ဇောတိကလုပ်ကွက်က သဘာဝဓာတ်ငွေ့ တနေ့ ကုဗပေ သန်း ၃၀၀ ထုတ်မည်

ပို့စ်တင်ချိန် - 2/26/2014 04:39:00 PM


အခု ၂၀၁၄ ခုနှစ်ကစ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီက တူးဖော်နေတဲ့ ဇောတိက ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထိုင်းနဲ့ မြန်မာစွမ်းအင်လိုအပ်ချက်အတွက် တနေ့ သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၃၀၀ ထုတ်လုပ်သွားမယ်လို့ PTTEP ရဲ့ အမှုဆောင် အရာရှိချုပ် မစ္စတာ တီဗင် ဗွန်ဗန်နက်စ် (Mr.Tevin Vongvanich) က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရန်ကုန်မှာ လုပ်တဲ့ ဇောတိကစီမံကိန်းနဲ့ ဆိုင်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ PTTEP ဟာ မြန်မာနိုင်ငံ ရဲတံခွန်နဲ့ ရတနာ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းမှာ တိုတယ်၊ ပီထရိုနပ်စ်ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေပြီး ဇောတိက စီမံကိန်းကတော့ ပြည်ပစီမံကိန်းထဲမှာ အကြီးဆုံးဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

PTTEP ဟာ ၁၉၉၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပြီး သဘာဝဓာတ်ငွေ့ တူးဖော်ရေးနဲ့ ရှိပြီးသား လုပ်ကွက်တွေ သက်တမ်းတိုး ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း မစ္စတာ တီဗင် ဗွန်ဗန်နက်စ်က ပြောဆိုခဲ့ပါတယ်။

DVB Burmese