ငလျင်မလှုပ်ခင် အလင်းရောင်ထွက်ပေါ်မှု

ပို့စ်တင်ချိန် - 3/07/2014 12:40:00 PM


အင်အားပြင်းတဲ့ ငလျင်ကြီးတွေ မလှုပ်ခင်မှာ ကြိုတင် တွေ့မြင်ရလေ့ရှိတဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ အလင်းရောင်ဟာ ဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာကို အခုအခါ အမေရိကန် သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အရင်က ရှင်းမပြနိုင်တဲ့ အလင်းရောင် ထွက်ပေါ်မှုတွေကို တရုတ်ပြည်နဲ့ အီတလီနိုင်ငံတို့မှာ ငလျင်ကြီးတွေ မလှုပ်မီ ကြိုတင် မြင်ခဲ့ကြရပါတယ်။

အခုတော့ သိပ္ပံပညာရှင်တွေက ကမ္ဘာ့အတွင်းပိုင်းက မြေဆီလွှာတွေ လှုပ်ရှားမှုကြောင့် အားကြီးတဲ့ လျှပ်စစ်ဓာတ် ထွက်ပေါ်လာရာကနေ ဒီလို ထူးဆန်းတဲ့အလင်းရောင် ထွက်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီယူဆချက်နဲ့ ပတ်သက်ပြီး သက်သေပြချက်အဖြစ် ပညာရှင်တွေဟာ ဂျုံမှုန့်ထည့်ထားတဲ့ ဘူးတွေနဲ့ စမ်းသပ်ခဲ့ရာမှာ ယခင် မသိသေးတဲ့ ရူပပေဗဒဆိုင်ရာ တွေ့ရှိချက်အသစ်ကို ရှာတွေ့ခဲ့ပါတယ်။

ဒီစမ်းသပ်ချက်အရ ဂျုံမှုန့် သိပ်ထည့်ထားတဲ့ ဘူးကို လှုပ်ခါပြီး အတွင်းက ဂျုံတွေ အက်ကွဲသည်အထိ လှုပ်ခါတဲ့အခါမှာ လျှပ်စစ်ဓာတ်တွေ အလိုလို ထွက်ပေါ်လာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

BBC Burmese