ကြံ့ဖွံ့ကလူတွေ စကားကိုပရမ်းပတာပြောနေတာ ငြိမ်းချမ်းရေးကိုပျက်ပြားစေနိုင်တယ်

ပို့စ်တင်ချိန် - 2/26/2014 08:33:00 AM


မြန်မာနိုင်ငံမှာ၂၀၁၅ရွေးကောက်ပွဲ ကာလ ရောက်ရင်ဗိုလ်ချုပ်အောင်ဆန်းပုံကိုချိတ်ဆွဲပြီး ပါတီမဲဆွယ်ပွဲတွေလုပ်မယ့်အပေါ် အဘ ဘယ်လိုမြင်တယ်ဆိုတာပြောပေးပါ။

ကျွန်တော်ကတော့ ဒီလိုပြောချင် တယ်ဗျာ။ ရွေးကောက်ပွဲကိစ်္စက ရွေး ကောက်ပွဲဥပဒေကလည်းမဖြစ်သေးဘူး။ ချိတ်ရမယ်။ မချိတ်ရဘူးဆိုတာပြောလို့ မရသေးဘူး။ နောက်ပိုင်းမှာရွေးကောက် ပွဲကော်မရှင်ကနေ ဗိုလ်ချုပ်အောင်ဆန်း ပုံမချိတ်ရဘူးဆိုတာ ပါကောင်းပါလာ လိမ့်မယ်။ အဲဒီလိုပါလာရင်လည်း မချိတ် ဘဲနေရုံပဲပေါ့။ ရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံမချိတ်နဲ့၊ မိမိတို့ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ပုံပဲချိတ်ရမယ်ဆိုရင်ချိတ်ရမှာပေါ့။ ဒါမှမဟုတ်ရွေးကောက်ပွဲကာလရောက်ရင် မိမိပုံပဲချိတ်ရမယ်၊ မိမိတို့ပါတီတံဆိပ်ကို ပဲချိတ်ရမယ်ဆိုရင်လည်း ချိတ်ရမှာပေါ့။ ဆိုလိုတာက ရွေးကောက်ပွဲကော်မရှင်ရဲ့ ထွက်လာမယ့်ကန့်သတ်ချက်တွေစောင့်ကြည့် ရမှာပေါ့။ ဒါကိုတော့မပြောချင်ဘူး။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ က ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်တယ်ဆို တာက ကျွန်တော်တို့က တစ်လျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းဘက်ကရပ်တည်လာ ခဲ့တာပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရည်မှန်း ချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ မူဝါဒ တွေကိုရပ်တည်ပြီးတော့ လုပ်ခဲ့တဲ့ပါတီ ဖြစ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်း ဟာ ကျွန်တော်တို့ပါတီနဲ့တစ်သွေးတည်း တစ်သားတည်းရှိခဲ့ဆိုတော့ ကျွန်တော်တို့က လေးစားချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့ ချိတ်ဆွဲ တယ်။ တချို့သောပါတီတွေက ဗိုလ်ချုပ် အောင်ဆန်းပုံကိုချိတ်လို့မရဘူး။ ဘာဖြစ် လို့လဲဆိုတော့ တစ်သက်လုံးချိုးနှိမ် လာခဲ့တာ။ဗိုလ်ချုပ်အောင်ဆန်းကိုသေ ပြီးခါမှ ရာထူးဖြုတ်ချခဲ့တဲ့လူတွေ၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့သဘောထားတွေ၊ မူဝါဒ တွေကိုအားလုံးကိုချောင်ထိုးချင်တဲ့လူ တွေ၊ ဆန့်ကျင်တဲ့လူတွေ၊ ဗိုလ်ချုပ် အောင်ဆန်းအမည်ကိုမကြားချင်တဲ့လူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုမပြော ချင်တဲ့လူတွေ။ဆိုလိုတာကတော့ ဗိုလ်ချုပ် အောင်ဆန်းဆိုတဲ့ အမှတ်အသားကိုအမြဲ ထော်လော်ကန့်လန့်ဆန့်ကျင်ခဲ့တဲ့၊ အပုပ် ချခဲ့တဲ့၊ ပုဂိ္ဂုလ်တွေဖြစ်တဲ့အတွက် သူတို့က ဗိုလ်ချုပ်အောင်ဆန်းကို အခုမှချစ်ပြနေ မယ်ဆိုရင်လည်း ပြည်သူက မယုံဘူးဗျ။ ကျွန်တော်တို့က  တစ်လျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ တည်ပြီးလုပ်ခဲ့ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းပုံကိုကိုင်ပြီး လုပ်ခဲ့တဲ့အခါ ကျတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန် တော်တို့က ဂုဏ်ပြုတယ်ဆိုရင် သဘာဝ ကျတယ်။ ဘယ်လိုပဲပြောပြောထားလိုက် ပါတော့။ ရွေးကောက်ပွဲကာလရောက်ရင် ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လို ကန့်ကွက်မယ်၊ ဘယ်လိုလုပ်မယ် ဆိုတာ မသိသေးတဲ့အတွက် မပြောနိုင်သေးဘူး။ ဒါတွေကိုပြောဖို့အတွက် စောလွန်းပါ တယ်။ ဘာပဲပြောပြော ကျွန်တော်တို့ဟာ ပြည်သူလူထုကို ယုံကြည်တဲ့လူတွေ ဖြစ် တယ်။ ပြည်သူလူထုဆီကို သွားတဲ့အခါ မှာ မိမိတို့ရဲ့ပါတီရဲ့ မူဝါဒတွေ၊ ရည်မှန်း ချက်တွေ၊ သဘောထားတွေနဲ့ သွားနေ တာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ပြစားနေတာလည်းမဟုတ်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းပုံကို အသုံးချနေတာလည်း မဟုတ်ဘူး။ ချိတ်ရသည်ဖြစ်စေ၊ မချိတ်ရ သည်ဖြစ်စေ၊ ကျွန်တော်တို့က ပြည်သူ လူထုဆီကို ကျွန်တော်တို့ရဲ့ မူဝါဒတွေနဲ့ သွားမယ့်အခါကျတော့ ပြည်သူလူထုက လက်ခံရင် ကျွန်တော်တို့ အရွေးခံရမယ် ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ထွန်းဖို့အတွက် မိမိတို့ရဲ့အယူဆကိုရှေ့တန်းတင်ပြီးပြည်သူ ကိုအတင်းအဓမ္မထိန်းချုပ်သင့်ပါသလား။  အဲဒီအပေါ်မှာ အဘ အမြင်သဘောထား ကိုပြောပေးပါ။

