အရေပြားကင်ဆာကို ရှာဖွေတွေ့ရှိနိင်တဲ့ App

ပို့စ်တင်ချိန် - 5/10/2014 01:00:00 PM



ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုမိုကောင်းမွန်ပါတယ်။ ထို အရေပြားကင်ဆာ ဆိုတာကတော့ အနောက်နိင်ငံတွေလို အသားလှအောင် နေပူစာလှုံတဲ့အလေ့အထတွေပေါ်မှာ မူတည်ကာပိုဖြစ်နိင်ပေမဲ့လို့ ယခုကျတော်တို့ မြန်မာနိင်ငံလို နေပူများတဲ့ အာ၇ှနိင်ငံတွေမှာ လည်းဖြစ်ပွားနိင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
ကင်ဆာဆိုတဲ့အတိုင်း ဘယ်ကင်ဆာမှ မကောင်းပါဘူး။ အခု ကျတော်တို့အသုံးပြုနေတဲ့ စမတ်ဖုန်းတွေကို ဒီလို ကင်ဆာရောဂါကို သတိထားရှာဖွေနိင်တဲ့ ကရိယာတစ်ခု အဖြစ်သုံးလို့ ရတော့မှာပါ။ ဒါဟာကြိုတင်ကာကွယ်ခြင်းတစ်ခု ဖြစ်ပြီး ရောဂါအနာဘယလျော့နည်းစေတဲ့ ထီထွင်မူတစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ (၄)ခုမြောက်
အကြီးမားဆုံမြို့တစ်မြို့ဖြစ်တဲ့ Houston မြို့မှာရှိတဲ့ တက္ကသိုလ်က သုတေသနပြုသူတွေက Dermoscan လို့ခေါ်တဲ့ စမတ်ဖုန်း app တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ထို app ဟာ မယ်လာနိုမိုင်လို့ခေါ်တဲ့ အရေပြားမှာ ကင်ဆာကွက်တွေ အမည်းကွက်တွေ ဖြစ်ပွားတာကို ၇ှာဖွေနိင်စေတဲ့ app တစ်ခုဖြစ်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အမည်းကွက်ပုံသဏ္ဍာန်တွေကို ဓာတ်ပုံရိုက်ခြင်းဖြင့် ရှာဖွေတွေ့ရှိပေးမှာ ဖြစ်ပါတယ်။ ဦးစွာ စမ်းသပ်မူတွေအရ Dermoscan app ဟာ ကင်ဆာ ဖြစ်ပွားနိင်ခြေ အချိန်ရဲ့ ၈၅ ရာခိုင်နှုန်းကို ရှာဖွေနိင်ပြီး ပုံမှန်ရုပ်ပိုင်းဆိုင်ရာ ကင်ဆာကို
စစ်ဆေးချက်တွေထက် တောင်ပိုကောင်းကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ app စတိုးတွေမှာ အခုထိတော့ တင်ထားခြင်း မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးရှာဖွေတွေ့ရှိနိင်ဖို့ရာ app တွင် ရောဂါလက္ခဏာတွေကို ပုံရိပ်ချဲ့ပေးနိင်မဲ့ ဒေါ်လာ ၅၀၀ တန် မှန်ဘီလူးလိုနေလို့ပါ။

ထို app ဟာ ဖွံ့ဖြိုးဆဲနိင်ငံတွေနဲ့ ကျေးလက်ဒေသတွေအတွက်တော့ သတင်းကြီးပါပဲ။ iphone 5S ဟာ ထိုကဲ့သို့ စွမ်းအားရှိတဲ့ tool တွေကို သုံးနိင်လာတဲ့ဖုန်း တစ်လုံးဖြစ်လာနိင်တယ်လို့လည်း သိရပါတယ်။

Aung Heine ...
Smart Pro Journal