မလေးသို့ခိုးထွက်သည့် ဘင်္ဂါလီအများစု ရသေ့တောင်တွင် တိမ်းရှောင်နေဟုဆို

ပို့စ်တင်ချိန် - 10/30/2013 12:45:00 PM

 မလေးရှားသို့  လှေတစ်စင်းဖြင့် ထွက်ပြေး လာသည့် ဘင်္ဂါလီအ များစုမှာ မုန်တိုင်းကြောင့်ဆက်  လက်မထွက်ခွာနိုင်ဘဲ ရသေ့ တောင်မြို့နယ်၊ ချိန်ခါလီကျေး ရွာအနီးတွင် ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရသည်။

ဘင်္ဂါလီ ၁၈ဝဦးကို တင် ဆောင်လာသည့် အဆိုပါမော် တော်ဘုတ်မှာ ဘင်္ဂလားပင်လယ် အော်အတွင်း မုန်တိုင်းအန္တရာယ် ကို ခိုလှုံရန် အောက်တိုဘာ ၂ရ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ချိန်ခါ လီကျေးရွာအနီးသို့ ကမ်းကပ် စဉ် ယင်းကို ဒေသခံများမြင်တွေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြား ရာ ရသေ့တောင်အခြေစိုက် ခမရ (၂၃၄) မှတပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သန်းထွဋ်ဝင်း ဦး ဆောင်၍ အဆိုပါဘင်္ဂါလီများ အား လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီ ၁၈ဝဦး အနက် ၁၈ဦးကို မော်တော် ဘုတ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ဘင်္ဂါလီများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း စစ်တွေ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

''မသင်္ကာဖွယ်ရာ စက်လှေ တစ်စင်းဆိုက်လာတာ မြင်တာနဲ့ ကျွန်တော်တို့လဲ စစ်တပ်ကို အ ကြောင်းကြားလိုက်တယ်။ စစ်တပ် နဲ့ကျွန်တော်တို့ ရွာသားတွေဝိုင်း ဖမ်းတော့ ၂၁ယောက်ဖမ်းမိတယ်'' ဟု ရသေ့တောင်မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။ ထွက်ပြေး တိမ်းရှောင်နေ သည့်ဘင်္ဂါလီများကို ယခုအခါ နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံများ ဝိုင်းဝန်းရှာဖွေနေ ကြောင်း သိရသည်။

မာန်ယုကျော်(ရွှေဝမြေ)

yangonmedia