန့်ချိပေးမည့် ဆီးဂိမ်းခြင်းလုံးဂိမ်း iOS Version အားနိဝြင်ဘာလ ၅ ရက်နေ့တွင် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း Total Gameplay Studio မှသိရသည်။   အဆိုပါခြင်းလုံးဂိမ်း Android Version ကို chinlone  နှင့် zwenex.com/chinlone တို့တွင်အခမဲ့ Download ရယူနိုင်မည်ဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ မိုဘိုင်း အရောင်းဆိုင်များတွင်လည်း ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဂိမ်းအမျိုးအစားဖြစ်ပြီး Android နှင့် iOS တို့တွင် အခမဲ့ကစားနိုင်မည် ဖြစ်ကြောင်းဖုန်းနှင့် tablet များတွင် HD ဂိမ်းအဖြစ် ကစားနိုင်မည်ဖြစ်ကြောင်း ကစားရန်အလယ်အလတ် Specification ရှိသော မိုဘိုင်းဖုန်း အမျိုးအစား သို့မဟုတ် tablet လိုအပ်ကြောင်းသိရသည်။   ကစားနည်းမှာ တစ်ကိုယ်တော် အစွမ်းပြ၍ ခြင်းလုံးကိုမြေ၌ မကျစေဘဲ မြန်မာ့ခြင်းလုံး ကစားနည်း၏ ခပ်ဟန်အမျိုးမျိုးကို ပေါင်းစပ်၍လှပအောင် ကစားရမည်ဖြစ်ကြောင်း ထိုသို့ကစားရာတွင် level အလိုက် ရမှတ်များထိုးလာမည်ဖြစ်ကြောင်း ရမှတ်ဆုကြေးငွေများရရှိလျှင် ခြင်းလုံးပုံစံအသစ်အဆန်းများကို ဝယ်ယူနိုင်မည့်အပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ Mascot လာဘ်ကောင်များကို unlock လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အွန်လိုင်းပေါ်တွင် အမှတ်ပြိုင်ကစားနိုင်ခြင်း၊ အမှတ်အများဆုံးရရှိ အောင်ယှဉ်ပြိုင်နိုင်လျှင် ကစားစရာခြင်းလုံးအသစ်များ ဂိမ်းအတွင်းမှ ပိုက်ဆုံအပိုဆုများ ဇာတ်ကောင်အသစ်များကို အပတ်စဉ်အွန်လိုင်းပေါ်မှ ဆုကြေးအဖြစ်ရရှိနိုင်ခြင်းစသည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။   မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ဆီးဂိမ်းတွင်ပါဝင်သော ခြင်းလုံးအားကစားကို အခြေခံပြီး ထုတ်လုပ်ခြင်းဖြစ်ကာ မြန်မာဆီးဂိမ်းအဖွဲ့ချုပ်၏ တရားဝင်ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း Total Game play Studio မှအခမဲ့ထုတ်ဝေခြင်း ဖြစ်ကြောင်းသိရသည်။


internaljournal