စည်းကမ်း မလိုက်နာသည့် ယာဉ်မောင်းများကို လိုင်စင် ရာသက်ပန်ပိတ် သိမ်းမည်ဟုဆို

ပို့စ်တင်ချိန် - 5/10/2014 06:17:00 PM

ရန်ကုန်မြို့လယ်တွင် ယာဉ်ထိန်းရဲတစ်ဦး လမ်းရှင်းနေစဉ်။ ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)

 ရန်ကုန်၊ မေ ၉ - ယာဉ်စည်းကမ်း မလိုက်နာသည့် ယာဉ်မောင်းများ၏ လိုင်စင်ကို ရာသက်ပန်ပိတ်သိမ်းသည် အထိ အရေး ယူဆောင် ရွက်တော့ မည် ဖြစ်ကြောင်း သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာ န၏ လက်အောက်တွင်ရှိသော ကုန်း လမ်း ပို့ဆောင်ရေးဌာနမှ ထုတ်ဝေ ထားသည့် ၁၉၆၃မော်တော်ယာဉ်နည်း ဥပဒေ ကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ၎င်းဝန်ကြီးဌာနတို့ မှညှိနှိုင်းကာ ယခု လအတွင်း နည်းဥပဒေပါအတိုင်း ယာဉ်စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများ ၏လိုင်စင်ကို ကန့် သတ်ချက်(သို့)ရာသက်ပန်အထိ ပိတ်သိမ်းအရေးယူတော့ မည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က မေ ၉ရက်တွင် မီဒီယာများသို့ပြောကြား သည်။

''ယာဉ်စည်းကမ်းလိုက်နာမှုမ ရှိတဲ့ယာဉ်မောင်းတွေကို ၁၉၆၃ နည်းဥပဒေ အတိုင်းလိုင်စင်ကို ခြောက် လပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ဝန်ကြီးဌာနကိုတင်ပြတဲ့အခါ နည်း တယ်လို့ပြောတယ်။ အရေးယူမှုတွေ ကို အခုလာမယ့်နှစ်ပတ်အတွင်းမှာ စတင်လုပ်ဆောင်တော့မှာဖြစ်ပါ တယ်''ဟု ဒုရဲမှူးကြီးလင်းထွဋ်က ဆိုသည်။

ယခုကဲသို့ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ အရေးယူဆောင်ရွက်မည့်ကိစ္စနှင့် ပတ်သက်ပြီး အဆိုပါစနစ်ကို တိကျစွာ လုပ်ဆောင်နိုင်ပါက များစွာ အကျိုးပြုနိုင်မည်ဖြစ်သော်လည်း ထို့ကဲ့သို့မ ပြုလုပ်နိုင်ပါက ယာဉ်ထိန်း ရဲတချို့နှင့် ယာဉ်မောင်းတချို့ကြားတွင် ကြီးမား သည့်လာဘ်ပေး လာဘ်ယူမှုများဖြစ် လာနိုင်ခြင်းနှင့်ပတ် သက်ပြီး ဝေဖန် ပြော ဆိုမှုများလည်း ရှိနေကြောင်း သိရသည်။

