မီတာခများ တိုးမြှင့်လိုက်သော်လည်း ဓာတ်အားပေးမှု ထူးမခြားနားဆိုပါက စက်မှုလုပ်ငန်းရှင်များ ပုဂ္ဂလိကနှင့်သာ လက်တွဲမည်

ပို့စ်တင်ချိန် - 10/30/2013 11:40:00 AM

ရန်ကုန်၊ အောက်တိုဘာ ၂၉
အစိုးရမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည် ဆိုသော်လည်း စက်မှုလုပ်ငန်းများအတွက် အချိန်နှင့် ဓာတ်အား အပြည့်အဝ မပေးနိုင်ပါက ပုဂ္ဂလိက ဓာတ် အားပေးကုမ္ပဏီများနှင့် သာ ချိတ်ဆက်သွားတော့မည် ဖြစ် ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။
”ဈေးနှုန်းကတော့ နိုင်ငံတကာ အဆင့်မီတက်လာပြီး ဝန်ဆောင်မှု အပိုင်းက တက်မလာဘူး ဆိုရင်တော့ မဖြစ်သင့်ဘူး” ဟု အထည်ချုပ်လုပ်ငန်း ရှင်တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။
ယင်းသို့ ဓာတ်အားခ တိုးမြှင့်လိုက် ခြင်းအပေါ် ဝေဖန်မှု ပြုလိုခြင်းမရှိသော် လည်း လက်ရှိ ဓာတ်အား မဂ္ဂါဝပ်နှုန်း နှင့်သာ ဆက်လက်ရရှိနေသည်ဆိုပါက ဈေးနှုန်း တူေ သ်ာလည်း ဓာတ်အားနှုန်း အပြည့်အဝပေးနိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့်သာ ချိတ်ဆက်သွားမည် ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦး မြတ်သင်းအောင်က ပြောသည်။
ထို့ပြင် စက်မှုဇုန်များအနေနှင့် တစ်ရက်လျှင် နာရီ ၂ဝ ခန့်သာ မီးရရှိ ပြီး ပွင့်လင်းရာသီများတွင် တစ်ရက်လျှင် မီး ၆ နာရီခန့်သာ အစိုးရထံမှ ရရှိခြင်း ဖြစ်သည်။
 ”မီးမလာတော့လည်း မလာလို့၊ လာရင်လည်း မီးအားက မပြည့်ဘူး။ မီးလာလည်း စက်တွေက အဲဒီဗို့အားနဲ့ ရုန်းလို့မရဘူး။ မီးစက်နှိုးရတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မမြတ်စံဝင်းက ပြောသည်။
 ထို့ကြောင့် စက်မှုဇုန်များအနေ နှင့် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများနှင့် ချိတ်ဆက်ရန် ပြင်ဆင် နေကြပြီး လျှပ်စစ်ဝန်ကြီး ဌာနအနေနှင့် လည်း ပုဂ္ဂလိကကုမ္ပဏီ များကို ဓာတ် အား ရောင်းချခွင့်ပေးထားပြီး ဖြစ် ကြောင်း လျှပ်စစ်စွမ်းအား ဦးစီးဌာနမှ သိရသည်။
   သို့သော် ဓာတ်အားခများ တိုးမြှင့် ကောက်ခံပြီးသည်နှင့် ဓာတ်အားပေးချိန် အပြည့်အဝ ဖြစ်စေရန်ဆောင်ရွက်မှု ရှိ မရှိ ပေါ်ပြူလာနယူးစ်မှ တယ်လီဖုန်း ဖြင့် ဆက် သွယ်မေးမြန်းသည့်အပေါ် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ မည် ထုတ်ပြန်ချက်တွင် အာမခံချက် အနေဖြင့် တစ်စုံတစ်ရာ ပေးထားခြင်း မရှိကြောင်း၊ ၄င်းထုတ်ပြန် ချက်အရ ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ် နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ် များ တတ်နိုင်သမျှ ကာမိစေရန်အတွက် တိုးမြှင့်ရခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့ ဥက္ကဋ္ဌ ဦး အောင်ခိုင်က အောက်တိုဘာ ၂၉ ရက် နေ့တွင် ဖြေကြားသည်။
 လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် နို ဝင်ဘာလမှ စတင်ကာ ဓာတ်အားခများ ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့ထုတ် နိုင်ငံ ပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့ သည်။ ဓာတ်အားခများကို အိမ်သုံး တစ်ယူနစ်မှ ၁ဝဝ ယူနစ်အထိ ၃၅ ကျပ်နှင့် ၁ဝ၁ ယူနစ်နှင့်အထက်လျှင် ၅ဝ ကျပ်၊ စက်မှုစီးပွားများအတွက် တစ်ယူနစ်မှ ၅ဝဝဝ ယူနစ်အထိ ၁ဝဝ ကျပ်နှင့် ၅ဝဝ၁ ယူနစ်အထက်လျှင် ၁၅ဝ ကျပ်၊ အစိုးရဌာနများတွင် ရုံးသုံး ၅ဝ ကျပ်နှင့် စက်မှုသုံး ၁ဝဝ ကျပ်ဟူ၍ ဖော်ပြထားသည်။
 အဆိုပါနှုန်းထားသစ်များကြောင့် စက်မှုဇုန် လုပ်ငန်းများအတွက် ဓာတ် အားခနှုန်းမှာ လက်ရှိထက် နှစ်ဆနီးပါး မြင့်တက်သွားမည်ဖြစ်ပြီး ကုန်ပစ္စည်း ထုတ်လုပ်မှုပိုင်း တွင်စရိတ်စက အပြောင်း အလဲများ ဖြစ်လာနိုင်ကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များက ဆိုသည်။
သုတလင်း၊ ခိုင်နွယ်ဦး

popularmyanmar