သန်းခေါင်စာရင်းသည် “ခိုးဝင်”တွေကိုခ၀ါချပေးခြင်း (ETHNICITY LAUNDERING) ဖြစ်မလာသင့်

ပို့စ်တင်ချိန် - 2/26/2014 08:33:00 AM


There are three kinds of lies: lies, outright lies and statistics. (Leo Tolstoy) ““လိမ်နည်းသုံးမျိုးရှိတယ်။ ရိုးရိုးလိမ်၊ ဗြောင်လိမ်နှင့် စာရင်းအင်း””(လီယို တော်လ်စတွိုင်း)

အကြမ်းအားဖြင့် ဆယ်နှစ်တစ်ကြိမ် လောက်ဖြစ်သင့်ပေမဲ့ အကြောင်းအမျိုး မျိုးကြောင့် နှစ်သုံးဆယ်ကြာ မလုပ်နိုင်ခဲ့ တဲ့ သန်းခေါင်စာရင်းကောက်တဲ့အလုပ် ကိုလာမယ့်မတ်လအကုန်ကနေဆယ်ရက် တိုင်တိုင်လုပ်မယ်လို့ သိရပါတယ်။၁၉၈၃ ခုနှစ်နောက်ဆုံးအကြိမ်ကောက်ခဲ့တုန်းက လူဦးရေ ၂၈ သန်း၊ ယခု ၆၁ သန်း ဖြစ် လာခဲ့ပြီ။ (ကိုးကား ဦးခင်ရီ ဗွီအိုအေ အင်တာဗျူး-Youtube ) နောင်နှစ်၂၀၁၅ မှာလုပ်မယ့်ရွေးကောက်ပွဲမတိုင်မီ တစ်နှစ် တင်ကြိုလုပ်တာမို့ မဲဆန္ဒရှင်စာရင်းတွေ ပြုစုရင်အခြေခံရအောင်လုပ်တာလည်းဖြစ် နိုင်ပေမဲ့ ရွေးကောက်ပွဲသစ်အတွက် ပြင် ဆင်တာလို့မြင်လိုရာဆွဲတွေးတာဖြစ် မယ်။ တိုင်းပြည်တစ်ပြည်မှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလုံခြုံရေးစီမံကိန်းအမျိုး မျိုးချနိုင်အောင် စာရင်းအင်းတွေ ပြည့် ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်နဲ့ သစ်သစ်လွင် လွင် အမြဲရှိနေဖို့လိုတယ်။အခုလုပ်မယ့် သန်းခေါင်စာရင်းဟာ လူဝင်မှုကြီးကြပ် ရေးကလုပ်မယ့်အခြေခံအကျဆုံးလူဦးရေ စာရင်းသက်သကf(Head Count)  ပဲဖြစ်ဦး မယ်။ ဒီထက်မက တိုင်းပြည်ရဲ့ လူဦးရေ ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ကောက်တDemographics  ကို ဗဟိုစာရင်းအင်းဌာန(Central Statistics Bureau) နဲ့ အခြား အရပ်ဘက်အဖွဲ့အစည်းတွေကပါ အချိန် မှန်ပြုစုနေကြရမှာဖြစ်တယ်။ တိုင်းပြည် တစ်ပြည်တိုးတက်ရေးမှာစာရင်းအင်းတွေ ပြည့်စုံရေးနဲ့ တိကျမှန်ကန်နေရေးက အသက်လောက် အရေးကြီးတာလူတိုင်း အသိပဲ။ စာရင်းအင်းမရှိရင် ဘာကိုဘယ် က စလုပ်ရမလဲ။

မတ်လ၂၉ရက်မှာ စလုပ်မယ့် သန်း ခေါင်းစာရင်းကောက်မယ့်အချိန်မှာဖြစ်ရှိ နေတဲ့ တိုင်းပြည်ရဲ့ အထွေထွေအခြေ အနေအရပ်ရပ်ကို အကြမ်းဖျဉ်းသုံးသပ် ကြည့်လိုက်ရင် အောက်ပါအတိုင်းတွေ့ မြင်ကြရမှာ ဖြစ်ပါတယ်။ (၁) ပြည် ထောင်စုမြန်မာနိုင်ငံတော်ဟာ ခေတ် စနစ်တစ်ခုကနေ ခေတ်စနစ်တစ်ခုကို အခြေခံကျကျ ပြောင်းလဲရေး (Fundamental Change)  လုပ်နေချိန်ဖြစ်ပါတယ်။ ဒီအချက်ကို အကျယ်မပြောတော့ပါ။ ကလေးကအစ လူတိုင်းသိနေမြင်နေကြ ပြီးသားပါ။ ခေတ်ပြောင်းနေချိန(Transitional Period)  ဖြစ်လို့ သူ့သဘာဝ အတိုင်း မရေမရာ မပီမပြင်ဖြစ်နေတဲ့ အသွင်လက်္ခဏာတွေ အများကြီးမြင်နေ ရပါတယ်။ သို့သော် မပီပြင်တာတွေ များ သင့်တာထက်များနေတာကို အများစုက စိတ်မသက်မသာ ဖြစ်နေကြတာကိုတော့ မှတ်ချက်ပြုချင်ပါတယ်။ အထူးသဖြင့် တမင်ချန်ထားရစ်တဲ့ ““ပြောင်းလဲခြင်းထဲ က မပြောင်းလဲသောအရာ””တွေ (Continuities in change)   အနက်ကောင်းတာ က နည်းနည်း၊ ဆိုးတာက များများဖြစ် နေသေးတယ်။ ဥပမာ ဆိုဗီယက် ယူနီယံ တို့။ ယူဂိုဆလားဗီးလားတို့နဲ့ မတူမြန်မာ က ခေတ်ပြောင်းပေမဲ့ ပြည်ထောင်စု မပြို ကွဲဘဲ အရင်အတိုင်းကျန်နေသေးတာ ကောင်းတယ်လို့ ပြောနိုင်တယ်။

