MTV အသစ် Partition မှာလိင်အသားပေး သရုပ်ဆောင်မှုတွေထည့်သွင်းခဲ့တဲ့ Beyonce

ပို့စ်တင်ချိန် - 2/26/2014 04:17:00 PM




Jack the Ripper on 2014-02-26 12:23  


Beyonce ဟာ sexy ကျပြီးလုပ်ငန်းခွင်အတွင်း ကြည့်ရှုရန်မသင့်တော်လောက်တဲ့ ဂီတဗီဒီယို Partition ကိုအင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၂၅) ရက်နေ့ကထုတ်ခဲ့ပါတယ်။

Beyone album ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ထုတ်ခဲ့တဲ့ ဒီဗီဒီယိုမှာ Beyone ကမလုံ့တလုံအကနဲ့ကနေပြီး သူ့ယောကျာ်း Jay-Z ကို Limo ဇိမ်ခံကားရဲ့နောက်ခန်းမှာ အရူးလုပ်နေပါတယ်။

ဒီသီချင်းရဲ့ sexy ကျတဲ့စာသားတွေက အရမ်းဆိုးဝါးပြီး အသံသွင်းရတာရှက်စရာကောင်းကြောင်း Beyonce ကပြောပါတယ်။

“ကျွန်မဒီသီချင်းကိုသွင်းပြီးတော့ အရမ်းရှက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မပေါက်ကရတွေပဲပြောနေလို့။ ဒီသီချင်းကို ကျွန်မယောကျာ်းရှေ့မှာဖွင့်ပြလို့မရဘူး။ ကျွန်မအမေရှေ့မှာလဲမဖွင့်ပြရသေးဘူး။ သူမကျွန်မကို အရမ်းစိတ်ဆိုးတော့မယ်လို့ ကျွန်မစဉ်းစားမိပါတယ်” လို့ပြောပါတယ်။

ဒီဗီဒီယိုကို ဒါရိုက်တာ Jake Nava က ပဲရစ်မြို့မှာရိုက်ကူးထားတာဖြစ်ပြီး အချို့ရိုက်ကွက်တွေဟာ သမိုင်းဝင် Crazy Horse စာသောက်ဆိုင်မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ Beyonce ဟာ အသိမပေးမကြေငြာဘဲ သူမရဲ့ပဉ္စမမြောက် album ကိုထုတ်ပြီး ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
Ref:starpulse.com
Trend Myanmar