မွေးကင်းစကလေးငယ်များတွင် ခံစားနေရသော HIV ပိုးပျောက်ကင်းနိုင်သည့်နည်းလမ်း တွေ့ရှိ ရိုက်တာ

ပို့စ်တင်ချိန် - 3/07/2014 09:42:00 PM

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မွေးဖွားခဲ့ပြီး HIV ရောဂါပိုးမွေးရာပါ ပါလာ သော ကလေးငယ်တစ်ဦး

အား မွေးပြီးပြီးချင်း လေးနာရီခန့် အကြာမှစတင်၍ ဆရာဝန်များက ဆေးကုသ ပေးခဲ့ရာ ယခုထိုကလေးငယ် ကိုးလအရွယ်အရောက်တွင် စောစောစီးစီးကုသမှုများ၏ အကျိုးဆက်အဖြစ် ရောဂါပျောက်ကင်းသွား ပြီဟု ယူဆရကြောင်း ဆေးပညာဆိုင်ရာ သုတေသီများက ပြောကြားခဲ့သည်ဟု မတ်လ ၆ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုကဲသို့ ကလေးငယ်တစ်ဦး HIV ရောဂါပိုး ကုသပျောက်ကင်းသွားခြင်းမှာ ယခုအခါ ဒုတိယအကြိမ်ဖြစ် သည်။ ပထမအကြိမ်မှာ မစ္စစ္စပီမြို့မှ ကလေးငယ်တစ်ဦးဖြစ်ပြီး ထိုကလေးငယ် မွေးဖွားပြီးချင်း နာရီ အနည်းငယ်အကြာတွင် ဆရာဝန်များက အေအာဗွီ (antiretroviral) ဆေးဝါးများ ဖြင့်ကုသပေးခဲ့ရာ နောက်ပိုင်းတွင်

ထိုကလေးငယ်ရောဂါမှ ကင်းလွတ်သွားပြီဟု ယူဆရကြောင်း ကြေညာနိုင်ခဲ့သည်ဟု ဂျွန်ဟော့ကင်း ဆေးကျောင်းမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒီဘိုရားပါဆော့ဒ်က ဘော်စတွန်မြို့ တွင်ပြုလုပ်ခဲ့သော ဆေးပညာကွန်ဖရင့်တစ်ခုတွင် ပြောသည်။

“ကလေးငယ်မှာ HIV ပိုးမရှိတော့ပါဘူး” ဟု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်မြို့ပြင်တွင် မွေး ဖွားခဲ့ကာ ယခုအခါ ကိုးလအရွယ်ရှိနေပြီဖြစ်ပြီး မေးလ်လာ ကလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်ကို ရည်ညွှန်း၍ ဒေါက်တာပါဆော့ဒ်က ပြောကြားခဲ့သည်။ ကလေးငယ် မည်သူမည်ဝါဖြစ် ကြောင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုကလေးငယ်အနေဖြင့် အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး ဆေးဝါးသုံးမျိုးကို
သောက်နေရဆဲ ဖြစ်သည်။ သို့ရာတွင် မစ္စစ္စပီမှ ကလေးငယ်မှာမူ ယခုအခါ အသက်သုံး နှစ်ခွဲရှိပြီဖြစ်ပြီး လွန်ခဲ့သော နှစ်,နှစ် အကြာ ကတည်းက အေအာဗွီကုသမှုများ ခံယူစရာ လုံးဝမလိုတော့ဟု ဆိုသည်။

ထိုကလေးငယ်များအား HIV ရောဂါပိုးရှိသော မိခင်များက မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ HIV ဗိုင်းရပ်စ်ပိုးသည် အေအိုဒီအက်စ် ရောဂါကိုဖြစ်စေကာ ကိုယ်ခံအား ကျဆင်းစေသောဗိုင်းရပ်စ်ပိုး ဖြစ်သည်။

Mizzima မဇ္ဈိမ