သို့သော်မပြောင်းလဲဘဲ ကျန်နေ သေးတဲ့အချက်ပေါင်းများစွာတို့အနက် ဆိုးတဲ့အချက်။ အထူးသဖြင့် အဆိုးဆုံး အချက်တစ်ခုကတော့ ၀န်ထမ်းယန္တရား ဟောင်းကြီးဖြစ်တယ်။ ဒီဗျူရိုကရေစီ ယန်္တရားဟောင်းကြီးဟာ ယခင် အာဏာ ရှင်စနစ် နှစ်ငါးဆယ် (၁၉၆၂-၂၀၁၂) က ချန်ထားခဲ့တဲ့ ပျက်စီးယိုယွင်းနေတဲ့ ကိုယ် ကျိုးရှာယန္တရားကြီးသက်သက်ဖြစ်နေ တာ ကြာပါပြီ။

အဆိုးဆုံးကတော့ အုပ်ချုပ်ရေးပိုင်း ဖြစ်တဲ့ ယခင်ပါတီ/ကောင်စီ၊ ယခုခေတ် ထွေ/အုပ်၊ ရဲ၊ တရားရေး၊ လ.၀.က စတဲ့ ဌာနတွေပါ။ ဒါတွေကို အစိုးရသစ် က ပြုပြင်ရေး(Government Reform, Bureaucracy Reform)  တစ်ခုထိထိ ရောက်ရောက်မလုပ်ဘဲရှိနေတာဟာမလုပ် ချင်လို့လား၊ မလုပ်ရဲလို့လားဆိုတာက တော့ မေးလက်စမေးခွန်း (Open Question)  တစ်ခုဖြစ်နေဆဲပါ။ သေချာတာ တစ်ခုကတော့ ဒီယန္တရားဟောင်းကြီးကို သာ အားကိုးပြီး အကောင်အထည်ဖော် မယ့် အစိုးရသစ်ရဲ့ စီမံကိန်းသစ်တွေ၊ ခြေလှမ်းသစ်များ အောင်မြင်ဖို့ရာက တော့ အလွန့်အလွန် ခဲယဉ်းတဲ့ဒုလ္လဘ တရားဖြစ်လိမ့်မယ်ဆိုတာပါပဲ။ ဒါက တော့ မတ်လကုန်မှာလုပ်မယ့် သမိုင်းဝင် စာရင်းကောက်ပွဲလုပ်ချိန်မှာရှိနေမယ့် ပထမမြောက်အထွေထွေအခြေအနေကြီး ဖြစ်ပါတယ်။

(၂) ဒုတိယအခြေအနေကတော့ ပွင့်လင်းလွတ်လပ်လာမှုကြောင့်တစ်နည်း အားဖြင့် ဖွင့်ပေးလိုက်လို့ ယခင်ကအောင့် အည်းမျိုသိပ်ထားရတဲ့ လူထုလူတန်းစား ပေါင်းစုံတို့ရဲ့ မကျေနပ်မှုမျိုးစုံတို့ဟာ မြစ် ကမ်းပါးလျှံသလို တက်လာနေ(Flooded)  ကြပါတယ်။ နေ့စဉ်မီဒီယာ စာမျက်နှာ တွေပေါ်မှာ၊ ခန်းမတွေထဲမှာ၊ လမ်းမတွေ ပေါ်မှာ ပေါက်ကွဲထွက်လာနေကြတယ်။ ဒါတွေကို (ဒီမိုကရေစီ) ခေတ်သစ်ရဲ့ သဘာဝသစ် (The New Nature, New Normalcy) လို့ လက်ခံပေးနိုင်မှ နေသား ကျနိုင်မှာပါ။ ဒီပေါက်ကွဲထွက်မှုတွေ (Outbursts)   ဟာ တစ်ဦးချင်းစီ အခြေခံ က လာတာတွေ ရှိသလို လူအုပ်စုကြီး တွေ (Communities)   အလိုက်ဖြစ်လာ တာတွေလည်းရှိတယ်။ အဆိုးဆုံးက တော့ ဘာသာရေးကို အခြေခံမယ့် ပေါက်ကွဲမှုမျိုးတွေပေါ့။

