အောင်ပွဲခံမှု အနုပညာမတတ်မြောက်တဲ့ ဂိုးသမားတစ်ဦးရဲ့ ရင်နာစရာအဖြစ်

ပို့စ်တင်ချိန် - 2/26/2014 09:27:00 AM


ကိုယ်လုပ်ရမယ့် အလုပ်တစ်ခု မပြီးသေးခင် အောင်မြင်မှု အရိပ်အယောင်တွေ့ရုံနဲ့ အောင်ပွဲခံတာမှားယွင်းကြောင်း LCA အသင်းနဲ့ ဂရီဆီဗာဒန်အသင်းတို့ ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်က ဂိုးသမားတစ်ဦးရဲ့အဖြစ်က သက်သေခံနေပါတယ်။ အဲဒီပွဲစဉ်မှာ အချိန်ပိုအထိ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရဖို့ ဖြစ်လာခဲ့ပြီး အဲဒီအချိန်မှာ အံ့အားသင့်စရာ အဖြစ်အပျက် ပေါ်ပေါက်ခဲ့တာပါပဲ။ ပြိုင်ဘက်အသင်း ကစားသမားကန်သွင်းယူတဲ့ ပင်နယ်တီဟာ ဂိုးသမားရဲ့ ဒူးနဲ့ထိပြီး လေပေါ်မြောက်တက် သွားချိန်မှာ ဒီဂိုးသမားက ဂိုးမ၀င်တော့ဘူး ထင်မှတ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဂိုးသမားပဲ ကံဆိုးတာလား၊ ကန်တဲ့သူပဲ ကံကောင်းတာလား၊ ကွင်းလယ်ဒိုင်ရဲ့ အဆုံးအဖြတ်ပဲ လွဲမှားတာလားတော့ မပြောနိုင်ပါဘူး။ လေပေါ်မြောက်သွားတဲ့ ဘောလုံးဟာ လေအဝှေ့မှာ ဂိုးပေါက်ထဲ ပြန်ဝင်သွားခဲ့လို့ ဂိုးပေးခဲ့ရပြီး အောင်ပွဲခံနေတုန်း ဒီဂိုးသမားလည်း အရှက်တကွဲဖြစ်ခဲ့ရရှာပါတယ်။ ဒီအဖြစ်အပျက်ကို မျက်ဝါးထင်ထင် ခံစားဖို့အတွက် ဗီဒီယိုဖိုင်လင့်ခ်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။


@z (ရိုးရာလေး)