ပူတာအို လျှပ်စစ်မီးရရေး ကျပ် သိန်း ၅ သောင်းကျော် ဦးတေဇ ကူမည်

ပို့စ်တင်ချိန် - 2/26/2014 04:43:00 PM









လက်ရှိမှာတော့ လျှပ်စစ်မီးထုတ်ဖို့အတွက် ဒေသတာဝန်ရှိသူတွေနဲ့ ပြည်ပ ပညာရှင်တွေ စတင်လေ့လာနေပြီ ဖြစ်ပါတယ်။ (သတင်းဓာတ်ပုံ – မျိုးဇော်လင်း)

ကချင်ပြည်နယ် ပူတာအိုမြို့ လျှပ်စစ်မီးရရှိဖို့အတွက် ငွေကျပ်သိန်း ၅ သောင်းကျော်ကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက သူလေယာဉ် ပျက်ကျစဉ်က ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ အကုန်အကျခံ လုပ်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဟာ တန်ဖိုးကြီးကျောက်တွေနဲ့ မြေအောက်သယံဇာတ အမြောက်အမြား ထွက်ရှိနေတာ ဖြစ်ပြီး ဒေသခံတချို့ကတော့ မီးလင်းအောင် လုပ်ပေးပြီး မြေကြီးထဲမှာ ရှိတဲ့ သဘာဝသယံဇာတတွေကို ထုတ်ယူသွားဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

DVB Burmese