ပြည်ထောင်စုမြန်မာနိုင်ငံဟာ လူမျိုး ဘာသာစုံ တိုင်းပြည် (Multi-ethnic, Multifaith State) တစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကို တရားဝင်လက်ခံထားတယ်။ နှိုင်းယှဉ်ခြင်းအရ ဗုဒ္ဓဘာသာဝင်တွေက လူအများစုဖြစ်ပေမဲ့ ဒုတိယလူအများစု ဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေက လည်း လူဦးရေရှစ်သန်းလောက်အထိ ခန့်မှန်းထားကြလို့ သူ့နဂိုအနေ (in absolute term) အရတော့ လူနည်းစုမဟုတ် ဘူး။ သူတို့အုပ်စုရဲ့ လူဦးရေတိုးနှုန်းက တခြားအုပ်စုတွေထက် ပိုမြင့်နေတယ်။ ပြည်တွင်းစစ်နဲ့ အာဏာရှင်စနစ် ဒီနှစ်ခု တို့ အရင်းနဲ့အဖျား တစ်လှည့်စီဖြစ်နေ ကြတဲ့ နှစ်ပေါင်းခြောက်ဆယ်တာကာလ အတွင်းမှာ အမျိုးသားညီညွတ်ရေးဟာ အစိတ်စိတ်အမြွာမြွာ ဖြစ်ခဲ့တယ်။ တိုင်း ပြည်တစ်စစီ ပြိုကွဲမသွားတာ အတော် ကံကောင်းနေသေးတဲ့အချက်ပဲ။ သို့သော် ထိုအချက်မှတစ်ပါး ကျန်တဲ့ဘက်တွေမှာ တော့ ရစရာမရှိအောင် ပျက်စီးနေပြီ။ လူ ပြောများတဲ့ တိုင်းရင်းသား ၁၃၅ မျိုး စာရင်းထဲမှာပါတဲ့ မူဆလင်တွေဟာ အစဉ်အလာအရတော့ ဗမာလူမျိုးတွေနဲ့ ပြီးတဲ့ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကို သစ်္စာခံခဲ့ကြပါတယ်။

သို့သော် ဗမာလူများစုအတွင်း (အာဏာရနဲ့ အတိုက်အခံ) ကာလရှည် ကြာပြီး အလွန်ပြင်းထန်တဲ့ စိတ်ဝမ်းကွဲ မှုမှာ တခြားတိုင်းရင်းသားတွေက နိုင်ငံ ရေးသစ်္စာခံမှု (Political Loyalty)  ကို သူတို့သက်ဆိုင်ရာအုပ်စုတွေဆီ ပြန်လှည့် သွားလို့ရသေးပေမဲ့ ၁၃၅ မျိုးအနက် ဘယ်အုပ်စုမှာမှ မပါတဲ့ မူဆလင်တွေ အထူးသဖြင့် လူငယ်မျိုးဆက်သစ်တွေ အဖို့ကတော့ နိုင်ငံရေးအရ မိဘမဲ့တွေ ဖြစ်လာကြတယ်။ (Politically Orphaned)  ပါတီကြီးနှစ်ခုထဲမှာ သူတို့တွေ အတန်အသင့်ရှိကြပေမဲ့ အများစုကြီးဟာ အချိန်ကိုက်ပေါ်ထွက်လာတဲGlobal Islamization Wave ဘက်ကို အာရုံ ရောက်ကုန်ကြတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စဟာ မူလကတရားမ၀င်လူခိုး ၀င်မှုပြဿနာဖြစ်ပေမဲ့ မြန်မာပြည်မ ဘက်ကို ရောက်လာတဲ့အခါမှာ ဘာသာ ရေးအသွင်ဆောင်နေပြီ။ အခုအဲဒီအဆင့် ကနေ နောက်ကိုပြန်ဆုတ်နိုင်ဖို့ အတော် ခက်ခက်ခဲခဲလုပ်နေရနေပြီ။

ဘာသာရေးပဋိပက္ခတွေဟာ ကမ္ဘာ့ သမိုင်းမှာ အသစ်အဆန်းမဟုတ်ပါဘူး။ ဂျူး-မူဆလင်၊ဟိန်္ဒူ- မူဆလင်၊ခရစ်ယာန်- မူဆလင်ပဋိပက္ခတွေဟာ ကမ္ဘာမှာသမိုင်း တင်ခေတ် (Age of Recorded History) စကတည်းက ဖြစ်ခဲ့ပြီး ယခုတိုင်လည်းရှိ နေဆဲ၊ ပြင်းထန်နေကြဆဲပါ။ ဒါပေမဲ့ မူဆလင်-ဗုဒ္ဓဘာသာပဋိပက္ခကတော့ အခုမှစတင်မယ့်သဘော (ပြောရရင်) ကျွန်တော့်တို့တိုင်းပြည်ကနေ စတင်မယ့် သဘောမျိုးဖြစ်နေတာကို အရှိကိုအရှိ အတိုင်း လက်ခံနိုင်စွမ်းရှိသူများကို ပြော ချင်ပါတယ်။

