iPhone 6 သတ်မှတ်ထားတဲ့ အချိန်ထက် စောထွက်ဖွယ်ရှိ

ပို့စ်တင်ချိန် - 3/07/2014 11:04:00 AM


လတ်တလော ထိုင်ဝမ်အခြေစိုက် စီးပွားရေးသတင်းစာ တစ်ခုမှ ထွက်ပေါ်လာတဲ့ သတင်းများအရ Apple ဟာ သူတို့ရဲ့ iPhone 6 ကို သတ်မှတ်ထားတဲ့ အချိန်ထက် စောစီးစွာ ပွဲထုတ်ဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။ ဤသတင်းအရ Apple ကိရိယာမှန်သမျှကို ဒိုင်ခံ ထုတ်လုပ်ပေးနေတဲ့ Foxconn ကုမ္ပဏီက ယခုနှစ် တစ်နှစ်ထဲမှာပဲ iPhone 6 အလုံးရေ သန်း ၉ဝ ကို အော်ဒါလက်ခံရရှိ ရန် မျှော်လင့်နေကြောင်း သိရပါတယ်။
ယခုသတင်းသာ မှန်ကန်ခဲ့မယ်ဆိုပါက Apple ဟာ သူတို့ရဲ့လျာထားချက် ပြည့်မီရန် iPhone 6 ကို စောစီးစွာ ပွဲထုတ်ရမှာဖြစ်ပါတယ်။ အခြား အတည်မပြုနိုင်သေးတဲ့ ကောလာဟလ သတင်းများအရ iPhone 6 မှာ ယခင်ရှိရင်းစွဲ Gorilla Glass ဖန်သားပြင်ကို အသုံးမပြုတော့ဘဲ သူ့ထက် ပိုမိုခိုင်ခံ့ပြီး ခြစ်ရာပွန်းရာဒဏ်ခံနိုင်တဲ့ Sapphire Glass ဖန်သားပြင်ကို အစားထိုး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ် (၂ဝ၁၃) မှာ Apple ဟာ သူ့ရဲ့ အဓိကပြိုင်ဘက် Samsung နဲ့ အခြား စမတ်ဖုန်းထုတ်လုပ်သူများရဲ့ ဖုန်းများထက်သေးငယ်တဲ့  မျက်နှာပြင်အကျယ် ၄ လက်မရှိ  iPhone 5c နဲ့ iPhone 5s တို့ကို ထုတ်လုပ်ခဲ့တာကြောင့် ယင်းဖုန်း ရောင်းချရနှုန်းမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ဒါကြောင့် ဒီတစ်ခါ အသစ်ထွက်မယ့် iPhone 6 ကို မျက်နှာပြင်ကြီးကြီး၊ ကင်မရာ ကောင်းကောင်းနဲ့ အခြား အဆင့်မြှင့်တင်မှုတွေ မလွဲမသွေပါဝင်လာမှာ ဖြစ်ပါတယ်။
Apple ဟာ iPhone အလုံးရေ စုစုပေါင်း ၁၅၃.၄ သန်းကို ၂ဝ၁၃ ခုနှစ်ထဲမှာ ရောင်းချခဲ့ရပြီး၊ iPhone အလုံးရေ သန်း ၁၉ဝ အထိ ၂ဝ၁၄ ခုနှစ်အတွင်း ရောင်းချနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူများက တင်ကြိုသုံးသပ် နေကြပါတယ်။
TZ (MCG)
Consumer Guide