မိုရက်စ်က ဥာဏ်ကြီးရှင်တစ်ယောက်ပါ

ပို့စ်တင်ချိန် - 3/07/2014 10:07:00 AM




ယခုလ ၁၆ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ မန်ယူနှင့် ကစားရမည့် ပွဲစဉ်မတိုင်မီ မန်ယူနည်းပြ မိုရက်စ်ကို လှောင်ပြောင်ရန် လီဗာပူး ပရိသတ်များ စီစဉ်နေကြသည်ဟု သိရသည်။ မန်ယူမှာ အန်ဖီးလ်ကွင်းတွင် ကစားခဲ့သည့် ပထမအကျော့ ပွဲစဉ်၌ စတာရစ်၏ တစ်လုံးတည်းသောဂိုးဖြင့် ရှုံးပွဲကြုံခဲ့ပြီး လက်ရှိအမှတ်ပေးဇယား ရပ်တည်မှုအရ လီဗာပူးထက် ၁၄မှတ် လျော့နည်းနေသည်။

မန်ယူနှင့်ပွဲစဉ်တွင် မိုရက်စ်ကို လှောင်ပြောင်ရန် စီစဉ်နေသည့် လီဗာပူး ပရိသတ်များမှာ “မိုရက်စ်က ဥာဏ်ကြီးရှင်တစ်ယောက်ပါ”ဆိုသည့် စာတမ်းများ ကိုင်ဆောင်ဖော်ပြသွားဖွယ် ရှိနေသည်။ မန်ယူမှာ ၂၀၀၁-၀၂ရာသီနောက်ပိုင်း လီဗာပူးထက် ရာသီကုန် ရပ်တည်မှု ကောင်းမွန်ခဲ့သော်လည်း မိုရက်စ် လက်ထက်တွင် ဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ရာသီကုန်တွင် လီဗာပူးထက် ရပ်တည်မှု နိမ့်ကျဖွယ်ရှိနေသည်။

@z (ရိုးရာလေး)