ဒီနေရာမှာ ဆောင်းပါးရေးသူအနေ နဲ့ အထူးအလေးအနက် ပြုချင်တဲ့အချက် ကို နားလည်မှုမလွဲကြစေချင်ဘူး။ ပြော လိုတာက အခုလိုသန်းခေါင်စာရင်းသစ် ကောက်ယူရေးဟာ ဘာသာရေးတင်းမာ မ(Tension)  တစ်ခုရှိနေတဲ့ အချိန်ကို နောက်ခံပြုနေတယ်။ ဒီတင်းမာမှုဟာ စာရင်းကောက်မယ့်လူတွေကိုရော၊စာရင်း ကောက်တာကိုခံကြမယ့်လူအုပ်စုကြီးတွေ (Commuinites)  အပေါ်ကိုရော တစ် နည်းတစ်ဖုံစီ သြဇာသက်ရောက် (impact) လိမ့်မယ်။ ဒီသြဇာသက်ရောက်မှု ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ထာဝရအကျိုးစီးပွားအပေါ်မှာ အနုတ် လက္ခဏာဆောင်တဲ့ သက်ရောက်မှုမဖြစ် ရလေအောင် သတိပေးလိုခြင်းဖြစ်ပါ တယ်။

ဒီရည်ရွယ်ချက်မှအပ ကျန်တာက တော့ ဖြစ်လာနိုင်ခြေရှိတဲ့အရာတစ်ခုA Possibility) ကိုယ့်ကြောင့်ပိုပြီး သေချာ လာတာမဖြစ်ရအောင် သတိထားပါ တယ်။ သို့သော်ဖြစ်မလာအောင်တားဆီး မယ်လို့လည်း ကတိမပြုလိုပါဘူး။  အကြောင်းကတော့ ကျွန်တော်သည် ဘာကောင်မှမဟုတ်။ ဘယ်လောက်ဆန္ဒ ပြင်းပြသည်ဖြစ်စေ အရာရောက်မှာ မဟုတ်လို့ပါ။ ကြုံကြိုက်လို့ ဒီနေရာမှာ ပြည်တွင်း-ပြည်ပ-စစ်တွေဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့  ကမ္ဘာ့မီဒီယာအကျော်အမော်တစ်ဦးရဲ့ ရပ်တည်ချက်ကို တင်ပြလိုပါတယ်။ ၉၁၁ နောက်ပိုင်း အီရတ်စစ်ပွဲ စတိုက်တဲ့အချိန် CBS မှာ60 Minutes  တင်ဆက်တဲ့ ယခု အနားယူသွားပြီဖြစ်တDan Rather   ကို CNN  က ရပ်တည်ချက်မေးပါတယ်။ အကြောင်းပြချက်မခိုင်လုံဘဲ ဆဒမ်ဟူ စိန်ကို တိုက်တဲ့စစ်ကို အမေရိကန် အတော်များများက မကြိုက်ကြဘူး။ ဒီ စစ်အပေါ်သူ့ရပ်တည်ချက်ကို မေးတာ ပါ။Dan Rather  ဖြေပုံက"If my country is in war, I want my country wins".  လို့ ဖြစ်ပါတယ်။

မည်သူမဆို သဘာတရားအဆင့် မှာ တွေဝေခွင့်ရှိတယ်။ လက်တွေ့ပိုင်း ရောက်လာချိန် တွေဝေခွင့်မရှိတော့ဘူး။ အခုဆောင်းပါးရဲ့ မူလလမ်းကြောင်းပေါ် ကို ပြန်တက်ပါမယ်။ သန်းခေါင်စာရင်း ကောက်မယ့်အချိန်ရဲ့နောက်ခံအခြေအနေ တွေကို အခုတင်ပြတဲ့ ၂ ချက်အပြင် နောက်ထပ်အချက်အတော်များများတင် ပြနိုင်ပါသေးတယ်။ ဥပမာ ယခုမှစတင် လိုက်တဲ့ အုပ်စိုးရေးအသစ် New Regime  ရဲ့ နိုင်ငံတကာ ပရိသတ်ယုံကြည်မှု ကို ဘာမဆိုအလျှော့ပေးပြီး အရယူမယ့် စိတ်နေစိတ်ထား (new image construction period mindset)  အရပ်သား ပြော ပြောရလျှင် အယုံသွင်းနေ အချိုသပ်နေ တဲ့အချိန်။ ဘက်မလိုက် လှုပ်ရှားမှုကာလ (Non Aligned Movement)  တုန်းကရရှိ ခဲ့တဲ့ ဒေသတွင်း ခေါင်းဆောင်မှုမျိုးကို ပြန်လည် တမ်းတပြီး ASEAN အလှည့် ကျဥက္ကဋ္ဌဖြစ်ချိန်ကို အခွင့်ကောင်းယူ အသုံးချချင်တဲ့သဘော။ ကိုယ့်ထက် စီးပွားရေးသာလွန်နေတဲ့ အိမ်နီးချင်းနိုင်ငံ ကြီး၊ ငယ်တွေမှာ လူဦးရေပိုလျှံနေ၊ပေါက် ကွဲနေတာကို သတိထားနေရသလို လို တာထက်လျှော့ချင်သာလျှော့ ပိုပြီးမတုံ့ ပြန်မိဖို့လည်း သတိပြုနေရခြင်း။

ဒါတွေကို သာမန်လူထုက ဂရု မစိုက်ပေမဲ့ အစိုးရသစ်က ဂရုစိုက်ရပါ တယ်။ ဒါကြောင့်မို့ ရခိုင်ပြည်နယ်မှာ သေနတ်ကိုင်ထားတဲ့ ရဲကို ဒုက္ခသည် အမည်ခံတွေက ၀ိုင်းရိုက်သတ်တာကို တောင်ပြန်ခုခံခွင့်မပေးဘဲ အသေခံခိုင်း တဲ့အထိ အလျှော့ပေးနေတာလို့ ယူဆပါ တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ခုခံ ကာကွယ်ခွင့်ပေးထားလို့ ဒုက်္ခသည် အမည်ခံနှစ်ယောက်လောက်ကို ပစ်သတ် မိလို့ ရင်ဆိုင်ရမယ့်နိုင်ငံတကာ မျက်နှာစာ က ထိုးစစ်ထက်သူ ၀န်ထမ်းတစ်ယောက် ကို ချကျွေးလိုက်တာက အစိုးရအဖို့ အများကြီးအကုန်အကျ သက်သာတယ်။ ““ဘုရားကိုးကွယ်တဲ့လူနဲ့ နတ်ကိုးကွယ်တဲ့ လူ””ပုံပြင်လို့ပေါ့။ ခရီးသွားသူနှစ်ယောက် ဟာ ညဘက်တောထဲက နတ်စင်တစ်ခု ကို ရောက်သွားတယ်။ ဘုရားကိုးကွယ် တဲ့သူက ဘုရားကို ရှိခိုးပြီး ကျားဆွဲမှာ ကြောက်လို့ နတ်စင်ပေါ်တက်အိပ်တယ်။ နတ်ကိုးကွယ်တဲ့သူကတော့ နတ်ကိုရှိခိုး ပသပြီး နတ်စင်အောက် ၀င်အိပ်တယ်။ ညဘက်ကတော့ ကျားရောက်လာပြီး သူစားဖို့ အစာအဖြစ် တစ်ယောက်ကို နတ်ဆီက တောင်းတယ်။ အဲဒီမှာတင် နတ်ကပြောတယ်။ ““အပေါ်က လူကို သွားမထိနဲ့။ သူကဘုရားလူ၊ အောက်က ကောင်ကတော့ ငါ့လူ။ မင်းစားချင်ရင် သူ့ကိုစား””လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံသားတွေဟာ ““အလကားလူ””ဖြစ် နေပြီး တိုင်းပြည်ထဲကို တရားမ၀င်ရောက်

နေသူတွေကိုတော့ ““ဘုရားလူ”” အဆင့် အတန်းနဲ့ ဆက်ဆံနေတာကို မြင်နေရပါ တယ်။

အခုသန်းခေါင်စာရင်းကောက်မယ့် ကိစ္စမှာလည်း အဲဒီလို ““ဘုရားလူ”” နဲ့ ““အလကားလူ”” ခွဲခြားဆက်ဆံမယ့်အရေး ကို မြင်ယောင်နေတာကို ပထမအချက် အဖြစ် ဒီဆောင်းပါးကို ရေးရခြင်းပါ။ ဒုတိယအချက်ကတော့ ပထမအချက် ထက်ပိုအရေးကြီးရုံသာမက အမျိုးသား အကျိုးစီးပွားကြီးကို ထာဝရထိခိုက်သွား နိုင်တဲ့အချက်ဖြစ်ပါတယ်။ အခြေအနေ နံပါတ်တစ်ဖြစ်တဲ့ ၀န်ထမ်းယန္တရား (လ.၀.က၊ ရဲ၊ စစ်တပ်) ရဲ့ အတိတ် ကာလ တစ်လျှောက်ကိုယ်ကျိုးရှာ သစ္စာ မဲ့မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံနှစ်ခုက လူတွေဟာ မြန်မာနိုင်ငံထဲမှာ အလုံး အရင်းနဲ့ နှစ်ဆယ်စုတွေနဲ့ချီပြီး ရောက်ရှိ အခြေချ နေထိုင်နေကြပါပြီ။ မန်္တလေးကို တရုတ် မြို့တော်အဖြစ် နိုင်ငံသားတွေ ထံကအသံတွေကြားနေရတာကြာပါပြီ။ ကိုးကွယ် ရာဘာသာယဉ်ကျေးမှုချင်းတူ တဲ့ သူတွေအကြား ကွဲပြားမှုမမြင်သာ မသိသာတာနဲ့ ဘာသာယဉ်ကျေးမှုမတူ တဲ့သူတွေအကြား ကွဲပြားမှုသိသာတာပဲ ကွာပါတယ်။သို့သော်ဘာသာယဉ်ကျေးမှု ချင်း ဆင်တူသည်ဖြစ်စေ မတူသည်ဖြစ် စေ၊ မျက်စိမှေးပြီး နှာခေါင်းပြားသည် ဖြစ်စေ၊ မျက်လုံးပြူးပြီးနှာခေါင်းချွန်သည် ဖြစ်စေတရားမ၀င်တာချင်းကတော့ အတူ တူပါ ပဲ။ အရေအတွက် သိန်းချီရှိနိုင်တဲ့ ဒီလူ တွေဟာ ပြည်တွင်းက ဘာသာလူ မျိုးတူ နိုင်ငံသားတွေရဲ့ စာနာမှုအကူ အညီ (Kinsmanship Support, Group Affinity) နဲ့ ရောနှော လူယောင်ဖျောက် နေနိုင်ကြပါတယ်။ ၂၀၁၂ ပြည်သူ့အင် အားဦးစီးဌာနရဲ့ စာရင်းအရ လူဦးရေ တစ်သောင်းတောင်မပြည့်တဲ့ ကမန်တွေ (ရခိုင်ပြည်နယ်နေ မူဆလင်တိုင်းရင်းသား) ဟာ အခုနှစ်သိန်းကျော်ဖြစ်နေပြီး အား လုံးလိုလို မြန်မာပြည်မဘက်(ရန်ကုန်)မှာ တွေ့နေရပြီလို့ စစ်တွေရခိုင်တွေက သမ္မတကြီးထံ စာတင်တိုင်ကြားထား တယ်လို့ သိရတယ်။