ကျွန်တော်ပြောချင်တာက တိုင်းသူ ပြည်သားတွေကို ဘာလုပ်ပါ၊ ညာလုပ်ပါ ဆိုပြီး ပြောလို့မရပါဘူး။ ပြည်သူလူထုက ယုံကြည်မှ ကျွန်တော်တို့ကိုလက်ခံမှာပါ။ ကျွန်တော်တို့က အာဏာရှင် စနစ်ကို ယုံကြည်တဲ့လူမဟုတ်လို့ ကျွန်တော်တို့ဟာ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး ပြောလို့မရ ဘူးဆိုတာလက်ခံတယ်။ ကျွန်တော်တို့က ပြည်သူလူထုကိုတင်ပြမယ်။ ပြည်သူလူထု ရဲ့ ဆန်္ဒကိုခံယူမယ်။ ပြည်သူလူထုက ကျွန်တော်တို့ကိုယုံမယ်ဆိုရင် ကျွန်တော် တို့လည်းယုံမှာပဲ။ ကျွန်တော်တို့ကိုပြည်သူ က ယုံတယ်ဆိုတာက ကျွန်တော်တို့က ပြည်သူလူထုကိုခြိမ်းခြောက်လို့၊ အတင်း ခိုင်းလို့ မဟုတ်ဘူး။ နိုင်ငံရေးအားဖြင့် လက်လိမ်ချိုးလို့ရတယ်လို့ မယူဆဘူး။ ကျွန်တော်တို့က ပြည်သူလူထုကိုချဉ်းကပ် မယ်။ ပြည်သူလူထုကိုကျွန်တော်တို့ရဲ့ သဘောထားရည်မှန်းချက်တွေ၊ ကျွန်တော် တို့ရဲ့ လုပ်ငန်းတွေကိုတင်ပြလို့ ပြည်သူ လူထုကယုံမယ်ဆိုရင်၊ ပြည်သူလူထုက ကျွန်တော်တို့ညာဘက်ကိုကွေ့ရင် ညာ ဘက်ကိုလိုက်မယ်။ ဘယ်ဘက်ကိုကွေ့ရင် ဘယ်ဘက်ကိုလိုက်မှာပဲ။ ရှေ့တည့်တည့် ချီရင် ရှေ့တည့်တည့် လိုက်မှာပဲဆိုတာ ယုံကြည်ချက်ပဲ။ ဒါဒီမိုကရေစီပဲလို့ပြော ချင်ပါတယ်။ ပြည်သူလူထုကို ဘာခိုင်းလို့ ရမယ်၊ ညာခိုင်းလို့ရမယ်ဆိုတာက အာ ဏာရှင်တွေရဲ့စရိုက်၊ မူဝါဒ၊ သဘော ထားသာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ယောက် ကို ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး ပြောလို့ မရသလို၊ ပြည်သူလူထုကိုလည်း ပြောလို့ မရဘူး ဆိုတာကို ယုံတယ်။ လက်ခံပါ တယ်။ ဒါဒီမိုကရေစီပဲ။ တစ်ခုတော့ရှိ တယ်။ မှန်ကန်တဲ့မူဝါဒတွေ၊ မှန်ကန်တဲ့ သဘောထားရည်မှန်းချက်တွေရှိတဲ့အတွက် ပြည်သူလူထုက လက်ခံမယ်လို့ယုံတယ်။ ကျွန်တော်တို့မှာ ပြည်သူလူထုအတွက် မူဝါဒတွေရှိတဲ့အတွက် ဒီမူဝါဒတွေ အတိုင်းပဲသွားမှာပဲ။ အဲဒီအတိုင်းရှေ့တိုး မှာပဲ။ ချီတက်မှာပဲ။ ဒါကြောင့်ပြည်သူ လူထုဟာ ကျွန်တော်တို့နဲ့အတူလိုက်ပါ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ် ပြိုင်ပြီး လွှတ်တော်ထဲရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ် စားလှယ်တွေကိုဝေဖန်သံတွေထွက်ပေါ်နေ ပါတယ်။ အဲဒီအပေါ် အဘဘယ်လိုယူဆ တယ်ဆိုတာပြောပေးပါ။

