ကုမ္ပဏီပေါင်း ၁ သောင်းကျော် အခွန်ဆောင်ရန် ပျက်ကွက်

ပို့စ်တင်ချိန် - 3/07/2014 05:51:00 PM


၂၀၁၂ ဧပြီလကစပြီး ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံ ပြည်တွင်းက ကုမ္ပဏီပေါင်း ၁ သောင်းကျော် အခွန်ရုံးနဲ့ ဆက်သွယ်ဖို့နဲ့ အခွန်ပေးဆောင်ဖို့ ပျက်ကွက်နေတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီကုမ္ပဏီတွေအနေနဲ့ လာမယ့် ၂၀၁၄ မတ် ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အခွန်ရုံးကို လာရောက်ဖို့၊ အခွန်ဘာကြောင့် ပေးဆောင်ခြင်း မရှိသလဲဆိုတာ ပုံစံဖြည့်သွင်း ဆောင်ရွက်ဖို့၊ ဒါမှမဟုတ် သိလိုတာ လာရောက်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီ ကုမ္ပဏီ ၁ သောင်းကျော်ဟာ ဘယ်အခွန်အမျိုးအစားတွေ ပေးဆောင်ဖို့ ပျက်ကွက်တယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ပြည်တွင်းအခွန်များဦးစီးဌာနဟာ ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်က အခွန် ၂ ဒဿမ ၇ ထရီလီယံ ကောက်ခံရခဲ့တာကနေ လာမယ့် ၂၀၁၄ – ၁၅ ကျရင် ၂ ဆ တိုးပြီး ကျပ်ငွေ ၅ ထရီလီယံလောက် ကောက်ခံဖို့ ရည်ရွယ်ထားတယ်လို့ အခွန်အကောက်ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

DVB Burmese