အခုလုပ်မယ့် ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူမှုက ဒီလိုတရား မ၀င်လူတွေကို ဖော်ထုတ်ပြီး အရေးယူ ပေးမလား၊ ဒါမှမဟုတ် သူတို့ဆီက လာဘ်ယူပြီး တရားဝင်ဖြစ်လာအောင် ဆက်လုပ်ပေးမှာလားဆိုတာကို စောင့် ကြည့်ရမယ်။ လ၀က၀န်ကြီးဦးခင်ရီက တရားဝင်ပြုထားတဲ့အသံ(hint) ကတော့ ဒီလူတွေကို လူ့အခွင့်အရေးလည်း လေး စားလိုက်နာ၊ နိုင်ငံတကာစံတွေနဲ့လည်း ညီညွတ်စွာ သက်သက်ညှာညှာ မေးမြန်း ကောက်ယူသွားမယ်လို့ ဆိုပါတယ်။ ၀န်ကြီးက ဒီလိုပြောထားတာကို သူ့ ၀န် ထမ်းတွေ အခွင့်ကောင်းယူပြီး ကိုယ်ကျိုး အတွက် စားပေါက်ထွင် တလွဲအသုံးချ ကြမှာကို မြင်ယောင်မိတယ်။ အတိတ် ကာလတွေတစ်လျှောက်လုံး ၀န်ထမ်း တွေ ဘယ်လိုပြုမူကျင့်ကြံခဲ့ကြတယ်ဆို တာကို ပြန်ကြည့်ရင် ခုတစ်ကြိမ်လည်း ဘယ်လိုလုပ်နိုင်စရာ အခြေရှိတယ်ဆိုတာ ကို ခန့်မှန်းဖို့ရာ မခက်လှပါဘူး။ အလွန် နာမည်ပျက် လက်ဆုပ်လက်ကိုင်မိထား တဲ့ ၀န်ကြီးအဆင့် လာဘ်စားမှုကိုတောင် တာဝန်မှ ရပ်စဲတာလောက်ပဲလုပ်တဲ့ အစိုးရရဲ့ အရေးယူမှု အတိုင်းအတာ လောက်ကိုတော့ ““ပျင်းတောင် ပျင်းသေး တယ်””လို့ သီချင်းလုပ်ဆိုနေကျပါ။

ဒါဆိုရင်  ဒီသန်းခေါင်စာရင်း ကောက်မှုရဲ့ တစ်စိတ်တစ်ပိုင်း သရုပ်မှန် က ဘာဖြစ်လာနိုင်ပါသလဲ။ အသားမည်း  နေသူတွေကို အသား ဖြူလာအောင်၊ အသားဖြူနေသူတွေ အသားညိုတွေဖြစ် လာအောင် မြန်မာအမည်တွေတပ်၊ ပန်း ရောက်ကတ်တွေထုတ်ပေးတဲ့ လူမျိုးရေး ခ၀ါချပေးပွဲကြီး(Ethnicity Laundering) တစ်ခု ဖြစ်လာနိုင်တယ်။

ဒီအခွင့်အရေးကြောင့် စားနေကျ ကြောင်ဖားတွဟာ ငါးသိန်းကနေ သိန်း ငါးဆယ်၊ သိန်းငါးရာ၊ ငါးထောင်တန် အမည်းကောင်တွေကိုသွားရည်တမြားမြား နဲ့ မတ်လကုန်မယ့်ရက် သည်းမခံနိုင်စွာ စောင့်လင့်နေကြလောက်ပြီ ဖြစ်နိုင်တယ်။ တစ်ဖက်မှာလည်း ပြည်ထောင်စုမြန်မာ နိုင်ငံကို ဂျီဟတf(Jihad) မလုပ်ဘဲ အသံ တိတ်သိမ်းပိုက်လို့ ရတဲ့နည်းကို ရှာဖွေ တွေ့ရှိနေကြလောက်ပြီဖြစ်တယ်။

အကယ်၍သာ ဤအတိုင်းဖြစ်လာ ခဲ့သော် ဒီလိုလူကို ခ၀ါချပေးတဲ့နည်းဟာ အတိတ်က ခွန်ဆာ၊ လော်စစ်ဟန်တို့ရဲ့ အဖြူတွေ၊ အစိမ်းတွေကရတဲ့ ဒေါ်လာ ငွေမည်းတွေကို အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း ပြည်တွင်းမှာ တရားဝင်ရင်းနှီး မြှုပ်နှံလုပ်ပိုင်ခွင့်ပေးတဲ့ ခ၀ါချနည်းနောက် ပိုင်း ဒုတိယအကြိမ် ဖြစ်လာနိုင်တယ်။ ဟိုတစ်ချိန်တုန်းက Money laundering after ceasefire  ခုတစ်ကြိမ်မှာ laundering after census (သန်းခေါင်စာ ရင်း)ဒါပဲ။