ဒီလိုဖြစ်နေတာကတော့ ကျွန်တော် တို့က လူနည်းစုဖြစ်နေတဲ့အတွက် နေရာ တကာဝင်ပြောဖို့အတွက် နေရာအခွင့်အရေး မသာတာတွေရှိနေပါတယ်။ နောက်တစ်ခု က လွှတ်တော်ထဲမှာမေးဖို့မြန်းဖို့ဆိုတာ အကန့်အသတ်တွေအများကြီးရှိတယ်။ အချိန်တို့၊ အကြောင်းအရာတွေကိုကန့် သတ်ချက်တွေရှိတယ်။ ကျွန်တော်တို့က လူနည်းစုဖြစ်နေတယ်။ စုစုပေါင်းမှ လူ (၄၀)လောက် ရှိနေတဲ့ထဲမှာ အောက် လွှတ်တော်မှာလည်း (၃၀)ကျော်လေးပဲ ရှိနေတယ်ဆိုတော့ ကျွန်တော်တို့က အများကြီးရှုတ်ချလို့မရဘူး။ ကျွန်တော် ပြောချင်တာက ပြည်သူအကျိုးပြုလုပ် ငန်းတွေကို တကယ်ရည်မှန်းပြီးတော့ လုပ်နေသလား၊ မလုပ်ဘူးလားဆိုတဲ့ ပေတံနဲ့သာတိုင်းရမယ်။ အရေအတွက်နဲ့ တိုင်းလို့မရဘူး။ ကျွန်တော်တို့က အရည် ချင်း၊ ရည်မှန်းချက်၊ အကျိုးရှိတဲ့အပေါ်မှာ ဘယ်လောက်ပြောကြဆိုကြလဲ၊ အဲဒီ အပေါ်မှာ မူတည်နေတယ်လို့ ကျွန်တော် ယုံပါတယ်။ အဲဒါပါပဲ။

နိုင်ငံရေး သုံးသပ်သူတချို့က တပ်မတော် နဲ့နိုင်ငံတော်သမ်္မတဦးသိန်းစိန်စိတ်သဘော ထားချင်းမတိုက်ဆိုင်ဘူး ဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုနေတဲ့အပေါ် အဘအနေနဲ့ ဘယ်လိုမြင်တယ်ဆိုတာပြောပေးပါ။

ဒီအချက်အပေါ်မှာ ကွဲခြင်း၊ မကွဲ ခြင်းကိုသိပ်ပြီးတော့ စိတ်မ၀င်စားပါဘူး။ သူတို့ကွဲမှ ကျွန်တော်တို့နိုင်ငံရေးလုပ်လို့ ရတယ်လို့ ကျွန်တော် မယူဆဘူး။ ဆိုလို တာကတခြားသောပါတီတွေ၊ အင်အားစု တွေပြိုကွဲတဲ့ကိစ်္စတွေကို ဘယ်တော့မှ ဦးစားမပေးဘူး။ ကျွန်တော်တို့ အလုပ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် တွေကိုပဲ လုပ်တယ်။ တပ်မတော်နဲ့ ပတ်သက်ပြီး တော့ ကျွန်တော်ပြောချင်တာ တစ်ခုပဲရှိ တယ်။ သမ္မတကြီးက တပ်မတော်အပေါ် သြဇာရှိတယ်လို့  ပြောနေကြတယ်။တကယ်ရောသြဇာရှိရဲ့လားလို့ ကျွန်တော် ပြောချင်ပါတယ်။ တပ်မတော်က သမ်္မတ ရဲ့ လုပ်ငန်းတွေကိုထောက်ခံတယ်ဆိုတာ ပြောနေတာတွေရှိပေမဲ့ သူတို့တွေကွဲချင် ကွဲလွဲမယ်။ မကွဲရင်လည်းမကွဲဘူး။ ဒီကိစ္စ အသေးစိတ်တွေကို သိပ်ပြီးတော့ စိတ် မ၀င်စားဘူး။ ကွဲခြင်းမကွဲခြင်းအပေါ်မှာ အင်အားအနေနဲ့ တွက်ကြတာ ဒါသူတို့ ကိစ်္စပဲ။သူတို့ပါသူတို့တညီတညွတ်တည်း ရှိရှိ၊ မရှိရှိ ကျွန်တော်တို့က ပြည်သူအကျိုး စီးပွားကို ကြည့်ဖို့လိုတယ်။ ပြည်သူက ကျွန်တော်တို့ဘက်ကနေအမြဲတမ်းရပ်ပြီး နေရမယ်။ ပြည်သူကိုဦးညွှတ်ပြီးတော့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ဖို့ပဲရှိတယ်။ ကျွန်တော်တို့ကကိုယ့်အင်အားကိုပဲ ကိုယ် ကြည့်ပါတယ်။ တခြားသူတွေ ညီ ညွတ် ခြင်း၊ မညီညွတ်ခြင်းကို မကြည့်ပါဘူး။ ဒါပဲပြောချင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့လူတွေကိုဝေဖန် ပြောဆိုနေတဲ့ အသိုင်းအ၀ိုင်းတချို့ ရှိပါ တယ်။ အဲဒီလိုပြောနေကြတာကို အဘ အနေနဲ့ဘယ်လိုမြင်တယ်ဆိုတာပြောပေးပါ။

