ထိုင်းနိုင်ငံလို ဒေါ်လာ ၂၄ ဘီလီယံဝင်ငွေရဖို့ နှစ်နာရီလောက်နားထောင်ပေးပါ

ပို့စ်တင်ချိန် - 2/26/2014 08:32:00 AM


မြန်မာနိုင်ငံအနေဖြင့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး ထိုင်း နိုင်ငံကဲ့သို့ဒေါ်လာ ၂၄ ဘီလီယံ ၀င်ငွေရရှိရန် သမ်္မတကြီးနှင့် တာဝန်ရှိသူများနှစ်နာရီခန့်နား ထောင်ပေးရန် တင်ပြလိုကြောင်း မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်ဥက်္ကဋ္ဌ ဦးရန်ဝင်းက ဖေဖော်ဝါရီ (၂၂) ရက်တွင် ကျင်းပသော နိုင်ငံတော်  သမ်္မတကြီးနှင့် ပုဂ်္ဂလိကစီးပွားရေး  လုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့ အစည်းအသီးသီး၏ကိုယ်စားလှယ်  များနှင့် တွေ့ဆုံပွဲတွင်ပြောကြား ခဲ့သည်။

မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုး  တိုးတက်စေရန် ဟိုတယ်နှင့် ခရီး သွားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ  ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှစ်ဖွဲ့  တည်းပူပေါင်းဆောင်ရွက်ရုံဖြင့် အောင်မြင်ရန်အလွန်ခက်ခဲကြောင်း၊  ခရီးသွားလုပ်ငန်းတွင် ပြည်ထဲရေး၊  လ၀က၊ နိုင်ငံခြားရေး၊ ကျန်းမာ ရေးစသည့်ဝန်ကြီးဌာနမျိုးစုံပါဝင် ပတ်သက်နေရသဖြင့် သမ်္မတကြီး ကဒုတိယသမ်္မတတစ်ဦးဦး၊ တာဝန် ရှိသူတစ်ဦးဦးကိုသတ်မှတ်ပေးပြီး ခရီးသွားလုပ်ငန်းအဖွဲ့ကိုသီးသန့် ဖွဲ့စည်းဦးဆောင်မှုပေးလျှင် ခရီး သွားလုပ်ငန်းကြီးအောင်မြင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ခရီး သွားဧည့်သည်ဝင်ရောက်မှုသည် ၂၀၁၂ ခုနှစ်တွင် (၁) သန်းရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် (၂) သန်းရှိလာ ရာ တိုးတက်လာကြောင်း၊ သို့သော်  လည်း အာဆီယံနိုင်ငံများဖြင့် ယှဉ်ကြည့်လျှင် အလွန်နည်းပါး ကြောင်း၊ မလေးရှားနိုင်ငံတွင် (၂၈) သန်း၊ ထိုင်းနိုင်ငံတွင် (၂၄) သန်း၊ ဗီယက်နမ်တွင် (၇) သန်းခွဲ၊ ကမ္ဘောဒီးယားတွင် (၅) သန်း ခရီး သွားဧည့်သည်များဝင်ရောက်ခဲ့ ကြောင်း၊ လာအိုနိုင်ငံငယ်မှာပင် (၃) သန်းခွဲဝင်ရောက်ကြောင်း၊ ဤသို့ဝင်ရောက်ခြင်းသည်၎င်းတို့ ကTourist Promotionများနှင့်  တစ်ကမ္ဘာလုံးတွင် လှုပ်ရှားမှုများ စွာလုပ်နိုင်ကြ၍ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယင်းကိစ္စ တို့တွင် အင်မတန်အားနည်းကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ ခရီးသွားဧည့် သည်တစ်ဦးမြန်မာနိုင်ငံသို့လာ ရောက်လည်ပတ်လျှင် ဒေါ်လာ (၁) ထောင်သုံးပါကခရီးသွားဧည့် သည် (၂) သန်းလာလျှင် တိုင်းပြည် ၀င်ငွေ (၂) ဘီလီယံရှာပေးသော အဖွဲ့အစည်းသည်ခရီးသွားလုပ်ငန်း  အဖွဲ့အစည်းများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ခရီးသွားဧည့်သည် ၂၄ သန်းဝင်ရောက်ခဲ့၍ ယင်းတို့ နိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း  မှရှာပေးသော ၀င်ငွေသည် ၂၄ ဘီလီယံဖြစ်ကြောင်း၊ လွန်ခဲ့သော   တစ်နှစ်ကျော်က ထိုင်းနိုင်ငံတွငTourist Promotionအတွက် ဘတ်ဂျက်ကို တစ်နှစ်အတွက် ဒေါ်လာ ၃၆၅ သန်းသုံးစွဲခဲ့ရာ တစ်ရက်လျှင် ဒေါ်လာ ၁ သန်း နှုန်းခန့်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ယင်းဘတ်ဂျက်အတွက် အနည်း  ငယ်သာသုံးစွဲနိုင်သဖြင့် နိုင်ငံ တော်က ဘတ်ဂျက်တိုးမြှင့်ပေးရန် လိုကြောင်း၊ မိမိနိုင်ငံသားခရီးသွား  လုပ်ငန်းရှင်များ နိုင်ငံတကာနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ဘဏ်များ  က အထောက်အကူပေးရန် အများကြီးလိုအပ်ကြောင်း၊ အတိုး သက်သာပြီး နှစ်ရှည်ချေးငွေ (Long Term Loan) အမြန်ဆုံးထုတ် ပေးစေလိုကြောင်း တင်ပြခဲ့သည်။

“သမ်္မတကြီးကို နောက်ဆုံး တင်ပြလိုတာကတော့ ထိုင်းနိုင်ငံ မှာ ဒေါ်လာ ၂၄ ဘီလီယံရအောင်  လုပ်နေတဲ့ လုပ်ငန်းကြီးလို ကျွန်တော်တို့ခရီးသွားလုပ်ငန်းကြီး  ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အသင်းအဖွဲ့နဲ့ လုပ်ငန်းရှင်တွေ တင်ပြတဲ့ဟာကို ၂ နာရီလောက် နားထောင်ပေးဖို့တင်ပြလိုပါတယ်”ဟု ဥက္ကဋ္ဌက နိဂုံးချုပ်တွင် ထည့် သွင်းပြောကြားခဲ့သည်။ ခေတ်မီ နည်းပညာများအပြိုင်အဆိုင်ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူကမ္ဘာ့နိုင်ငံ အသီးသီးတွင် “မီးခိုးမထွက်သော စက်ရုံလုပ်ငန်း”ဟု တင်စားအမည် ပေးထားပြီး ဒေါ်လာသန်းထောင် ချီဝင်ငွေများ ရရှိနေသော ခရီး သွားလုပ်ငန်းကTourist Prom otion အတတ်ပညာများဖြင့် အပြိုင်အဆိုင်အသုံးပြုဆွဲဆောင် နေကြောင်း သိရှိရသည်။





မိုးမြင့်ဆွေ
Hot News Journal