Galaxy S5 အား နိုင်ငံတကာတွင် ရောင်းချမှု အခြေအနေ

ပို့စ်တင်ချိန် - 3/07/2014 11:58:00 AM


မကြာသေးမီက မိတ်ဆက်ပွဲထုတ်လိုက်သော Samsung ၏ Galaxy S5 အား အစောပိုင်းက တောင်ကိုရီးယား၊ နယ်သာလန်နှင့် ရိုမေနီးယား နိုင်ငံတို့တွင်သာ အော်ဒါမှာ ၀ယ်ယူနိုင်ရာမှ ယခုအခါ ဆွီဒင်၊ ရုရှားနှင့် ချက်သမ္မတနိုင်ငံတို့တွင် ကြိုတင်အော်ဒါမှာ ၀ယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဆွီဒင်နိုင်ငံတွင် အဆိုပါ Galaxy S5 စမတ်ဖုန်းကို ဆွီဒင်ငွေ ၆၂၀၀ (ဒေါ်လာ ၉၅၀) ခန့်ဖြင့် အရစ်ကျ ၀ယ်ယူနိုင်ပြီး ဆွီဒင်နိုင်ငံတွင်း Telecom တစ်ခုမှလည်း အဆိုပါဖုန်းကို တစ်လလျှင် ဆွီဒင်ငွေ ၃၂၈ ဖြင့် အရစ်ကျရောင်းချလျက် ရှိကာ 32GB microSD ကဒ် တစ်ခုပါ လက်ဆောင်ထည့်ပေး သွားမည်ဟု ဆိုသည်။
Galaxy S5 အား အရောင်အသွေး စုံလင်စွာ ထုတ်လုပ်ထားသော်လည်း ဖြန့်ချိသည့် Telecom ကုမ္ပဏီအလိုက် ဟန်းဆက်အရောင် ရရှိနိုင်မှု ကွာခြားလျက်ရှိသည်။ ရုရှားရှိ Samsung ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်မူ အဆိုပါ Galaxy S5 ဖုန်းကို ကန်ဒေါ်လာ ၈၃၀ ဖြင့် ကြိုတင်အော်ဒါ မှာယူနိုင်ပြီဟု ကြေညာထားပြီး အဖြူနှင့် အနက် အရောင် ၂ မျိုးသာ ၀ယ်ယူရရှိနိုင်ဦးမည် ဖြစ်သည်။
ချက်သမ္မတနိုင်ငံတွင်မူ ကန်ဒေါ်လာ ၉၅၀ ဖြင့် ဈေးနှုန်းကြေညာ ထားပြီး အဖြူ၊ အနက်၊ အပြာနှင့် ရွှေရောင် ကာလာစုံ ရရှိနိုင်မည်ဟု GSM ARENA ၏ သတင်းတစ်ပုဒ်အရ သိရသည်။

Consumer Guide