ကမ္ဘာ့အမြန်ဆုံး MiFi E5786 ကို Huawei ထုတ်ဖော်ပြသ

ပို့စ်တင်ချိန် - 3/07/2014 11:05:00 AM


Huawei သည် ကမ္ဘာ့အမြန်ဆုံး MiFi Huawei E5786 ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သည့် Mobile World Congress ၌ ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ MiFi အသစ်သည် LTE ကွန်ရက်များဖြင့် ချိတ်ဆက်နိုင်ပြီး download speed 300 Mbps ရရှိအောင် ထောက်ပံ့ပေးကာ upload speed 100 Mbps ရရှိနိုင်မည်ဖြစ်သည်။ ၎င်း MiFi သည် Wi-Fi 802.11a/b/g/n နှင့် 802.11ac တို့ကို ထောက်ပံ့ပေးနိုင်ကာ Wi-Fi မှတစ်ဆင့် LTE ကွန်ရက်ကို ထုတ်ကုန်ဆယ်မျိုးအထိ ချိတ်ဆက်အသုံးနိုင်သည်။

၎င်းထုတ်ကုန်တွင် ဘက်ထရီ 3,000 mAh အသုံးပြုထားသောကြောင့် ၁၀ နာရီခန့် အသုံးပြုနိုင်သည်။ အခြားထုတ်ကုန်များကိုလည်း MiFi တွင် ချိတ်ဆက်၍ အားဖြည့်တင်းခြင်းများ ပြုလုပ်နိုင်သည်။
စိုးထက်
Ref : CNET
Internet Journal