ဝေလီဝေလင်း မုန့်ဟင်းခါးချက်ရာမှ အိမ်ခုနှစ်လုံးမီးလောင်

ပို့စ်တင်ချိန် - 2/26/2014 03:54:00 PM


ရန်ကုန် ဖေဖော်ဝါရီ ၂၅

ဖေဖော်ဝါရီ ၂၅ ရက် ဝေလီဝေလင်း နံနက် ၅ နာရီက မြောက်ဥက္က လာပမြို့နယ်(က)ရပ်ကွက် နွယ်သာကီ(၃)လမ်းအနောက်ခြမ်း အမှတ်(၅၉၇)အိမ်ရှင် ဦးမောင်လေး၏ အိမ်တွင်နံနက်စောစော မုန့်ဟင်းခါးချက်ရာမှအနီးရှိ အထပ်သားသို့ မီးကူး စက်လောင် ကျွမ်းမှုဖြစ်ပွားခဲ့သည်။

လောင်သော မီးအားကြောင့်အိမ်ခုနစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ရသည်။မီးလောင်မှုသတင်းကို မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ကြပ်အေးအေးစိုးက ဖုန်းဖြင့် သတင်းပေး မှုကြောင့် စခန်းမှမီးသတ်ယာဉ်များ အချိန်နှင့်တစ်ပြေးညီ လာရောက်ငြှိမ်း သတ်ပေးမှုကြောင့်လောင်နေသောမီးအားကို နံနက် ၅နာရီ ၂၅ မိနစ်တွင် ထိန်းချုပ်နိုင်ခဲ့ပြီးနံနက် ၅ နာရီ ၃၅ မိနစ်တွင် စိတ်ချရသည်အထိ ငြှိမ်းသတ်နိုင်ခဲ့ကြသည်။

မီးလောင်ရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရ၏ ကြီးကြပ်မှုဖြင့် ကွပ်ကဲမှု ယာဉ်သုံးစီး၊ အထောက် အကူပြုယာဉ် ငါးစီး၊ တိုင်းကြက်ခြေနီလူနာတင်ယာဉ်နှစ်စီး၊ မီးငြှိမ်း သတ်ယာဉ် ၂၆ စီးတို့နှင့်အတူ သန္ဓေမီးသတ် ၁၇၁ ဦး၊ အရန်မီးသတ်၁၀၂ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၄၂ ဦးတို့က ရေဂါလန် ၄၃၄၁၀အသုံးပြု၍ ဝိုင်းဝန်းငြှိမ်း သတ် အကူအညီပေးခဲ့ကြသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အိမ်ခြေခုနစ်လုံးမှ အိမ်ထောင်စုပေါင်း ဆယ်စု၊ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၀စုစုပေါင်း ၃၉ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မီးဘေး ဒုက္ခသည်များကို မြောက်ဥက္က လာပမြို့နယ် (က)ရပ်ကွက် နွယ်သာကီ လမ်းမကြီးရှိ လူထုမြတ်ပဋ္ဌာန်း ဓမ္မာရုံ၌ ကယ်ဆယ်ရေး စခန်းဖွင့်၍ စောင့်ရှောက်ပေးထားသည်။

MOI Webportal Myanmar