ဒီအလားအလာကို မြန်မာနိုင်ငံသား  တိုင်းရင်းသားတွေ ဘယ်လိုလုပ် တားဆီး နိုင်မလဲ။ ဒီကိစ်္စကိုကိုင်တွယ်မယ့် ၀န်ထမ်း တွေကို တိုင်းပြည်ချစ်လာအောင် ပညာ ပေးမနေပါနဲ့။ (တစ်) အချိန်မရတော့ဘူး။ (နှစ်)လုပ်နေလည်းအပိုပဲ။ ပျင်းတောင်ပျင်း သေးတယ်။ သို့သော် မျှော်လင့်ချက်က တော့ မကုန်သေးပါဘူး။ လုပ်နိုင်ရင် အချိန်မီပါသေးတယ်။ ပထမအချက်အဖြစ် သန်းခေါင်စာရင်းကောက်မယ့်အလုပ်ကို သာမန်ဌာနဆိုင်ရာလုပ်ငန်းသက်သက် (A Departmental Operation pure and simple)  သဘောမဟုတ်ဘဲ အမျိုးသား ရေးစိတ်ဓာတ်နဲ့ လူပြန်စစ်ပွဲသဘော နိုင်ငံ ရေးအနှစ်သာရ ထည့်ပေးသင့်တယ်။ (Politicized)  ဒီမိုကရေစီသဘောအရ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက မေးမြန်း စစ်ဆေးခွင့် ရှိရပါမယ်f(Oversight)  လုပ် ငန်းဆောင်တာတွေနှေးကွေးမှာကို ညည်း ညူခွင့်မရှိ၊ ကြာချင်သလောက် ကြာပါ စေ။ စင်စစ် လွှတ်တော်ကိုယ်စားလှယ် တွေသာမက မီဒီယာနဲ့ Civil Society  က လူတွေလည်း အနီးကပ်စောင့်ကြည့် အကဲခတ်ခွင့်၊ ဗီဒီယိုမှတ်တမ်းတင်ခွင့် ပေးရပါမယ်။ အခြားမှ လာရောက် လေ့ လာမယ့် ကုလသမဂ်္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းများကို ဆက်ဆံတဲ့အဆင့်အတန်း  ထက် မနိမ့်ဘဲ ဆက်ဆံပါ။

ဒုတိယအချက်။ အရပ်ထဲကဘွဲ့ရ ပညာတတ်လူငယ်များ၊ ဤဆယ်ရက်ကို လုပ်အားပေးခွင့် ရကြပါစေ။ သူတို့ဝန် ထမ်းတွေနဲ့ အတူတွဲပေးထားပြီး အဆင့် တူတာဝန်တူ လုပ်ကိုင်ခွင့်ရှိပါစေ။ ပညာ တတ်လူငယ်တွေကို သင်တန်းပေးတာ အချိန်နှစ်ရက်ထက်ပိုမကုန်နိုင်ပါ။ ဦးခင်ရီ ပြောတဲ့နိုင်ငံတကာမှ ကျွမ်းကျင်သူပညာ ရှင်များအဖွဲ့အစည်းဖြစ်တဲ့ International Technical Advisory Board က လေ့ ကျင့်ပေးမည်၊ ကူညီမည်ဆိုလျှင် စီစဉ် ပေးပါ။ အထူးသဖြင့်ကျော်၍ မစေခိုင်းဘဲ ဒေသခံများကို ကိုယ့်ရပ်ကွက်တွင်သာ လုပ်အားပေးနိုင်ရန် စီစဉ်ပါ။ ဒီသမိုင်းဝင် လုပ်ငန်းကြီးမှာ လုပ်အားပေးတဲ့ Experience  က သူတို့ရဲ့Resume   ထဲမှာ ၀င့်ကြွားနေမှာပါ။ ဒီသမိုင်းဝင်အလုပ်ကြီး ကို ဌာနဆိုင်ရာလုပ်ငန်းမဟုတ်ဘဲ ပြည် သူ့အရေးကိစ်္စကြီး (Public Conern Campaign)   အဖြစ် ဒီတစ်ကြိမ်တော့ ဆောင်ရွက်ရန်ဖြစ်ပါတယ်။

တတိယနဲ့ နောက်ဆုံးအချက်က တော့ လ၀က၀န်ကြီးပြောထားတဲ့ စာရင်း ကောက်ယူရာမှာ အသုံးပြုမယ့် ဘာသာ စကားကိစ္စပါ။ မြန်မာစကားမပြောတတ်  တဲ့သူတွေကို ဘာသာပြန်သူမှတစ်ဆင့် စာရင်းကောက်ယူမယ့် အချက်ပါ။ မောင် တောမှာရှိတဲ့ ဒုက္ခသည်စခန်းကလူတွေ ကို စစ်ဆေးရာမှာ စကားပြန်သုံးတာမှ အပ ပြည်တွင်းဘယ်နေရာမှာမှ မသုံးသင့် ဘူး ထင်ပါတယ်။ အကြောင်းကတော့ မြန်မာဘာသာစကားကို သုံးစွဲခြင်းဟာ နိုင်ငံသားအစစ် ဟုတ်မဟုတ် အကောင်း ဆုံးစစ်ဆေးနည်းဖြစ်လို့ပါပဲ။

