ဆယ်တန်းကျောင်းသား ၃၂ ဦး ဘဲဥစားပြီး အစာအဆိပ်သင့်မှုမှာ လက်မဆေးဘဲ ချက်ကျွေးသူ ကြောင့်ဟုဆို

ပို့စ်တင်ချိန် - 3/07/2014 10:13:00 AM


၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက် နေ့က ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီး ထောင့်မြို့နယ်၊ ပေပင်ကြီး ကျေးရွာ၊ အခြေခံ ပညာ အထက်တန်း ကျောင်းခွဲမှ တက္ကသိုလ် ၀င်တန်း ဖြေဆိုမည့် ယောက်ျားလေး (၁၀)ဦး၊ မိန်း ကလေး (၅) ဦး၊ စုစုပေါင်း (၁၅) ဦးအစာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ ချက်ပြုတ် ကျွေးမွေး သူတစ်ဦး၏ လက်မှ Staphylococus aurius ဘက်တီးရီးယား ပိုး တစ်မျိုး တွေ့ရှိခဲ့ပြီး၊ ၄င်း အမျိုးသမီး လက်မဆေးမှု ကြောင့်ဖြစ် ရခြင်း ဖြစ်ကြောင်း၊ ပုသိမ်မြို့ တိုင်း ဒေသကြီး အထွေ ထွေရောဂါကု ဆေးရုံအုပ်ကြီးက ပြောသည်။
““အစာ အဆိပ်သင့်မှု ဘာကြောင့် ဖြစ်ပွား ရလဲဆိုတာ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲ မှုဆိုင် ရာဌာန (NHL) ထံသို့ နမူနာတွေ ပေးပို့စစ် ဆေးစေ ခဲ့ရာမှာ ချက်ပြုတ် ပေးသူ ဒေါ်ခင်ရွှေ အပါဝင် အမျိုးသမီး (၄)ဦးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို စစ်ဆေး ကြည့်တော့ အမျိုးသမီး တစ်ဦးရဲ့ လက်သန့်ရှင်းမှု မရှိဘဲ Staphylococus aurius ဘက်တီးရီးယား ပိုးတစ်မျိုး တွေ့ရှိခဲ့လို့ အဲဒီ ပိုးကြောင့် ဖြစ်ရတာ လို့ပဲ ယူဆ ရတယ်”” ဟု ၄င်းက ဆက်လက် ပြောသည်။
အစာ အဆိပ် သင့်သူ ကျောင်းသား၊ ကျောင်းသူ များသည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လ (၁၄) ရက်နေ့ နံနက် (၆) နာရီ အချိန်ခန့် က ဘဲဥနှင့် ငံပြာရည်ချက် ကို စားသောက်ခဲ့ ကြပြီး နံနက် (၉) နာရီ အချိန် ခန့်တွင် ကျောင်း သား (၆၅) ဦးထဲမှ (၃၂) ဦးဗိုက်အောင့်ပြီး အော့အန်မှုဖြစ်ခဲ့ရာ ပုသိမ် ဆေးရုံကြီးသို့(၁၅) ဦးကို ပို့ဆောင် တင်ပို့ကုသ ခဲ့ရကြောင်း ပေပင် ကြီး အ.ထ.က ကျောင်းမှ အထက်တန်းပြ ဆရာ ဦးစိုးနိုင်က ပြောသည်။
““ကျွန်တော် တို့ကို နေ့တိုင်း စခန်းသွင်း ထားတော့ ကျောင်းသား မိဘတွေက အလှည့် ကျ ကျွေးကြ တာ။ စားပြီး ပြီးချင်း ဘာမှမဖြစ် သေးဘူး။ တော်တော်လေး ကြာတော့မှမူး တယ်၊ ဗိုက်က အောင့်ပြီး အန်တာ။ ဒါကို စားမိ လို့ဖြစ်တာလို့ တော့ခံစား မိတယ်။ အရင်က တစ်ခါမှ မဖြစ်ဘူး ပါဘူး။ ပုသိမ်မှာ တစ်ရက်ပဲ ဆေးကုသမှု ခံလိုက်ပြီး ကောင်းသွားတယ်”” ဟု ပုသိမ် ဆေးရုံကြီး၌ ဆေးကုသမှု ခံခဲ့ရသူ တက္ကသိုလ် ၀င်တန်း ကျောင်းသား မောင်အောင် ကျော်သူက ပြောသည်။
ပေပင်ကြီး ကျေးရွာ သည် ပုသိမ်မြို့နှင့် (၁၃) မိုင်ခန့် ကွာဝေးကြောင်း၊ အခြေခံ ပညာ အထက်တန်း ကျောင်းခွဲတွင် တက္ကသိုလ်ဝင် တန်း ကျောင်းသား (၆၅) ဦးအား ဇန်န၀ါရီလ (၁)ရက် နေ့မှစ၍ Camp သွင်းထား ရာမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ဘဲဥ ငံပြာရည်ချက် နှင့် ထမင်းစား ပြီးနောက် (၉) နာရီ ခန့်တွင် မူးဝေ အော့အန်ခြင်းများ ဖြစ်ပေါ် ခဲ့ကြကြောင်း၊ ကျောင်းသား မိဘများ မှအလှည့်ကျ စနစ်ဖြင့် ချက်ကျွေး ကြကြောင်း ဒေသခံ ကျောင်းသား မိဘများက ပြောသည်။
Messenger