ဧည့်ကြို

ပို့စ်တင်ချိန် - 10/30/2013 06:16:00 PM


စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလှိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့