ဈေးသည်မျက်နှာကို ငါးစိမ်းနဲ့ ရိုက်ပြီး ထွက်ပြေးသွားတဲ့ မိန်းကလေးတစ်ယောက်နဲ့  ဓာတ်ပုံရိုက် မှတ်တမ်းတင်ပေးခဲ့တဲ့ ယောင်္ကျားတစ်ယောက်ကို လန်ကတ်ရှိုင်းယားပြည်နယ် ရဲတွေ အလိုရှိနေ

ပို့စ်တင်ချိန် - 2/26/2014 04:17:00 PM



ဒီလို လူသားချင်းမစာနာတဲ့ အပြောင်အပျက်သဘောလုပ်ရပ်တွေကို  ဗြိတိန်မှာ ပြင်းပြင်းထန်ထန်အရေးယူ မယ်လို့ ကြေငြာအပြီးမှာ အခုလို ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

လန်ကတ်ရှိုင်းယားပြည်နယ်၊ Accrington မြို့  ASDA စတိုးဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မိန်းမပျိုလေး တစ်ယောက်ဟာ ငါးတွေရောင်းတဲ့အတန်းဘက်လာပြီး ငါးအမျိုးအစားတွေအကြောင်း မေးမြန်းနေရင်းနဲ့  ရေခဲ ရိုက်ထားတဲ့ရေချိုငါးကြီးတစ်ကောင်ကို ရုတ်တရက်ကောက်ယူပြီး အသက် ၅၂ နှစ်အရွယ် ဈေးသည် မိန်းမကြီး မျက်နှာကို ရိုက်ပြေးခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ဘေးနားမှာ ရပ်နေတဲ့ ယောကျာင်္း တစ်ယောက်က မိုဘိုင်းဖုန်း ကင်မရာနဲ့ ရိုက်ကူးပေးပြီး ထွက်ပြေးသွားခဲ့တယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။

CCTV မှတ်တမ်းတွေအရ မိန်းမပျိုဟာ အသက် ၁၈ နှစ် ကနေ ၁၅ နှစ်ကြား အရွယ်၊ ပခုံးလောက်ရှိတဲ့ ဆံပင် ရွှေရောင်ဖျော့နဲ့ အိုင်းရစ်လူမျိုးတစ်ယောက်ဖြစ်တယ်လို့ သိရှိရပါတယ်။ အနက်ရောင်ဂျင်းဘောင်းဘီ ၊အပြာရောင်ကုတ်အကျီ အနီရောင်ကော်လာနဲ့ ဖြစ်ပြီး ဘယ်ဘက်ရင်အုံအိတ်ကပ်နေရာမှာ I love PB ဆိုတဲ့ တံဆိပ်တစ်ခုပါတယ်လို့ ပုံနဲ့ တကွ ဖော်ပြထားပါတယ်။ ယောင်္ကျားလေးကတော့ အသက်ရွယ်တူ၊ အရပ် ၅ပေ ၈ လက်မခန့် ရှိပြီး၊ မီးခိုးရောင်ရင့် အားကစားဝတ်စုံနဲ့ ဖိနပ်ကို ၀တ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။

အခုလို prank လို့ ခေါ်တဲ့ ကျီစယ်နောက်ပြောင်တဲ့ လုပ်ရပ်တွေကို ဗြိတိန်မှာ အများပြည်သူကို အနှောင့်အယှက်မဖြစ်ရင် ခွင့်ပြုထားပေမယ့် ၊ ဒီလိုမျိုး တစ်ဖက်လူကို နာကျင်ထိခိုက်စော်ကားရာရောက်တဲ့ စနောက်မှုတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြဌာန်းထားပါတယ်။

Ref: Mirror
Trend Myanmar