သင်းကွပ်တယ်ဆိုတာ

ပို့စ်တင်ချိန် - 3/07/2014 12:42:00 PM


လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားကြီးတွေရဲ့  ဒုက္ခ တစ်မျိုးဖြစ်တဲ့ ဝှေးသင်းခြင်း ဆိုတာတွေကို ကျတော်တို့ အောက်ပြည်အောက်ရွာတွေမှာ အခုနောက်ပိုင်း မတွေ့ ရပေမယ့် စက်မှုလယ်ယာ မထွန်းကားသေးတဲ့ တချို့ နယ်တွေမှာတော့ တွေ့ နေရမြဲဖြစ်ပါတယ် ။

ကျတော်ရောက်ခဲ့တဲ့ ယောနယ်က ရွာလေးမှာ နွားဝှေးသင်းတဲ့ ကိစ္စတစ်ခု လတ်တလော အချိန်လေးကမှ လုပ်ခဲ့ပြီးတာဖြစ်လို့ သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းနဲ့ ရိုက်ထားတဲ့ ဒီပုံလေးကို ထုတ်ပြပါတယ် ။

ကျတော်ငယ်ငယ်က နွားဝှေးသင်းတာကို နဘေးကနေ သင်းခံနေရတဲ့ နွားကြီးကိုယ်စား အံကြိတ်ပြီး စိတ်မကောင်းစွာနဲ့ ကြည့်နေခဲ့ဖူးပေမယ့် အခု ဒီပုံလေးကေိုမြင်ရတဲ့ အချိန်မှာ အဲဒီတုန်းအခါက ခံစားခဲ့ ရသလိုမျိုးအသစ်ပြန်လည်ခံစားနေရပါတယ် ။

သူငယ်ချင်းရဲ့ ပြောပြချက်အရ အဲဒီဝှေးသင်းခံရတဲ့ နွားကြီးဟာ
ပြီးလည်းပြီးတော့ နာကျင်တဲ့ ဒါဏ်ကြောင့် ဘာမှ မလှုပ်နိုင်တော့ပဲ ဖင်ထိုင်ပြီး အရုပ်ကြီးပြတ်လဲကျ သွားခဲ့ရတယ်လို့ ဆိုပါတယ် ။

ကျတော်တို့ လူသားတွေဟာ အတ္တ တော်တော်ကြီးမားတဲ့ သတ္တ၀ါအမျိုးစားတွေ ဖြစ်ပါတယ် ။ သူတို့ လယ်ယာလုပ်ငန်းခွင်တွေ ထဲမှာ ခိုင်းနွားကြီးတွေကို သူတို့ခိုင်းသမျှ ကျိုးနွံစွာနဲ့ အလုပ် လုပ်နိုင်စေဖို့ အခုလို ဝှေးသင်းပြစ်တာဖြစ်တယ်လို့ သိရပါတယ် ။

တကယ်တော့ အဆင့်မြင့် သတ္တ၀ါတွေဖြစ်တဲ့ ခိုင်းနွားတွေကို သူသဘ၀ အတိုင်းဖြစ်ပေါ်လာတဲ့ လိင်စိတ်ကိုချိုးနှိမ်ပြီး မျိုးဆက်ပြန့်ပွားမှုကိုပါ တားဆီးပြစ်တာမျိုးကို တော့ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် မလုပ်သင့် မလုပ်အပ်တဲ့ အလုပ်ရပ်တစ်ခုလို့ ကျတော့် အနေနဲ့ မြင်မိပါတယ် ။

ဒီဝှေးသင်းတဲ့ ကိစ္စမျိုးတွေကို မဖြစ်မနေလုပ်ကြရမယ်ဆိုရင်လည်း သင်းကွတ်ခဲရတဲ့ သတ္တ၀ါကြီးတွေကို မနာကျင်စေတဲ့ နည်းမျိုးကို အသုံးပြုပြီး ပြုလုပ်ကြစေချင်ပါတယ် ။

အခုချိန်မှာ ခေတ်မှီနည်းတွေ ပေါ်ပေါက်နေပြီဆိုတာကိုလည်း ကြားခဲ့ဖူးပါတယ် ။ ဒါကြောင့်မို့ ခိုင်းနွားကြီးတွေ နာကျင်မှုဒါဏ် ကင်းဝေးတဲ့ သင်းကွပ်တဲ့ နည်းပညာတွေ ကျေးလက်က
တောင်သူလယ်သမားများဆီ မြန်မြန် ပျံ့ နှံစေဖို့သာ ကျတော့အနေနဲ့ ဆုတောင်းနေမိပါတော့တယ် ။

Yannaung Soe