ဗောဓိညောင်ပင်အား ကဆုန်လပြည့်နေ့ မြေချ စိုက်ပျိုးမည်

ပို့စ်တင်ချိန် - 5/10/2014 12:33:00 PM


ပြည် မေ ၉
အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ ဒေါ်အောင်ဆန်းစုကြည် အားအမှတ်တရ ထူးခြား မြင့်မြတ်သောလက်ဆောင်မွန်အဖြစ်
ပေးအပ်ခဲ့သောမဟာ ဗောဓိညောင်ပင်အား ကျော်သူ ပရဟိတ
သာသနာပြုအဖွဲ့ မှလာမည့် မေလ (၁၃) ရက်နေ့(ကဆုန်လပြည့်
နေ့ )၌ ပြည်မြို့ ရှိ ပရဟိတအောင်တော်မူစေတီတော်ကြီးတည်ထား
ရန် ဆောင်ရွက်နေသည့်ပရဟိတတောင်ကုန်းတော်ပေါ်၌ မြေချ
စိုက်ပျိုးမည်ဖြစ်ကြောင်းသိရသည်။ယင်း ဗောဓိညောင်ပင်မှာ
အိန္ဒိယနိုင်ငံသို့ မှရန်ကုန်မြို့သို့ ဒေါ်အောင်ဆန်း စုကြည်က ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော်ကြီး(အနိစ္စဆရာတော်ကြီး)ထံ လှူဒါန်းခဲ့ခြင်းဖြစ်ကာဆရာတော်ကြီးပျံလွန်တော်မမူမီက”ဟို …
နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကိုသွားပေးလိုက်ပါ” ဟူ၍ မိန့် မှာခဲ့ခြင်းကြောင့်ပရဟိတလုပ်ငန်းများဆောင်ရွက်နေသူ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူထံ ဆရာတော်ကြီး ၏တပည့်ဒါယကာများက ဆရာတော်ကြီး၏ မိန့်ကြားချက်အတိုင်း
ဗောဓိညောင်ပင်ပေါက်အားပင့်ဆောင်အပ်နှံခဲ့ခြင်းဟုသိရသည်။
မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံရှိ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အားလုံး ကိုယ်စား တည်ထားကိုးကွယ်မည့် “မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်” ကြီးအား နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းထားကြသော အလှူရှင်များ၏ အလှူငွေအား လုံးဝ (လုံးဝ) အသုံးပြု မည်မဟုတ်ကြောင်း၊ပရဟိတ
စိတ် ဓာတ်ရှိသော၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံး
နေကြသော အလှူရှင်များ၊ ပရဟိတသမားများ၊ ပရဟိတအသင်း
အဖွဲ့များမှ သီးခြားလှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်းလည်းဦးကျော်သူကဆိုပါသည်။
အဆိုပါ”မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်”တည်
မည့်တောင်ကုန်းတော်မှာပြည်မြို့  ရွှေဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ်အကြား၌တည်ရှိသည်။


Popular Myanmar News Journal