လမ်းညွှန်ဆိုင်းဘုတ် အသစ်တပ်ဆင်မှုနှင့် ပျက်စီးနေသော လမ်းပိုင်းများ ပြုပြင်မှုကို ဆီးဂိမ်းစ်မတိုင်မီ အပြီးဆောင်ရွက်မည်

ပို့စ်တင်ချိန် - 10/30/2013 02:24:00 PM

ရန်ကုန်မြို့အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်အချို့မှ လမ်းညွှန်စာအုပ်ဖြင့် သွားလာနေမှုမြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းညွှန်ဆိုင်းဘုတ် အသစ်တပ်ဆင်မှုနှင့် ပျက်စီးနေသော လမ်းပိုင်းများပြုပြင်ကို ဆီးဂိမ်းစ်ပွဲတော်ကာလ မတိုင်မီ အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးဖြစ်သူ ဦးအောင်ခင်က အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် Daily Eleven သို့ ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဆောင်ရွက်မည့် လမ်းပြင်ဆင်မှုနှင့် လမ်းညွှန်ဆိုင်းဘုတ်များ အသစ်ရေးဆွဲပြီး တပ်ဆင်ဆောင်ရွက်မှုများကို ယခုပွင့်လင်း ကာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး စုစုပေါင်း လမ်း ၆၀ ကျော်တွင် လမ်းညွှန်ဆိုင်းဘုတ် ၆၉၅ ခုကို အသစ်ရေးဆွဲပြီးဖြစ်ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ဆိုသည်။
"အခုအချိန် အထိတော့ လမ်းမ ၆၀ မှာရှိတဲ့ ဆိုင်းဘုတ် ၆၀၀ ကျော်ကို အသစ်ရေးဆွဲ ပြီးသွားပါပြီ။ ကျန်နေတဲ့ လမ်းပေါင်း ၄၀ကျော်က လမ်းညွှန်ဆိုင်းဘုတ် ၁၈၆ ခုကိုလည်း နိုဝင်ဘာလ အတွင်းမှာ အပြီးတပ်ဆင်သွားဖို့ စီစဉ်ဆောင်ရွက် နေပါတယ်" ဟု ရဲမှူးသာဌေးက ဆက်လက်ပြောကြားသည်။
လမ်းပြင်ဆင်မှုနှင့် လမ်းညွှန်ဆိုင်းဘုတ်များ အသစ်ရေးဆွဲပြီး တပ်ဆင်ဆောင်ရွက်မှုများကို ယခုပွင့်လင်း ကာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး စုစုပေါင်း လမ်း ၆၀ ကျော်တွင် လမ်းညွှန်ဆိုင်းဘုတ် ၆၉၅ ခုကို အသစ်ရေးဆွဲပြီးဖြစ် . . . . .
ထို့အပြင် ပျက်စီးနေသော လမ်းပိုင်းများ ပြင်ဆင်မှုနှင့် ပတ်သက်၍လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတား ဌာနမှ ဒုတိယ ဌာနမှူး ဦးမျိုးလွင်က "ပြင်ရမယ့် လမ်းတွေကတော့ အများကြီး မရှိဘူး။ ဒါပေမဲ့ ပျက်စီးနေတဲ့ လမ်းပိုင်းတွေကို ဒီလအကုန်အတွင်း အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားပါမယ်။ အရင်တုန်းက လိုမျိုးတော့ ပျက်စီးနေတဲ့ ချိုင့်ခွက်ကြီးတွေ မရှိတော့ပါဘူး" ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကာလ မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားမှုနှင့် ပတ်သက်၍ "အဓိကတော့ ပွဲတော်ကာလမှာ နိုင်ငံခြားသား အားကစား သမားတွေရော၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေပါ အများကြီး လာရောက်နိုင်ရန်အတွက် မြို့တော်အင်္ဂါရပ်နဲ့ သန့်ရှင်းသာယာလှပဖို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးဖြစ်သူ ဦးအောင်ခင်က ပြောကြားခဲ့သည်။

Eleven Media Group