ဖွဲ့စည်းပုံကိစ်္စနဲ့ ပြောရရင် နှစ်ပိုင်း ရှိတယ်။ စကားပမာအားဖြင့်ပြောရရင် ဒီသစ်ပင်ကြီးကိုခုတ်ဖို့ လုပ်နေတယ်။ ဘာ ကြောင့်လဲဆိုတော့ပြည်သူလူထုကိုအကျိုး ပြုတဲ့  အခြေခံဥပဒေကြီး မဟုတ်ဘူး။ ပြည်သူလူထုကိုဖိနှိပ်ဖို့အတွက်အာဏာရှင် စနစ်ဆက်ပြီး အသက်ရှင်အောင် စိုက် ပျိုးနေတဲ့သစ်ပင်ကြီးဖြစ်တယ်။ အာဏာ ရှင်စနစ်ရဲ့ကိုယ်ကျိုးစီးပွားတွေ ကာကွယ် ဖို့အတွက် သက်ဆိုးရှည်အောင် စိုက်ပျိုး နေတဲ့ သစ်ပင်ကြီးဖြစ်တယ်။ ဒါကြောင့် ဒီသစ်ပင်ကြီးကို ခုတ်ပစ်ဖို့အတွက် လုပ် နေတာဖြစ်တယ်။ တစ်ခုရှိတာက ဒီသစ် ပင်ကြီးပေါ်မှာတက် ပြီးတော့မှ ခုတ်တာ တော့မဟုတ်ဘူး။ တက်ဖို့ လုပ်နေတာ လည်းမဟုတ်ဘူး။ ခုတ်ဖို့အတွက် လုပ်ကို လုပ်နေတယ်လို့ ကျွန်တော် ပြောချင် တယ်။ ဒီသစ်ပင်ကြီးက မလိုအပ်ဘူး။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင် ရွက်နိုင်ခြင်းလည်းမရှိဘူး။ စစ်အာဏာ ရှင်စနစ်၊ စစ်တစ်ပိုင်းအစိုးရတွေ၊ ဒီလို အာဏာရှင်တွေရဲ့၊ အမွေခံတွေရဲ့အကျိုး စီးပွားကို ကာကွယ်နေတာ (သို့မဟုတ်) သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနေတဲ့သစ်ပင်ကြီးသာဖြစ် တယ်။ ဒါကြောင့်ဒီသစ်ပင်ကြီးကို ခုတ်လှဲ ပစ်ရမယ်ဆိုတာကို ကျွန်တော် ယုံကြည် တယ်။ သို့သော်ကျွန်တော်တို့က သစ်ပင် ပေါ်တက်ပြီးမှခုတ်တာတော့ မဟုတ်ဘူး။ သူတို့ကသစ်ပင်ပေါ်တက်နေတဲ့ လူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်နဲ့နှိုင်းပြီး တော့ သစ်ပင်ကြီးကို တက်နေတယ်။ သစ်ပင်ကြီး  ခုတ်နေတယ်လို့ ပြောနေ တာ။ သစ်ပင်ကြီးပြိုလဲရင် သူတို့ပါရော ပြီး ပါသွားမှာကို စိုးရိမ်နေတယ်။ အဲဒါ ကိုက သူတို့မှားနေတယ်။ ကျွန်တော်တို့ ပါရောပြီးတက်နေတယ်လို့ထင်နေတယ်။ ကျွန်တော်တို့ကမတက်ပါဘူး။ ကျွန်တော် တို့ကသစ်ပင်ကြီးကိုခုတ်လှဲဖို့ လုပ်နေပါ တယ်လို့ပြောချင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စွပ်စွဲ ပြောဆိုမှုတွေပြောနေကြတာကို ကြားသိ နေရပါတယ်။ ဒီလိုပြောနေတဲ့အပေါ်ကို ဘယ်လိုသဘောထားတယ်ဆိုတာပြောပေး ပါ။

