ရေစိမ်ခံ စူပါ ပါးလွှားမူ Sony Xperia Z2 Tablet

ပို့စ်တင်ချိန် - 2/26/2014 04:38:00 PM


Z2 Tablet

Apple iPad Air ဟာ အရမ်းမိုက်ပြီး အရမ်းအထင်ကြီးစရာ ဒီဇိုင်းရှိပါတယ်. ဒါပေမဲ့ အဲဒါကို ရေချိုးခန်းထဲ ခဏလောက်ဝင်သွားတာနဲ့ ချက်ချင်း ဘ၀ ပျက်သွားပါလိမ့်မယ်။ ဒီနေရာမှာ မျက်နှာပြင် 10.1 ရှိပြီး ရေ စိမ်ခံတဲ့ Sony Xperia Z2 tablet ကို ကြည့်ကြည့်ကြရအောင်ပါ။ Z 2 ဟာ Xperia Tablet Z ကိုပြန်လည် အသစ်တွေအသစ်တွေ နဲ့ ပြန်လည် အသက်သွင်းခဲ့တာဖြစ်ပါတယ်။ 2.3GHz ရှိတဲ့ quad-core Snapdragon 801 processor နဲ့ပေါ့။ နောက်ဆုံးပေါ် Android KitKat software ပါ ပေါင်းထည့်ထားပါသေးတယ်။ ပါလွှားတဲ့ ဒီဇိုင်း နဲ့ အထူ 6.4 mm သာရှိတာ ဖြစ်ပါတယ်။ လာမည့်မတ်လအတွင်းမှာ ဥရောပနဲ့ ယူကေ စတဲ့ ကမ္ဘာ့ တစ်လွှားမှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ယူရို (300 ) အထက်မှာ ရှိဖို့တော့ ရှိပါတယ်။

ဒီဇိုင်း

အရင်ကထွက်ရှိခဲ့တဲ့ Xperia Tablet Z ဟာ 6.9 mm ဖြစ်ပြီး ယခု မော်ဒယ်လ်အသစ်ဖြစ်တဲ့ Z2 Tablet မှာတော့ ပိုပြီး ပါးလွှားထားတဲ့ 6.4mm ပဲရှိတာကို တွေ့ရမှာပါ။ အလေးချိန်ကလည်း ပေါ့ပါးတဲ့ 426 g ဖြစ်တဲ့အတွက် သယ်ဆောင်ရလွယ်ကူစေမှာ အမှန်ပါပဲ။ ဒီဇိုင်းပိုင်းကတောပ အရင်ထွက် မော်ဒယ်လ်နဲ့ အရမ်းကြီး မပြောင်းလဲ သွားခဲ့ပါဘူး။ အရှေ့ဖက်မှာတော့ ခလုတ်အဖု လုံးဝမပါဝင်ပဲ ဖန်သားမျက်နှာပြင် တစ်ပြင်လုံးကိုသာတွေ့ရမှာပါ။ အနောက်ဖက်မှာတော့ အမည်းရောင် ပလတ်စတစ် ပြင်ကျယ်နောက်ကျောကိုတွေ့ရမှာ ဖြစ်ပါတယ်။ ရေကတော့ လုံးဝ စိမ်ခံပြီး ရေမ၀င်ဖို့ကို အဓိက( micro SD card slot) ရေ၀င်နိင်တဲ့ နေရာတွေကို ရာဘာ Flap တွေနဲ့ ကာကွယ်ပေးထားပါတယ်။

မျက်နှာပြင်

10.1-inch display ဖြစ်ပြီး Full HD resolutionတွေ ထောက်ပံပေးထားပါတယ်။ သို့ပေမဲ့ i Pad Air ရဲ့ 2048x1536-pixel ကိုတော့ မယှဉ်နိင်ခဲ့ပါဘူး။ TV တွေထုတ်လုပ်တဲ့ လိုင်းပေါ်မှာ ရှိတဲ့ Triluminous' display technology နည်းပညာကိုသုံးထားတယ်လို့ ဆိုနီက ရှင်းပြခဲ့ပါတယ်။

အစိတ်အပိုင်းများ

အထင်ကြီးစရာ 2.3GHz ရှိတဲ့ quad-core Qualcomm Snapdragon 801 processor သုံးပြီး 3GB of RAM ရှိပါတယ်။ Android OS က နောက်ဆုံးထွက်ဖြစ်တဲ့ 4.4.2 KitKat ပါ။ 8-megapixel ရှိတဲ့ ကျောဖက် ကင်မရာပါရှိတယ်လို့ သိရပါတယ်။

Aung Heine ( www.smart.com.mm )