ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုပ်ရှင်ကား အညာသား ၄ဦး မဏာမရွေးချယ်ပြီး

ပို့စ်တင်ချိန် - 3/07/2014 12:43:00 PM


ရန်ကုန်၊ မတ် ၅

မြန်မာနိုင်ငံ၏ ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းအား အခြေခံ၍ ရုပ်ရှင် ရိုက်ကူးခြင်းကို ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာ စတီဗင်ဆိုဒါဘတ်နှင့် ဦး ဇာဂနာတို့ ပူးတွဲ၍ စီစဉ်နေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေရာတွင် သရုပ်ဆောင်ရန် အညာသား သရုပ်ဆောင် ၄ ယောက်ကို ပဏာမ အဆင့် ရွေးချယ်ထားပြီးဖြစ်သည်ဟု ဦးဇာဂနာက မတ် ၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ကျွန်တော်မြင်ထားတဲ့ လူတွေတော့ရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကတော့ ဒါရိုက်တာလုပ်ရမှာပေါ့။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေနဲ့ တူတဲ့ အညာသား သရုပ်ဆောင် ၄ ယောက်၊ ၅ ယောက်လောက် ရှိ တယ်။ သူတို့က လုပ်လည်း လုပ်နိုင်တယ်။ သင်တန်းတက်နေတဲ့ လူတွေလည်း ဖြစ်တော့လေ။ ဇာတ်ကားအတွက် သရုပ်ဆောင်က ၆ ယောက်လိုတာပေါ့။ အသက် ၂၀ အရွယ်ကနေ စပြီးအခု အသက် အရွယ်အထိဆိုတော့ လောလောဆယ်မှာ ၄ ယောက်ရဲ့ ဓာတ်ပုံတွေ ရထားပါတယ်””ဟု ဦးဇာဂနာက ဆိုသည်။…

ဦးဇာဂနာသည် လက်ရှိတွင် ရှမ်းပြည်နယ်သို့ ရောက်ရှိနေပြီး ဧပြီလတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ အဆိုပါ ရုပ်ရှင်အတွက် ဒါရိုက်တာနှင့်သွား၍ တွေ့ဆုံမည်ဟုလည်း ပြောသည်။ ရုပ်ရှင်ရိုက် ကူးရန် ၅၀ ရာခိုင်နှုန်းခန့် သေချာလျက်ရှိပြီး ရုပ်ရှင်ရိုက်ကူး ရန် ငွေရေးကြေးေ ရးနှင့် ဒါရိုက်တာဘက်မှ အဆင်ပြေပါက စတင် ရိုက်ကူးနိုင်မည်ဖြစ်သည်။

ယခုရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကို အင်္ဂလန်နိုင်ငံ ကမ္ဘာကျော် စာရေးဆရာ ဘက်နက်ဒစ်ရော်ဂျာ ရေးသားခဲ့သော မြန်မာနိုင်ငံ၏ ယခင် အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း ရေးသားထားသော စာအုပ်မှ ရိုက်ကူးမည်ဖြစ်ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်ခန့်ကထွက်ရှိခဲ့ရာ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ ကောင်းသောအကြောင်းအရာများနှင့် ဆိုးသောအကြောင်းအရာများ မျှတ အောင် ရေးသားဖော်ပြ ထားသော စာအုပ်ဖြစ်သည်။

ဧပြီဦး
Myanmar Thandawsint Newspaper