သားစိုး နဲ့ နန်းဆုရတီစိုး တို့ ကမ္ဘာ့ဖလား၂ဝ၁၄ကို ဘာ့ကြောင့် ကြိုဆိုတာလဲ

ပို့စ်တင်ချိန် - 5/10/2014 09:50:00 PM


ဘရာဇီးနိုင်ငံမှာ မကြာခင် စတင်တော့မယ့် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အဆိုတော် သားစိုးနဲ့ နန်းဆုရတီစိုးတို့က မေလ ၉ရက်နေ့က ရန်ကုန်မြို့ရဲ့ မုတ်သုန်မိုးအစနဲ့အတူ ကြိုဆိုလိုက်ပါပြီ။ ဘယ်သူက ဘာ့ကြောင့် ကြိုဆိုတာလဲ။

မြန်မာအစိုးရနဲ့ပူးပေါင်းပြီး Sky Net ရုပ်သံလိုင်းကို ထူထောင်ထားတဲ့ ရွှေသံလွင်ကုမ္ပဏီက ၂ဝ၁၄ ကမ္ဘာ့ဖလားကို မြန်မာနိုင်ငံမှာ တရားဝင် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ တာမွေ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပတာလို့ ဆိုပါတယ်။

၂ဝ၁၂ကစပြီး ဥရောပဖလား၊ အိုလံပစ်နဲ့ ဆီးဂိမ်းပွဲစဉ်တွေကို ထုတ်လွှင့်နိုင်ခဲ့ပြီး မြန်မာပြည်မှာ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တစ်ဦးတည်း ထုတ်လွှင့်နိုင်ဖို့ တင်ဒါကို ခက်ခက်ခဲခဲနဲ့ အနိုင်ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရိုဘော့၊ ယူရေနီယံနဲ့ Here and Now Dancer အဖွဲ့တွေနဲ့အတူ အဆိုတော် သားစိုးနဲ့ နန်းဆုရတီစိုးတို့ရဲ့ ဖျော်ဖြေပွဲကို ပရိသတ်တွေ ထောင်နဲ့ချီအားပေးခဲ့ကြပါတယ်။

kamaryut media