ဒီတိုင်းပြည်မှာမွေးပြီး စကားပြော တတ်တဲ့အရွယ် ရှိလူတိုင်းဟာ စာမတတ် ရင်သာရှိမယ်၊ မြန်မာစကား ထမင်းစား ရေသောက်အဆင့်ကိုတော့ နားလည်ကြ သူတွေဖြစ်တယ်။ မြန်မာစကားလုံးဝ မတတ်တဲ့ တိုင်းရင်းသားအနွယ်ဝင်ဖြစ် နေရင်လည်း သူ့မှာ တခြားအထောက် အထားပြစရာ အချက်အလက်ကောင်း တွေ တစ်ခုမက အသင့်ရှိပြီးသားဖြစ်နေ မှာဖြစ်မယ်။ ဥပမာ သူ့မိဘရိုးရာ တိုင်းရင်း သား ဘာသာစကားကိုတော့ ပြောတတ် မယ်။ သူ့ကို သက်သေခံမယ့် ဒေသခံတွေ တစ်ရွာလုံး ထွက်လာမယ်။ မြန်မာဘာ သာစကားနဲ့ ကိုယ့်နာမည်၊ မိဘတွေ နာမည်၊ ဇာတိမျိုးရိုးအလုပ်အကိုင်၊ နေရပ် လိပ်စာလောက်ကိုတောင် အပေါက် အလမ်းတည့်အောင် မပြောတတ်ဘဲ ပန်း ရောင်ကတ်(နိုင်ငံသားကတ်) လက်ဝယ် ရှိနေတဲ့သူကို နောက်တစ်ဆင့် အသေး စိတ် စစ်ဆေးဖို့ နေရာရွှေ့ပေးသင့်ပါ တယ်။ ကတ်ပြားဘယ်လိုလုပ် ရထားတယ် ဆိုတာကို နောက်တစ်ဆင့် စုံစမ်းဖော် ထုတ်တဲ့အဖွဲ့ ရှိထားသင့်တယ်။ တိုင်းနဲ့ ပြည်နယ်တွေရဲ့ မြို့တော်တွေမှာImmigration Detention Center (IDC) တွေ ရှိထားသင့်ပြီ။

ဆယ်ရက်တာကွင်းဆင်းတဲ့ လုပ်ငန်း အပြီးမှာ ရရှိတဲ့အချက်အလက်တွေကို မူတည်ပြီး မှတ်ပုံတင်အသစ်တွေထွက် လာမယ်လို့ ယူဆရပါတယ်။ အဲဒီမှတ်ပုံ တင်မှာလူမျိုး၊ ဘာသာခွဲခြားမှတ်တမ်း တင်ထားတာပါဝင်မှာမဟုတ်တော့ဘူးလို့ ၀န်ကြီးက ပြောပါတယ်။ ဒါဟာ နိုင်ငံ တကာ စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေး ကိုလေးစားပြီး  လုပ်ကိုင်တာလို့လည်း ပြောပါတယ်။ အကြောင်းပြချက်ကောင်း လွန်းလို့ ဘယ်လိုမှငြင်းဖို့ မလွယ်ဘူး။ ဒါ ပေမဲ့ မြန်မာ့လက်တွေ့မှာ ဒီအချက်ဟာ တရားမ၀င်ခိုးဝင်ထားသူတွေအတွက် စိတ်သက်သာရစရာအချက်ကြီး ဖြစ်နေ မှာပါ။ မရည်ရွယ်သော်လည်း သူတို့ကို အကျိုးပြုမှာပါ။ မြန်မာပြည်မှာ ဥပဒေနဲ့ ငြိစွန်းနေတဲ့သူတွေရဲ့ လူ့အခွင့်အရေး ကိုတောင် ဒီလောက်လေးစားပြနေရင် ဒီ ဥပဒေဘောင်တွင်းက နိုင်ငံသားကောင်း တွေကိုဆိုရင် အစိုးရက ဘယ်လောက် များ လေးစားနေလိုက်မလဲဆိုတာ ဒိန်း ဒေါင်-ခင်လှိုင်တို့ အငြိမ့်လူပြက်တွေရဲ့ ပြက်လုံးတွေမှာ ဘယ်လိုပါလာမလဲဆို တာကနေ အကဲခတ်ပါမယ်။

နိဂုံးချုပ်ရရင် လာမယ့်သန်းခေါင် စာရင်းကောက်ပွဲဟာ အမျိုးသားရေး ပြန် လည်စိစစ်ပွဲကြီးတစ်ခု ဖြစ်လာမလား၊ ဒါမှမဟုတ် ၀န်ထမ်းယန္တရားကြီးတစ်ခု အတွက် အမျိုးသားရေးသစ္စာဖောက်မှု တွေလုပ်ဖို့ နောက်ထပ်အခွင့်အရေးသစ် တစ်ခုလားဆိုတာကို တိုင်းပြည်က စောင့် ကြည့်နေမှာပါ။



ရွှေမြင့်မောင်
Hot News Journal