ဖျက်သိမ်းခံ သမီးကလေးကျေးရွာသား အားလုံးအတွက် ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်၌ပင် မြေကွက်အသစ်ရိုက်၍ မတ်လအတွင်း ရွှေ့ပြောင်း နေရာ ချထားပေးတော့မည်

ပို့စ်တင်ချိန် - 2/26/2014 05:09:00 PM



၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့

အိမ်ခြေဖျက်သိမ်းခံ သမီးကလေး ကျေးရွာသားများအားလုံးကို ရန်ကုန် တိုင်းအတွင်း၌ပင် မြေနေရာအသစ် အကွက် ရိုက်၍ လာမည့်လ ၁၇ ရက် နေ့မတိုင်မီ ရွှေ့ ပြောင်းနေရာချထားပေး မည်ဟု ရန်ကုန်တိုင်းဒေ သကြီး ပြည်ခိုင် ဖြိုးပါတီမှ သိရသည်။

အဆိုပါ မြေနေရာအသစ်များကို ရန်ကုန်တိုင်းဒေသကြီး ဖောင်ကြီးအနီး ဝါယားကုန်း မြို့နယ်ရှိ မြေဧက စုစု ပေါင်း ၉ ဧကနီးပါး အကွက်ရိုက်၍ အခမဲ့ ချထားပေး မည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောသည်။

ယင်းသို့ မြေနေရာဝယ်ယူနိုင်ရန် အတွက် ပါတီအနေဖြင့်သာမက ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီ အမံနှင့်ပါ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်း အတွင်း ခိုလှုံနေရ သည့် အိမ်ခြေဖျက်ခံခဲ့ရသော အိမ် ထောင်စု ၁၅၇ စုအား ရွှေ့ပြောင်းနိုင်ရန်ဆောင်ရွက်မည်ဟုလည်း သိရသည်။

အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းအ တွင်းရှိ သမီးကလေးကျေးရွာသားများ မတ်လ ၁၇ ရက်နေ့ မတိုင်မီ ပဲခူးတိုင်း အတွင်းမှ အပြီးထွက်သွားရန် ပဲခူးတိုင်း အစိုးရမှ အမိန့် ထုတ်ပြန်ထားခဲ့ပြီး ယင်း အတွက် ရွှေ့ပြောင်းနေ ရာချထားပေးမှု ကို ၄င်းရက်မတိုင်မီအပြီးပြုလုပ်ကြမည် ဟု သိရသည်။

”မီအောင်တော့ ဆောင်ရွက်မယ်။ အဲဒီရက် ကျော်သွားရင်လည်း တိုင်း ဒေသကြီးအစိုးရချင်း ညှိနှိုင်းပြီး ဆောင် ရွက်မှာပါ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ဆိုသည်။

သမီးကလေးကျေးရွာသား ၅ဝဝ ကျော်မှာ လက်ရှိတွင် ဘုန်းတော်ကြီး ကျောင်းအတွင်း ခိုလှုံနေကြရပြီး စာ သင်ဆဲ ကျောင်း သားရှိသည့် မိသားစု များအနေဖြင့် စာမေး ပွဲပြီးဆုံးမည့် မတ် လအထိသာ နေထိုင်ခွင့်ပြုရန် ပဲခူးတိုင်း ဒေသကြီးအစိုးရ ထံသို့ တောင်းဆိုထားရ ခြင်းဖြစ်ကြောင်း အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်သည်။

အစိုးရအနေဖြင့် မြေနေရာ သတ် မှတ် ပေးနိုင်ခြင်း မရှိပါက ဒီမိုကရက် တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA အနေဖြင့်သမီးကလေး ကျေး ရွာသားအားလုံးကို ကရင်ပြည်နယ် သို့ ရွှေ့ပြောင်းပေးရန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဆယ့်နှစ်ဘီးကား နှစ်စီး ဖြင့်လာရောက်ခေါ်ယူခဲ့သည်။ သို့သော် သမီးကလေးကျေးရွာသား တစ်ဦးမျှ လိုက်ပါသွားခြင်း မရှိခဲ့ပေ။ ”အစိုးရက မြေပြန်ပေးမယ်လို့ သိ လို့ လိုက်မသွားတာမဟုတ်ပါ ဘူး။ ပြန် ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီမှာ ဆက်နေခဲ့တာပါ”ဟု အိမ်ခြေဖျက်သိမ်း ခံရွာသား ဦးသန်းထွေးက ပြောသည်။

လက်ရှိတွင် ၄င်းကျေးရွာသား အချို့၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပဲခူးမြို့ပေါ်ရှိ ပရဟိတ လုပ်ကိုင်သည့် ဘုန်းတော်ကြီးကျောင်းနှင့် ရန်ကုန် ဆေးတက္ကသိုလ်နောက် ဆုံးနှစ် ဆေး ကျောင်းသား ၅ ဦးတို့ထံမှ ကျန်းမာရေး စောင့်ရှောက်မှု ရယူနေရသည်ဟုသိရ သည်။

ကလေးငယ်များတွင် ဖျားနာခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်းနှင့် လူကြီးများ အနေဖြင့် ဘုန်းကြီးကျောင်းဝင်းရှိ မြေ ကြီးပေါ်တွင် ကာလအတန် ကြာနေထိုင် နေ ရသောေ ကြာင့် လေးဘက်နာရောဂါ နှင့် အခြားရောဂါ များ ဖြစ်ပွားနေ ကြောင်းဆရာတော်ဦးအဂ္ဂဓမ္မ၏ မိန့် ကြားချက်အရ သိရသည်။

Popular Myanmar News Journal