ကျိုင်းတုံမြို့နယ်တွင် တရားမ၀င်သစ်များဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 2/26/2014 08:52:00 AM



ကျိုင်းတုံ ဖေဖော်ဝါရီ ၂၀

ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းဥယျာဉ်တွင် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲဧရိယာမှ(၆)ဘီးကား(၂)စီးမှ သယ်ဆောင်လာသည့် တရာမ၀င်သစ်များ တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(ကျိုင်းတုံ)သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ကိုယ်တိုင် ဦးဆောင်လျက် တစ်ဖက်နိုင်ငံသို့ တရားမ၀င်သစ်နှင့် သစ်တော ထွက်ပစ္စည်းများသယ်ဆောင်နေခြင်းကို ရှာဖွေဖော် ထုတ်ဖမ်းဆီးရန်နှင့်လျော့နည်း ပပျောက်သည် အထိကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညနေ ၆:၃၀နာရီအချိန်တွင် ကျိုင်းတုံမြို့အ၀င် ကျိုင်းဖောင်း ဥယျာဉ်တွင် တောင်ကြီး-ကျိုင်းတုံ ကားလမ်းအတိုင်း မောင်းနှင်လာသည့် ဆန်အိတ်များ၊ လက်ဖက်ခြောက်များ၊ ပြောင်းဆန်အိတ်များဖြင့် ဖုံးအုပ်ထားသည့် ဦးသန်းထိုက်၊ ၁၃/တကန(နိုင်)၂၉၂၅၀၂၊ စင့်ဟယ် ရပ်ကွက်၊ တောင်ကြီးမြို့မှ ဈ/၂၆၄၀(၆)ဘီးယာဉ်ပေါ်တွင် ယင်းတိုက် အနှစ်သား (၄)တန်ခန့်၊ ကာလတန်ဖိုးအားဖြင့် သိန်း(၈၀)ခန့်နှင့် ဦးပိ(ခ)ဦးစိုးမိုးအောင် ၁၃/ကတန(နိုင်)၀၈၄၁၆၄၊ ဝေါ်ခုတ် ကွက်သစ်၊ကျိုင်းတုံမှ ၁ခ/၈၁၅၈(၆)ဘီးယာဉ်ဖြင့် ယင်းတိုက် အနှစ်သား(ဓါးရွှေ)(၂)တန်ခန့် ကာလတန်ဖိုး သိန်း(၄၀)ခန့် တွေ့ရှိဖမ်းဆီး ရမိကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆို အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar