အခြေခံဥပဒေဖြင့် အာဏာသိမ်းထားခြင်းလော

ပို့စ်တင်ချိန် - 5/10/2014 06:25:00 PM


  ၂၀၀၈ဖွဲ့စည်းပုံတွင် “တိုင်းပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံးအလို စီမံချက်ကြီး”များဖြင့် အာဏာပြန်လည် သိမ်းယူနိုင်သည်အထိ ဖန်တီးထားသည်ကို တွေ့ရသည် . . .

၅၉ (စ) မပြင်ဆင်ရေးလာပြီ

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ် ရေးအတွက် ကြိုတင်ဖန်တီးရေးဆွဲခဲ့သည် ဟု နိုင်ငံရေးရပ်ဝန်းမှ ဝေဖန် လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) ပြင် ဆင်ရေး၊ မပြင်ဆင်ရေး ဒွိဟပွားနေမှုအပေါ် ရှင်းလင်း ပြတ် သားသော သဘောထားတစ် ရပ်အား ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူအများ အမြင်ရှင်းသွားစေရန် လှုပ်ရှားမှု တစ်ခု ကို ၂၀၁၄ မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့ သည်။ လေးမျက်နှာမြို့နယ်တွင် မေလ ၂ရက်က NLD ပါတီမှ ဦး ဆောင်၍ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ပြီး နောက်တစ်ရက် မေလ ၃ ရက် တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ၅၉ (စ) မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ ဤမတိုင်မီ ၅၉ (စ) မပြင်ဆင်ရေး ဟောပြောပွဲ၊ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ဖူးသော် လည်း ပြည်ခိုင်ဖြိုးပါတီ ၏ ခေါင်း စဉ်အောက်တွင်တော့ မဟုတ်ခဲ့ချေ။ မေ လ ၃ ရက် ၅၉ (စ) မပြင်ဆင်ရေးဆန္ဒ ထုတ်ဖော်ပွဲကား ပြည်ခိုင်ဖြိုးပါတီမှ ပထမ ဆုံးအကြိမ် ဦးစီးပြုလုပ်ခြင်း လည်း ဖြစ်သည်။… ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ် မည်ကို မလိုလားသော ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအား တိုင်းသိပြည်သိကြေ ညာလိုက်ခြင်းလည်း မည်၏။ လက်ရှိ အစိုးရ၏ ဆင်ခြေပေးနေကျ မူအတိုင်း ““အောက်ကလုပ်တာ အပေါ်ကမသိလိုက်ဘူး””ဟုဆိုလျှင် မူကား ပြည်ခိုင်ဖြိုးပါတီ အောက်ခြေပိုင်းသည် ဗဟိုကော်မတီအား မထီမဲ့မြင်၊ လျစ်လျူရှုကာ ကိုယ့်သဘော နှင့် ကိုယ်လုပ်ခွင့် ရှိသည့်သဘော သက်ရောက်နေသည်မှာ ဧကန်ဟုသာဆိုရမည်။ သို့သော် အထက်- အောက် စီးဆင်းပုံ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင် ဖြိုးပါတီ၏ ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် နာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၏ သဘောထားဟုသာ ယူဆရပါလိမ့်မည်။ ပြည်ခိုင်ဖြိုးကား ၅၉ (စ)အား ပြင်ဆင်ရန် အလိုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မပေးနိုင်ဟု တစ်နိုင်ငံလုံး အား တိုင်းသိပြည်သိ ပထမဆုံး ကြေညာ လိုက်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကြာမီကာလများတွင် ၅၉ (စ) မပြင် ဆင်ရေး အတွက် ပြည်ခိုင်ဖြိုးဘက် တော်သားများက ဆန္ဒထုတ်ဖော်ပွဲများ ထပ်မံပြုလုပ်လာနိုင်ဖွယ်ရှိ၍ ဖြစ်သည်။

တိုက်ဆိုင်စွာပင် ဧပြီ ၂၀ ရက်၌ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပြီး လူထုဟောပြောပွဲများ၊ ဆန္ဒထုတ်ဖော်ပွဲများ၊ လက်မှတ်ရေးထိုးလှုပ်ရှား မှုများဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှု များအား အရှိန်မြှင့်တင်ရန်ဆုံးဖြတ်၍ ပထမ ဆုံးအကြိမ်အဖြစ် NLD နှင့် ၈၈ တို့ ပူးပေါင်း ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြသည်။

မေလ ၃ ရက် ပြည်ခိုင်ဖြိုး၏ ၅၉ (စ) မပြင်ဆင်ရေးလှုပ်ရှားမှုသည် NLD ၏ ၅၉ (စ) ပြင်ဆင်ရေး လှုပ်ရှားမှု များအား တန်ပြန် အဟန့်သဘောဆောင်နေသည် ဟု နိုင်ငံရေးရပ်ဝန်းက ဝေဖန်သုံးသပ်ခဲ့ကြ သည်။ လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်း ထားသည်မှာ နှစ်ဝက် ခန့်ရှိ နေပြီဖြစ် သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်အများစုပါဝင်သော ကော်မတီမှ မည်သည့် အချက်များပြင်ဆင် မည်၊ မည်သည့် အချက်များမပြင်ဆင်ဟူ၍ တိတိကျကျထုတ်ပြန်ကြေညာခြင်းမရှိဘဲ ကော်မတီတွင်းဆွေးနွေးမှုများအား လျှို့ ၀ှက်ထားရမည်ဟူ၍ သတင်းမီဒီယာတစ်ခု ၏ဖော်ပြချက်အရ သိရသည်။ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ သည် ပြည်တွင်း၊ ပြည်ပတွင် မျက်နှာပန်းလှရုံသက် သက်ဖွဲ့စည်းထားသောကော်မတီဟု ဆိုရ မလိုပင် လက်ရှိ ကာလအထိ ထိရောက် သော သက်ဝင်လှုပ်ရှားမှုမျိုးကား မမြင် တွေ့ရသေးချေ။ အတိတ်မေ့ သလိုလို၊ ရွှေ ပျောက်သလိုလို လုပ်နေသည်ဟုပင် နိုင်ငံရေးသုတေသီတစ်ဦးက ဆိုခဲ့သည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည် သူတွေ ပြင်ချင်သော ဆန်္ဒရှိလျှင် ပြင်ဆင် သင့်ကြောင်း အာဏာရပြည် ခိုင်ဖြိုးပါတီ၏ အကြီးအကဲက ဆိုခဲ့လေသနည်း။ ပြည် ထောင်စုလွှတ်တော်နာယကကြီးကလည်း လွှတ်တော်ထဲ တွင် ဖွဲ့စည်းပုံပြင်ဆင်လိုသူ ကိုယ်စားလှယ်တွေက အများစုဖြစ်ပါသည် ဟု ဆိုခဲ့လေသနည်း။ အများစုဆို သည်မှာ လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များဖြစ် ၍ ပြည်ခိုင်ဖြိုးမှဦးဆောင်၍ ဖွဲ့စည်းပုံမပြင် ရေး ၅၉(စ)အား ဆန်္ဒထုတ်ဖော်ပွဲများလုပ် နေသည်ဆိုလျှင် ပြည်ခိုင်ဖြိုးမှမည်သည့် အချက်များ မပြင်ချင်သည်ကို ခန့်မှန်း၍ပင် ရနိုင်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆လ အလိုတွင် ဖွဲ့စည်းပုံမှ ပြင်ဆင်သင့်သည်များ ပြင်ရမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက၏ ပြောကြားထားချက်အရဆိုလျှင် ၅၉(စ)ကိုတော့ ပြင်ဆင်မပေးချင်သည့် သဘောရှိ သည်ဟု ကောက်ချက်ချနိုင် သည်။ ထို့ပြင် မကြာမီကာလက ပြောကြား သွားခဲ့သော သမ္မတ မိန့်ခွန်းနှင့် ကာချုပ် မိန့်ခွန်းတို့ကိုထောက်ရှုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သော့ခလောက်သဖွယ် ဖြစ်သော ပုဒ်မ ၄၃၆ အားလည်း ပြင်ဆင် မပေးနိုင်ဟု ယူဆ၍ရသည်။ ပုဒ်မ ၄၃၆ မပြင်လျှင် (သို့) စတိသဘော စကား ရပ် အနည်းငယ်သာပြောင်းလဲပြင်ဆင်၍ ပုဒ်မ ၄၃၆ အား သော့ခလောက်အဖြစ် ဆက် လက်ထား ရှိမည်ဆို လျှင် ဖွဲ့စည်းပုံ ပြင် ဆင်ရေးမှာ ဟန်ပြသဘောသာ ဖြစ်နေ ပေလိမ့်မည်။

မေလ ၃ရက် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်သော ဆန္ဒထုတ်ဖော်ပွဲတွင် အချက်သုံးချက် အား တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည်။ (၁) ၅၉(စ) မပြင်ဆင်ရေး၊ (၂) အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး၊ (၃) တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက် များအား ဆိုင်းဘုတ်များကိုင်ကာ တောင်း ဆိုဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး

အာဏာရှင်အစိုးရအဆက်ဆက် သည် သံဃာတော်များ နိုင်ငံရေးကင်းရှင်း ရမည်ဟု အကြိမ်ကြိမ်ဆိုခဲ့သည်။ ထိုသို့ ဆိုလျှင် နိုင်ငံရေးနယ်ပယ်တွင်လည်း ဘာသာရေးအား ခုတုံးလုပ်အမြတ်ထုတ်၍ နိုင်ငံရေးကစားကွက် အသာမယူသင့်ဟု ယူဆမိပါသည်။ ဘာသာတရားကိုင်းရှိုင်း သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစု အတွက် ““အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး””ဟူသောစကားရပ်သည် သည်း ခြေကြိုက်စကားရပ်ဖြစ်သည်။ ၅၉(စ)ပုဒ်မ သည် နိုင်ငံရေးနယ်ပယ်မှဖြစ်သည်။ ပြည် ခိုင်ဖြိုးပါတီဝင်ပြောဆိုသော ““အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး””သည် ၅၉(စ) ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဆိုသည်မှာ နိုင်ငံရေးနှင့် ဘာသာရေးအား ရော ထွေး တွဲစပ်ဖန်တီးယူခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာသိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော ဘာသာရေးဆန်သည့် လူမျိုးရေး ပဋိပက္ခ များ၊ အမျိုးသားရေး အစွန်းရောက် ပြဿနာများတွင် မီဒီယာများ၏အမြင်မှန်ကန်မှု၊ ဘက် နှစ်ဖက်မျှတမှုဖြင့် ဖော်ပြနိုင်စွမ်းရှိမှုသည် ကမ္ဘာ့အလယ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရေးအတွက် လွန်စွာ အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ မီဒီယာကျင့်ဝတ်နှင့်အညီ ဘက်နှစ် ဖက် မျှတအောင် အမုန်းခံရမည်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တင်ပြနိုင်စွမ်းသည် လွန်စွာအရေးကြီးလေသည်။ လက်ရှိကာလ အထိ မငြိမ်းနိုင် သေး သော ပဋိပက္ခများသည် နိုင်ငံရေးပယောဂကြောင့်လား၊ လူထု၏ အသိရေချိန် မရင့်ကျက်မှုကြောင့်လား ဆို သည်ကို ပညာရှင်များ၊ တာဝန်ရှိသူများ ၀ိုင်းဝန်းအဖြေရှာသင့်ပေသည်။