ဒီလို အပြောအဆိုမျိုးတွေကို ဦး အောင်သောင်းကပြောခဲ့လို့ သံတော်ဆင့် မှာရှင်းခဲ့ပြီးပြီလေ။ကျွန်တော်ပြောပြီးတာ နဲ့ ဦးအောင်သောင်းက ချက်ချင်းရုပ် သိမ်းပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒီလိုပြောတာမဟုတ်ပါဘူးလို့ ပြောခဲ့တယ်။

ဆိုလိုတာကဦးအောင်သောင်းက လူကြီး တစ်ယောက်ဖြစ်တဲ့ အတွက် သူ့စကား ကျွံသွားတာကို ချက်ချင်းရုပ်သိမ်းသွား တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီနေ့ဒီအချိန်မှာကိုယ်ရဲ့ နိုင်ငံရေးတွေ ပြောဖို့ပဲ။ ရပ်တည်ချက်တွေ ပြောဖို့ပဲ။ကိုယ့်ရဲ့  အမြင်တွေ၊  အယူဆတွေ၊ လုပ်ငန်းစဉ်တွေ၊ ကိုယ်ရဲ့ရှေးရှုချက်တွေ ဦးတည်ချက်တွေကိုပဲ ပြောရမှာဖြစ်တယ်။ တခြားပါတီကို  ပုတ်ခတ်နေလို့ ဘာမှ အကျိုးထူးမှာမဟုတ်ဘူး။ ဒီလိုပြောနေ တာက မှားယွင်းတဲ့အယူဆ၊ နိုင်ငံရေး အောက်တမ်းကျတဲ့ အလုပ်ပဲလို့ ကျွန် တော်ပြောချင်ပါတယ်။ ဒါ့အပြင်NLD  ပါတီကိုသူတို့ဘယ်လောက်ပဲပြော ပြောNLD ပါတီဆိုတာ ရွေးချယ်တင်မြှောက် ထားတဲ့ ပါတီဖြစ်တယ်။NLD မှာ ရှိတဲ့ ပါတီဝင်တွေဟာ သိန်းပေါင်းဆယ်နဲ့ချီ ရှိတဲ့ ဒီအင်အားစုတွေဟာ အောက်ခြေ ထုအထိရပ်ကျေးအင်အားစုခေါင်းဆောင် လေးငါး၊ ခြောက်သောင်းရှိတဲ့အင်အားစု တွေကြားထဲမှာ ရွေးချယ်တင်မြှောက်ပြီး ထားတဲ့ ခေါင်းဆောင်မှုအသစ်ဗျ။NLD  ပါတီမှာမကောင်းတဲ့လူမရှိဘူးလားဆိုတော့ ရှိတယ်။ ကိုယ်ပါတီကိုလည်း ဖုံးကွယ်ပြီး တော့ ပြောစရာ  အကြောင်းမရှိဘူး။ ခင်ဗျားတိHot News မှာပဲပြောခဲ့တယ်။ သာကူးတွေရှိတယ်၊ သူခိုးတွေရှိတယ်လို့ ပြောခဲ့တာပဲ။ ဒါတွေကအရေးမကြီးဘူး။ ကျွန်တော်တို့ပါတီကရွေးချယ်တင်မြှောက်ခံ ခေါင်းဆောင်တွေရဲ့ မျက်နှာကိုကြည့်ပြီး တော့ တစ်ဦးချင်းစီမှာ ချို့ယွင်းချက် ကတော့ရှိမှာပေါ့ဗျာ။ ဒါတွေတော့မပြော လိုဘူး။ ရှက်ကြောက်နေစရာလည်းမလို ဘူး။ ညံ့ဖျင်းရင် ညံ့ဖျင်းတယ်လို့ဝန်ခံရ မှာပဲ။ ဒါတွေကအရေးမကြီးဘူး။ အခြား သော ပါတီတွေနဲ့စာရင်အရွေးချယ်ခံရတဲ့ လူတွေနဲ့ဖွဲ့စည်းထားတဲ့အတွက် သန့်စင် တဲ့  သဘောထားတွေ၊  လေးနက်တဲ့ သဘောထားတွေ၊ တည်ကြည်တဲ့သဘော ထားတွေရှိတယ်လို့ပြောချင်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့အတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့တိုင်းရင်းသားအဖွဲ့အစည်း တွေအပေါ်ဝေဖန်မှုတွေကြားနေရပါတယ်၊ ဒီလိုပြောနေကြတဲ့အပေါ် အဘ အမြင်ကို ပြောပေးပါ။

