အချိန်အခါမဲ့မိုးကြောင့် ပဲခူးရှိ ရေလှောင်တမံနှင့် ရေကာတာအချို့ ကျိုးမည်စိုး၍ ဒေသခံပြည်သူထောင်ကျော် တိမ်းရှောင်နေ

ပို့စ်တင်ချိန် - 10/30/2013 12:46:00 PM



အချိန်အခါမဲ့ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး ရှိ ရေလှောင်တမံနှင့် ကွေ့မရေကာတာတို့ ကျိုးပျက်သွားမည့် အနေ အထား ရှိသည်ဟူသော စိုးရိမ် မှုဖြင့် ဒေသခံဦးရေထောင်ကျော် တိမ်း ရှောင် လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး မြဝင်းက ဆိုသည်။

အောက်တိုဘာ ၂၉ ရက်နေ့ညပိုင်းက ပဲခူးတိုင်းဒေသ ကြီး ရေတာရှည်မြို့ နယ်ရှိ ဆွာတမံနှင့် ရွှေတောင်မြို့နယ်ရှိ ကွေ့မရေကာတာ တို့တွင် အဆိုပါဖြစ်ရပ်တို့ရှိ ခဲ့ကြောင်း စိုးရိမ်ရသောအခြေအနေ မရှိပါ ကြောင်း ၄င်းကပြောသည်။ ရွှေတောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးထွန်းထွန်းဦးက ဆွာရေလှောင် တမံနည်းတူ ရွှေတောင်ရှိ ကွေ့ မရေကာတာမှာလည်း တာကျိုးသွားနိုင်သည့် အခြေအနေရှိသည့် အတွက် သဲအိတ်များညတွင်းချင်းချခဲ့ကြပြီး ဒေသခံ ၅ဝဝ တို့ အထိတ် တလန့် ရှိနေပါကြောင်းနှင့် လက်ရှိအချိန်အထိသဲအိတ် ၆ဝဝ ထပ်မံချ၍ အခြေ အနေကို စောင့်ဆိုင်းနေကြောင်းဆိုသည်။ ဆွာရေလှောင် တမံအောက် ရှိ ကျေးရွာဒေသခံ တို့အဆိုအရ ဆည်အောက် ၁ဝ မိုင်ခန့် ဝေးသည့် ဆွာမြို့အထိရေလွှမ်းစပြုနေပြီး ပတ်ဝန်းကျင်ရှိလယ်များနှင့် ကျေးရွာ လမ်းတို့ကို ရေစတင်ကျော်နေကြောင်း သိရသည်။

ဆည်မြောင်းဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိသူက ”ဆည်ကျိုးပေါက်နိုင်တဲ့ ထူးခြားဖြစ်စဉ် သတင်းပေးပို့ချက် မရ သေးပါဘူး။ ကောလာဟလပါ” ဟု ပြော သည်။သို့ရာတွင် ရဲမှူးကြီး ဦးမြဝင်းက ”ဆွာရေလှောင်တမံကို စစ်ဆေးပြီးပါပြီ။ ကျိုးပေါက်နိုင်တဲ့အနေအထား မရှိပါ ဘူး။ ပြည်သူတွေ အထိတ်တလန့်မဖြစ် ဖို့လည်း အသိပေးထားပါတယ်” ဟု ပြောသည်။

ထို့အတူ တောင်ငူမြို့နယ်တွင် လည်းစစ်တောင်းမြစ်ရေကြောင့် သဖန်း ပင်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ အရှေ့ ဆင်ကျေးရွာ၊ ကရင်ချောင်းကျေးရွာ၊ ရွှေလေး အင်းေ ကျးရွာ၊ ကမ်းနီးကျေးရွာ တို့ရှိ အိမ်ခြေပေါင်း ၁ဝ၁၉ အိမ်နှင့် လူဦးရေ ၃၁၄၃ ဦးတို့ ရေဘေးကယ် ဆယ် ရေးစခန်းများသို့ ရောက်နေ ကြောင်း ယင်းဒေသ၏ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ရှိန်ထံမှ ထပ်မံ သိရသည်။

PN-051
Popular Myanmar News Journal