Facebook စာမျက်နှာသစ် စီစဉ်

ပို့စ်တင်ချိန် - 3/07/2014 11:08:00 AM


အရင် ကြားရှိခဲ့တဲ့ facebook News Feed ပြောင်းမည့်ကိစ္စကို ယနေ့ ဖေ့ဘုတ်ရုံးချုပ် တည်ရှိရာ Menlo Park တွင် အတည်ပြုပြောကြားလိုက်ပါပြီ။
ယခု ကျတော်တို့ထံသို့ရောက်ရှိလာမဲ့ ဖေ့ဘုတ်ရဲ့ ဒီဇိုင်း အသစ်ကတော့ ပိုပြီး ကြီးမားတဲ့ ရုပ်ပုံတွေနဲ့ ဖြစ်ပါတယ်။ အရင် က iCon တွေနဲ့
ရူပ်ပွနေတတ်တဲ့ ဘယ်ဘက်ကော်လံက အခုဆိုရင် ရှင်းလင်းစွာဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်တဲ့ဓာတ်ပုံတွေကိုလည်း နှစ်ပုံတွဲတင်ရင်တောင်မှ
ဆိုဒ်အပြည့်နဲ့ တွေ့နိင်မှာ ဖြစ်ပါတယ်။ ထို News feed ဟာဆိုရင် ယနေ့ကို စတင်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မကြာခင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

recode.net ရဲ့ ရှင်းလင်းချက်အရ အဆိုပါနောက်ဆုံး ဒီဇိုင်းကို စမ်းသပ်ရာတွင် ရလဒ်အနေနဲ့ ညံဖျင်းတဲ့ ရလဒ်တွေဖြစ်လာခဲ့ပြီး အခု လောလောဆယ် User အနည်းငယ်လောက်ကိုသာ ပေးသုံးခဲ့ပြီး အကုန်လုံးနီးပါး မကြိုက်ကြဘူးလို့သိရပါတယ်။ ဒါကြောင်း UI ကိုပြည့်စုံဖို့အတွက် ပြန်လည် စဉ်းစားခြင်းတွေပြုလုပ်ခဲ့ပြီး မတ်လကုန်လောက်တွင် ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်မို့ ဘယ်ဘက်အထက်ကော်လံက ပြောင်းသွားပြီး နောက်ဆုံး ဒီိဇိုင်းအနေနဲ့ သင့် News feed ပေါ်က ပုံတွေဟာ ပိုပြီး ကြီးမားနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ PC, Tablet, တွေအတွက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Smart Pro Journal