ကွယ်လွန်လေပြီးသော သတင်းစာ ဆရာကြီး ဦးဝင်းတင်ကတော့ နိုင်ငံရေး ပယောဂမဟုတ်ရင်တောင် ပယော ဂတော့ ပယောဂပဲဟု ကောက်ချက်ချခဲ့ဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲကြီး နီးကပ် လာသည်နှင့်အမျှ အမုန်းတရား ဖြန့်ဖြူး ရေးအေဂျင်စီများ အလျှိုလျှို ပေါ် ပါက်လာ နိုင်ပြီး နိုင်ငံရေးအာရုံလွှဲခြင်း (Political masturbation) များ ဖြစ်ပေါ်နိုင်သည်ကို ပြည်သူတစ်ရပ်လုံး အထူးဂရုပြုစောင့်ကြည့် ရန် လိုပေလိမ့်မည်။

တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

န၀တ၊ နအဖလက်ထက်က ဆောင် ပုဒ်နှင့် အသွင်တူ စကားရပ်ပင်ဖြစ်သည်။ ယခင်စစ်အာဏာရှင်ခေတ်တွင် နိုင်ငံရေး လှုပ်ရှားမှုတိုင်းအား အမျိုးသားလုံခြုံရေး ရှုထောင့်တစ်ခုတည်းမှသာ ရှုမြင်၍ နိုင်ငံ ရေးဆိုသည်မှာ နှိမ်နင်းရန်သာဖြစ်ပြီး ထို နှိမ်နင်းမှုအတွက်လည်း တရားမျှတသည် ဟု စစ်အာဏာရှင်များ ခံယူခဲ့ကြသည်။ လက်ရှိ ဒီမိုကရေစီအကူးအပြောင်းကာလ တွင် လူပုဂိ္ဂုလ်အခြေပြု အာဏာချုပ်ကိုင် ခြင်းမရှိတော့သော်လည်း ၂၀၀၈ အခြေခံ ဥပဒေဖြင့် အာဏာအား ထိန်းချုပ်ထားသော အခင်းအကျင်းအား ဖန်တီးထားခဲ့သည်။

၂၀၀၈ အခြေခံဥပဒေတွင် အာဏာ မပြိုလဲအောင် ခံတပ်အဆင့်ဆင့်ဖြင့် သေ ချာစွာ စနစ်တကျ စီမံထား သည်ကို လည်း တွေ့ရသည်။ ၂၀၀၈ဖွဲ့စည်းပုံတွင် ““တိုင်း ပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံး အလို စီမံချက်ကြီး””များဖြင့် အာဏာပြန် လည်သိမ်းယူနိုင်သည်အထိ ဖန်တီးထား သည်ကို တွေ့ရသည်။

သုံးသပ်ချက်

အချုပ်အားဖြင့်ဆိုသော် ဒီဘူတာပဲ ပြန်ဆိုက်ပါတော့မည်။ အခြေခံဥပဒေ၏ အရေးကြီးပုဒ်မများပြင်ဆင်ရပါမည်။ ပြည် တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွားများတိုးတက် ရေး၊ တရားဥပဒေစိုးမိုးရေး အစ ရှိသဖြင့် ခေတ်နောက် ကျန်ရစ် နေသော တိုင်းပြည် အနာဂတ်အတွက် အရေးပါသောကဏ္ဍများ ပြုပြင်ပြောင်းလဲချောမွေ့ရန်မှာ ၂၀၀၈ အခြေခံဥပဒေအား အကောင်းဆုံး မွမ်းမံ ပြင်ဆင်ရပါလိမ့်မည်။ မဟုတ်သော် အရပ် သားတစ်ပိုင်း အစိုးရသည် လည်း ၂၀၀၈ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားခြင်း ဟုသာ ယူဆရပါတော့မည်ဖြစ်ပါကြောင်း။

လင်းထိုက် (Y.I.T)
Myanmartandawsint Newspaper