LG G2 Mini ကိုပွဲထုတ်မိတ်ဆက်

ပို့စ်တင်ချိန် - 2/26/2014 08:50:00 PM


Mobile World Congress (MWC) မစတင်ခင်မှာပဲ LG က၎င်းတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ LG G2 mini ကိုတရားဝင် ကြေညာခဲ့ပါတယ်။ ဒီဖုန်းကို NWC ပွဲပြီးတဲ့အချိန်မှာဈေးကွက်ထဲကို ဖြန့်ချိမှာဖြစ်ပြီး chipset ပေါ်မူတည်ပြီး version နှစ်မျိုးခွဲထုတ် ပေးထားပါတယ်။1.2 GHz QualComm quadcore သို့မဟုတ် 1.7 GHz Nvidiaquad-core Tegra 4i နှစ်မျိုးထဲက ကိုယ်နှစ်သက်ရာကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။ စကရင်ကတော့ နှစ်မျိုးစလုံးဟာ ၄.၇ လက်မဖြစ်ပြီး resolution 960x540 (qHD) ကလည်း နှစ်မျိုးစလုံးအတူတူပဲ ဖြစ်ပါတယ်။ Specification ပိုင်းမှာလည်း ဒီဖုန်းနှစ်လုံးက တူညီကြပြီး RAM 1GB နဲ့ ကင်မရာ 8-megapixel ပါဝင်ကြပါတယ်။ သိုလှောင်သိမ်းဆည်းမှု အပိုင်းအတွက် 8GB onboard ပါရှိပါတယ်။ ကံကောင်းတာကတော့ Android 4.4 Kitkat ကိုနှစ်မျိုးစလုံးမှာ ထည့်ပေးထားတာပါ။ ဘက်ထရီကတော့ 2,440 mAh ကိုသုံးထားပါတယ်။ G2 mini 3G Dual SIM ကိုတော့ မတ်လထဲမှာ ဈေးကွက်ထဲကို ဖြန့်ချိဖို့ရှိနေပါတယ်။

-Source-cnet.
Internet Journal