ကျွန်တော်အနေနဲ့ပြောရရင် တစ် ဖက်ကိုစွပ်စွဲပြောဆိုနေရင် တစ်ဖက်က လည်း သူတို့ကိုစွပ်စွဲပြောဆိုမှာပဲ။ လွှတ် တော်ထဲမှာလည်း ဦးရွှေမန်းတို့ကဝေဖန် ခဲ့ဖူးတာပဲ။ ဦးအောင်မင်းတို့က နိုင်ငံ တကာ အထောက်အပံ့တွေယူတယ်။ မှန်ကန်စွာသုံးစွဲတာမဟုတ်ဘူး။ ကိုယ်ကျိုး ရှာသုံးစွဲတယ်။ အလွဲသုံးစားလုပ်တယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးစင်တာရဲ့ လုပ်ဆောင်ချက်တွေကို ဦးရွှေမန်းကနေ ဝေဖန်ဖူးတယ်။ ဆွေးနွေးပွဲတွေမှာ ကာလုံ ကနေပါဖို့လိုတယ်။ ကာလုံအစည်းအဝေး တွေခေါ်ပါဆိုပြီး ပြောတာတွေရှိတယ်။ ဦးရွှေမန်းရဲ့ ဝေဖန်ချက်ကြောင့် လွှတ် တော်ခေါ်နေတဲ့  သက်တမ်းကာလမှာ ကာလုံအစည်းအဝေးတွေလုပ်ပါ့မယ်ဆိုပြီး သမ်္မတကလိုက်လျောပေးတာတွေရှိခဲ့ဖူး တယ်။ ကျွန်တော်ပြောချင်တာက နိုင်ငံ တကာငွေကြေးတွေ လုပ်ကိုင်နေတယ် ဆိုတာက သူတို့အချင်းချင်းမြွေမြွေချင်း ခြေမြင်တဲ့ကိစ်္စတွေပဲဖြစ်လိမ့်မယ်။ သူတို့ ပဲသိလိမ့်မယ်။ ဒီကိစ်္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော် ပြောချင်တာက ငြိမ်းချမ်းရေးဆိုတာကို ရှင်းရှင်းပြောရရင် ရိုးရိုးသားသားနဲ့ ပြည် သူ့ အကျိုးစီးပွားအတွက် ဖြစ်ဖို့လိုတယ်။ ပြည်သူတွေရဲ့ ဆန္ဒတွေပါဖို့လိုတယ်။ ဒီ နိုင်ငံခြား  ထောက်ပံ့တဲ့ ငွေတွေယူပြီး တော့ ငြိမ်းချမ်းရေးလုပ်တဲ့လူတွေကိုခွဲဖို့၊ လာဘ်ထိုးဖို့၊ အကျင့်စာရိတ်္တတွေပျက်ပြား အောင်လုပ်ဖို့၊ လမ်းလွဲအောင်လုပ်ဖို့ဆို တာတွေက ထောက်လှမ်းရေးရဲ့နည်းတွေ ပဲ။  ဒါတွေကို ထောက်လှမ်းရေးတွေ တစ်သက်လုံးလုပ်ခဲ့တာ။ ဒီလိုလုပ်ဆောင် မှုတွေက ပိစ်စင်တာမှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်တဲ့နေရာမှာ မသမာမှုတွေ၊ ကိုယ်ကျိုး ရှာနေမှုတွေ၊ နိုင်ငံခြားကနေ ထောက်ပံ့တဲ့ငွေတွေကို မှန်ကန်စွာမသုံး စွဲပဲနဲ့ လွဲမှားတဲ့နေရာတွေမှာ သုံးစွဲတာ တွေရှိနေတယ်ဆိုတာကိုပြောချင်ပါတယ်။ ဒါတွေကို တိုင်းပြည်ကလည်း သိတယ်။ မီဒီယာမှာလည်း တွေ့နေရတယ်ဆိုတော့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ မြန်မာ ပိစ်စင်တာအပေါ်မှာ သူတို့တွေ ဘယ် လောက်အထိတာဝန်ခံနိုင်သလဲ။ တာဝန် ယူနိုင်သလဲ။ ဘာတွေအကျိုးသက်ရောက် မှုရှိသလဲဆိုတာတွေကိုတော့ စဉ်းစားဖို့လို လိမ့်မယ်လို့ထင်ပါတယ်။ ဖြေရှင်းဖို့လို လိမ့်မယ်လို့ပြောချင်ပါတယ်။

စစ်တပ်ကို ဝေဖန်မှုတွေရှိနေတယ်။ လူ တချို့ရဲ့ ဝေဖန်မှုတွေက တော်တော်ပြင်း ထန်ပါတယ်အဘ။ အဲဒီလိုပြောနေတာနဲ့ ပတ်သက်ပြီး အဘသဘောထားကို ပြော ပေးပါ။

