နှစ်တစ်ရာနီးပါးရှိအာလိန်ငါးဆင့်စေတီတော်ကို ရှေးမူမပျက် ပြုပြင်ကြစေချင်

ပို့စ်တင်ချိန် - 3/07/2014 12:17:00 PM


ယခုခေတ်အခါ ရှေးဟောင်းလက်ရာများကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနေကြပြီဖြစ်သဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်မိုင်ရွာသစ်ကျေးရွာ၌ အများစုပေါင်းသည့် အလှူတော်ငွေဖြင့် တည်ထားခဲ့သော နှစ်တစ်ရာနီးပါးရှိ အာလိန်ငါးဆင့် စေတီတော်မြတ်၏ ပုံတော်လက်ရာသည် အလွန်ရှားပါးသည့် လက်ရာ စေတီတော်ပုံဖြစ်သဖြင့် ကြည်ညိုဖွယ် ကောင်းလှပါသည်။

ယခုအခါ ထိုစေတီတော်မြတ်ကိုဘေးမှငုံ၍ လက်ရာသစ်အခြား ပုံတော်ဒီဇိုင်းဖြင့် ပြန်လည်တည်ဆောက်ရန်စတင်လုပ်ငန်းဆောင်ရွက် နေကြပြီဟုသိရပါသည်။ ရှေးဟောင်းအမွေအနှစ်ဆိုသည်မှာ နှစ်ဟောင်းကြာမြင့်လေ တန်ဖိုးအနဂ္ဃထိုက်တန်လေ ဖြစ်ပါသည်။

ထို့ကြောင့် ဆယ်မိုင်ရွာသစ်ရှိ ထိုအာလိန်ငါးဆင့် စေတီတော်မြတ်ကို ပတ်လည်ဝန်းရံဌာပနာ၍ အသစ်ငုံတည် ကြမည့် လုပ်ငန်းထက် ယိုယွင်းပျက်စီးနေသည့် နေရာများကို အနီးကပ်မှတ်တမ်း ဓာတ်ပုံရိုက်ယူလျက် မူရင်းရှေးလက်ရာ မပျက်စီး မထိခိုက်အောင် ပညာရှင်အဆင့်ရှိသူများ၊ ရှေးဟောင်းလက်ရာ တန်ဖိုးထား ဆရာတော် သံဃာတော်နှင့် သက်ဆိုင်ရာ သာသနာရေးရာ ခရိုင်/မြို့နယ်ရှိ အုပ်ချုပ်သူများ၏ အကြံဉာဏ် များကို ရယူဆောင်ရွက် သင့်လှပါသည်။ သို့မှသာ မိုးညှင်းမြို့နယ်၏ ရှေးဟောင်းအမွေအနှစ်အဖြစ် ကျန်ခဲ့၍ နှစ်ပေါင်းရှည်ကြာလာသည်နှင့်အမျှအဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်အဖြစ် နောက်လူငယ်များ အတွက် ကျန်ရစ်ခဲ့ပါမည်ဟု အကြံပြု ရေးသားလိုက်ရပါသည်။

MOI Webportal Myanmar