''ယာဉ်ထိန်းရဲတွေအနေနဲ့ ဥပ ဒေအတိုင်း တိတိကျကျပြုလုပ်မယ် ဆိုရင်တော့ ယာဉ်တိုက် မှုတွေတော် တော်လေး လျော့ ကျသွားမှာဖြစ်ပါ တယ်။ စည်းကမ်းပျက်ယာဉ်မောင်း တွေလဲ ဆင်ခြင်လာမယ်လို့ ထင်ပါ တယ်။ ဒါပေမဲ့အဂတိ လိုက်စားမှုကို တော့ဆင်ခြင်နိုင်မှ ဒီစနစ်ကပိုပြီး အောင်မြင် မယ် လို့ ထင်ပါတယ်။ ဥပ ဒေအတိုင်း ဆောင်ရွက် တဲ့အခါမှာ လာဘ်ပေး လာဘ်ယူပါလာရင် ဘယ် လိုဆောင်ရွက်ရွက်အောင်မြင်မှာ မ ဟုတ်ပါဘူး။ ယာဉ်တိုက်မှုတွေလဲ ဒုံ ရင်းက ဒုံရင်း အတိုင်း ဆက်ဖြစ်နေ မှာသေချာ တယ်''ဟု ယာဉ်မောင်းတစ် ဦးမှ ၎င်း၏အမြင်ကိုပြောပြသည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဧပြီ လအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ၅၇၉၅မှုဖြစ်ပွားခဲ့ပြီး၊ ၁၆၅၂ဦးသေဆုံး၍ ၉၅၈၁ဦး ဒဏ် ရာရခဲ့ကြောင်း သိရသည်။''အရင် ၁၅ဝဝ ဒဏ်ငွေနဲ့ တုန်း က တောင် ယာဉ်ထိန်းကဖမ်းလိုက်ရင် နှစ်သောင်း၊ သုံးသောင်းလောက်ကုန် တာ။ အခုလိုလုပ် မယ်ဆိုတော့ သေ ချာတယ်။ ယာဉ်ထိန်းတွေကို ပိုက်ဆံ အများကြီးပေးပြီး ညှိရ တော့မှာ ပေါ့။ ဘာလို့လဲဆိုတော့ လိုင်စင်ကိုရာ သက် ပန်ပိတ်တဲ့အထိတော့ ဘယ်သူက အ ဖြစ်ခံမှာလဲ''ဟု စမ်းချောင်းရှိ အငှား ယာဉ်မောင်းတစ်ဦးက ဆိုသည်။

၁၉၆၃မော်တော်ယာဉ်နည်းပဒေနှင့်လိုင်စင်ပိတ်သိမ်းခံရသည့်ယာဉ် မောင်းများ လိုင်စင်မဲ့မောင်းနှင်လျှင် ယာဉ်မောင်းများအား ပုဒ်မ ၂၁၊ ၆၄နှင့် ထောင်ချအရေးယူမည့်ဖြစ်ပြီး ယခုကဲ့ သို့ပြု လုပ်ခြင်း သည် မြန်မာနိုင်ငံရှိ စည်း ကမ်းမဲ့ယာဉ်မောင်းများ ၏မီးနီဖြတ် မောင်းမှု၊ ကွေ့ကြောဖြတ်မောင်းမှု၊လမ်းပြောင်းပြန်မောင်းနှင်မှုတို့ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများ အား လျော့ကျစေရ န်ရည်ရွယ်၍ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က မေ ၉ရက်နေ့တွင် မီဒီ ယာများသို့ ပြောကြားသည်။

''ယာဉ်ထိန်းရဲတွေအနေနဲ့ အ ရေးယူဆောင်ရွက်တဲ့အခါမှာ ထိထိ ရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်။ တချို့ယာဉ်ထိန်း ရဲတွေက ယာဉ်မောင်း တွေကို ငွေလိုချင်လို့ ပိုက်ဆံညှိတာတွေ ရှိ တယ်။ အဲဒီလိုညှိတဲ့ယာဉ်ထိန်းရဲ တွေကို စံပြဖြစ်အောင် ထိထိရောက် ရောက် အရေးယူသင့်တယ်။ လာဘ် ပေးလာဘ်ယူမှုကို လုပ်နေမယ်ဆိုရင် တော့ ဘယ်လိုနည်းဥပဒေမှ ယာဉ် စည်းကမ်း ချိုးဖောက်မှုတွေ ကို ကာ ကွယ်နိုင်မှာမဟုတ်ပါဘူး''ဟု မင်္ဂ္လာ ဒုံမှ အငှားယာဉ်မောင်း ကိုဇော်ထက် အောင်က ဆိုသည်။

နေမင်းခ

[--Democracy today Daily Newspaper--]
Myanmar News Network