ဖက်ဒရယ်ပြည်ထောင်စုဖြစ်သွားရင် ညီမျှသောအာဏာခွဲဝေမှုရှိရမယ်။ သယံ ဇာတခွဲဝေမှုရှိမယ်။ ညီမျှသော နယ်မြေ ခွဲဝေမှုတွေရှိမယ်။ အညီအမျှလုပ်ပြီးတော့ သဘောတူညီချက်တွေနဲ့ လုပ်ရတဲ့ကိစ္စ တွေဖြစ်တယ်။ ဒီလိုအခြေနေမျိုးတွေ မရောက်သေးဘဲနဲ့ ဒီလိုဖက်ဒရယ်ပြည် ထောင်စုကို နားမလည်ဘဲနဲ့ ကချင်မှာ ဖြစ်နေတဲ့  ကိစ္စတွေကို  ပြောနေတယ်။လာဘ်ပေးလာဘ်ယူ  လုပ်နေတာက ဖက်ဒရယ်သဘောမှမဟုတ်တာ။ပြည်တွင်း စစ်ရဲ့သဘောပဲ။ ပြည်တွင်းစစ်မှာပေါ် ပေါက်နေတဲ့ အာဏာကျင့်သုံးမှုတွေပဲ။ ဒါတွေက ပြည်တွင်းစစ်ရဲ့ လက္ခဏာ။ ဒါတွေကိုထပ်ပြီး ပြောစရာမလိုဘူး။ ဒါ ဖက်ဒရယ်ပုံစံမဟုတ်ဘူး။ဖက်ဒရယ်ပုံစံကို နားလည်အောင်လုပ်ဖို့လိုတာပေါ့။ အခု ဖြစ်နေတာက ဖက်ဒရယ်ပုံစံမဟုတ်ဘူး။ ဖက်ဒရယState  ဆိုတာ လုပ်ပြီးတော့

နှစ်ဖက်အာဏာခွဲဝေရေးအားလုံးအညီအမျှ ဖြစ်အောင်ခွဲဝေတာတွေ။ ဒါတွေအားလုံး ကို သဘောတူညီချက်တွေညှိနှိုင်းရမယ်။ ရှာရမယ်။ ဒါတွေအားလုံးကို သဘော ထားတွေရှိတဲ့ လူတွေအားလုံးဗမာတို့၊ ရှမ်းတို့၊ ကချင်၊ ချင်းအစရှိသဖြင့် တိုင်း ရင်းသားအားလုံးကသဘောတူညီချက်တွေ လုပ်ရမယ့်ကိစ္စတွေ။ ဖက်ဒရယ်ဆိုတာက သဘောတူညီချက်နဲ့ပေါင်းစည်းခြင်းဖြစ် တယ်။ သဘောတူညီတယ် ဆိုတာက ပြည်တွင်းစစ် ဖြစ်နေတဲ့အတွက် ပေါ် ပေါက်နေတဲ့မတရားရှာမှုတွေ၊ ကိုယ်ကျိုး ရှာမှုတွေ၊ အခွင့်ရှာမှုတွေဖြစ်နေတာ။ အဲဒါတွေနဲ့မတူဘူးဆိုတာကိုမသိဘဲပြော နေတဲ့ လူတွေ၊နားမလည်ဘဲပြောနေတဲ့ လူတွေလို့ပြောချင်ပါတယ်။

နိုင်ငံတော်သမ်္မတဦးသိန်းစိန်က ငြိမ်းချမ်း ရေးဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ကြိုး ပမ်းနေချိန်မှာ တိုင်းပြည်မှာတာဝန်ရှိသူ တွေက စကားတွေကိုလက်လွတ်စပယ် ပြောနေတာတွေက ငြိမ်းချမ်းရေး ဖော် ဆောင်မှုတွေကိုထိခိုက်နိုင်တယ်လို့ အဘ အနေနဲ့မြင်ပါသလား။

ဟုတ်ပါတယ်။ ဒီလိုပြောဆိုနေခြင်း ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး  ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေချိန်မှာအများကြီးထိခိုက်နိုင် တယ်။ နားလည်မှုတည်ဆောက်ရေးဟာ အခြေခံအကြောင်းတရားတွေပဲ။သူတို့က နားလည်မှုတည်ဆောက်ရေးမရောက်ဘဲနဲ့ မရောက်နိုင်အောင်လို့ပျက်ပြားစေတဲ့ သဘောထားတွေ၊ အပြောအဆိုတွေ၊ အပြုအမူတွေအကုန်လုံးဟာ ငြိမ်းချမ်း ရေးကိုထိခိုက်တယ်လို့ ကျွန်တော်ယူဆ ပါတယ်။ ဒီလိုတာဝန်ရှိတဲ့လူတွေက စကားကိုပရမ်းပတာပြောနေတာက ငြိမ်း ချမ်းရေးကိုပျက်ပြားစေနိုင်တယ်။ နား လည်မှု အခြေခံသဘောတရားတွေကို ရိုက်ချိုးနေသလိုဖြစ်နေတယ်။ ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးမယ့် ရည်မှန်းချက် တွေကို အများကြီးအဟန့်အတားဖြစ်စေ တယ်။ အနှောင့်အယှက်ဖြစ်ပြီး ဖျက်လို ဖျက်ဆီးလုပ်နေတယ်လို့ ယူဆပါတယ်။

မြန်မာပြည်မှာတာဝန်ရှိသူတွေတချို့က မကြာခဏဆိုသလို ပြည်သူကလက်မခံတဲ့ စကားတွေပြောနေတဲ့အပေါ်အဘအနေနဲ့ ဘယ်လိုမြင်တယ်ဆိုတာကို ပြောပေးပါ။

ကျွန်တော် ထင်တာကတော့ ဒါ လုပ်ကြံမှုတစ်ခုလို့ ကျွန်တော်ထင်တယ်။ ခလုတ်တစ်ခု  ဖြုတ်နေတာလို့တောင် ကျွန်တော်ထင်တယ်။ လူတွေကြားထဲမှာ ပိုပြီးတော့ သဘောထား ကွဲလွဲမှုတွေ၊ အကြောက်တရားတွေပေါ်အောင်၊ လူ တွေကြားထဲမှာရှိနေတဲ့ နိုင်ငံရေး ရည်မှန်း ချက်တွေပျက်ပြားအောင်၊ ညီညွတ်မှုတွေ ပျက်ပြားအောင်လုပ်နေသလားလို့တောင် ကျွန်တော်ယူဆနေတယ်။ ဒီလိုမျိုးလုပ် ကြံမှုမျိုးဖြစ်အောင် လုပ်လိမ့်မယ်လို့မယူ ဆဘူး။ သို့သော် မဖြစ်ဘူးလို့တော့ ပြော လို့မရဘူး။ အခု လုပ်နေတဲ့ပုံစံက တစ် လျှောက်လုံးပေါ်လာတာ။ အထူးသဖြင့် မကြာခင်က ဦးအုန်းမြင့်အကြောင်း လူ တွေကြားထဲမှာ ရှုတ်ချပြစ်တင် ဝေဖန် ပြောနေတဲ့အချိန်မှာ  သူရဦးအေးမြင့် ကိစ်္စက ထပ်ပေါ်လာပြန်တယ်။ ဒါတွေ ကို ကြည့်ခြင်းအားဖြင့် လုပ်ကြံမှုတွေ ဖန်တီးချက်တွေ ရှိနေတယ်လို့ စွပ်စွဲရ မလိုဖြစ်နေတယ်။ သို့သော် ဘာပဲပြော ပြော၊ ဒီလိုဟာ မျိုးတွေဖြစ်လာတာက သူတို့အဖို့ကတော့ ကိုယ့်သေတွင်း ကိုယ် တူးနေတာ ဖြစ်တယ်။ နိုင်ငံရေး ပျက် ပြားမှုကို ဖန်တီးနေတာလို့ ယူဆတယ်။ ပြည်သူလူထုက ဒီလိုအပြောအဆိုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ သူတို့ရဲ့အာဏာ ရှင်သဘောဆောင်တဲ့နိုင်ငံရေးအင်အား စုတွေကိုဆန့်ကျင်တဲ့သဘောတွေဖြစ်နေ တယ်။ ပြည်သူလူထုက ရှုတ်ချအပြစ် တင်တယ်။ ပြည်သူလူထုက ယိမ်းယိုင် သွားလိမ့်မယ်လို့ထင်နေကြတယ်။ သူတို့ မှန်းသလိုတော့ဖြစ်မှာမဟုတ်ဘူးလို့ ယုံ ကြည်တယ်။ ပြည်သူလူထုဟာ ဒီနေ့ အခြေအနေမှာရှစ်လေးလုံးအရေးတော်ပုံ ကြီးကိုဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်းများ စွာရုန်းကန်လာရတဲ့ ပြည်သူလူထုအနေနဲ့ ဒီလိုအပြောမျိုးတွေပြောနေတာကို ပြည် သူလူထုကမကြောက်ရေးချမကြောက်ဘဲ လို့ပြောချင်ပါတယ်။

ဒီလိုဖြစ်နေတာတွေက နိုင်ငံရေး တည်ငြိမ်လာတဲ့အခါ၊ နိုင်ငံရေးသဘော ထားတွေ ရင့်ကျက်လာတဲ့အခါမှာ မှန် ကန်တဲ့သဘောတရားတွေ၊ သုံးလာတဲ့ အခါ မတော်တဆ ဖြစ်လာတာတွေ၊ မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါကျရင် ကိုယ့်ပါတီအတွင်းမှာ သန့်စင်ပစ်ရမှာ ဖြစ်တယ်။ ပါတီအတွင်းမှာ အဲဒီလိုကျင့် သုံးသွားမှာပဲလို့မျှော်လင့်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။



မျိုးကျော်
Hot News Journal