အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် နိုင်ငံနှင့်ချီသည့် ကိစ္စများတွင် ဟနနှင့် တိုင်ပင်ဆောင်ရွက် ရန် ဗန်းမော်ဆရာတော် မိန့်ကြား

ပို့စ်တင်ချိန် - 5/10/2014 09:46:00 PM


ရွှေရည်မဉ္ဇူ၊ ၊ ဟေမာန်
==========================================
ရန်ကုန်၊ မေ ၉- အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အ နေဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက် ရန်နှင့် နိုင်ငံနှင့်ချီသည့်ကိစ္စများတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)နှင့် တိုင်ပင်ဆောင်ရွက်ရန် ဗန်းမော် ဆရာတော်ကြီးက မိန့်ကြား ခဲ့သည်။

မဘသအဖွဲ့၏ သဘောထားနှင့် ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်ဘုရားကြီးက ''အခုလို အမျိုး ဘာသာသာသနာအဖွဲ့စောင့်ရှောက် ရေးအဖွဲ့အနေနဲ့ သံဃမဟာနာယက နဲ့ပူးပေါင်းလက်တွဲတဲ့အတွက် ဂုဏ် ယူပါတယ်။ မဘသအဖွဲ့က အမျိုးဘာ သာသာသနာကို စောင့်ရှောက်ဖို့၊ ဆန့်ကျင်ဖို့မဟုတ်ဘူးလို့ လျှောက် ထားတဲ့အတွက် ဝမ်းသာတယ်။ ကြို ဆိုပါတယ်။ ဂုဏ်ယူပါတယ်''ဟု မိန့် ကြားခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က အမျိုးဘာ သာသာ သနာစောင့် ရှောက်ရေး အတွက် ဆောင်ရွက်နေ သော အမျိုး ဘာသာသာ သနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)ကို အသိအ မှတ်ပြုလက်ခံလိုက်ခြင်း သည် အပြု သဘောဆောင် သည့်လုပ်ရပ်မျိုးဖြစ် မဖြစ်စောင့်ကြည့် အကဲခတ်သွားမည် ဖြစ်ကြောင်း ၂၀၀၇ အရေးအခင်းကို ဦးဆောင်လှုပ်ရှား ခဲ့ကြ သည့် ရွှေဝါ ရောင် ဆရာတော်များမှ မိန့်ကြား လိုက်သည်။

ရွှေညဝါဆရာတော်ကြီးအရှင် ပညာသီဟက ''စည်းလုံးတယ်ဆို တာ ကောင်းမွန် တဲ့ စကား။ ပူးပေါင်းတယ် ဆိုတာလဲ ကောင်း တာပဲ။ ဒါပေမဲ့ ကောင်းမွန်တဲ့ ရလဒ်နဲ့မှန်ကန်တဲ့ ရလဒ်ထွက်ဖို့လို တယ်။ တည့်မတ်တဲ့လမ်းကြောင်းက လဲ သွားဖို့လိုအပ်တယ်။ အဲဒီလမ်း ကြောင်းလဲ ရှိဖို့လိုအပ်တယ်''ဟု မိန့် ကြားသည်။

မဟနနှင့် မဘသနှစ်ဖွဲ့ပူးပေါင်း ဆောင်ရွက်မှုအတွက် လက်ရှိ တွင် ထောက်ပြပြော ဆို မှုမလုပ်သေးဘဲ စောင့်ကြည့်အကဲ ခတ်ပြီး မှ သာ ဝေဖန် ထောက်ပြ ပြောဆိုသွားမည်ဖြစ်ကြောင်း ရွှေညဝါဆရာတော်က ဆက်လက် မိန့်ကြားသည်။

၂၀၀၇ ရွှေဝါရောင်ဆရာတော် တစ်ပါးဖြစ်သူ ဦးပဏ္ဏဝံသ(ခ) ဦး ပြည်ကျော်က ''မြန်မာနိုင်ငံ မဟာသံ ဃနာယက (မဟန)ရော၊ အမျိုးဘာ သာ သာသ နာစောင့်ရှောက်ေ ရးအဖွဲ့ (မဘသ)ရော ထေရဝါဒမူအရ သွား မယ်ဆို ရင်တော့ ကောင်းတာပေါ့။ အာဏာရှင်လူတစ်စုအတွက် သွား မယ်ဆို ရင်တော့ တိုင်းပြည်အတွက် မကောင်းဘူး။ လူမှုရေး၊နိုင်ငံရေးတွေ မှာ အာဏာ ရှင် တစ်စုအတွက် လိုက် ပါဆောင်ရွက်ရင် ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့မှာပေါ့''ဟုမိန့်သည်။

အဆိုပါနှစ်ဖွဲ့အနေဖြင့် ထေရဝါ ဒမူအရ လုပ်ဆောင်သွားမ ည်ဆို လျှင် ကောင်းမွန်သော်လည်း အာဏာရှိ လူပုဂ္ဂိုလ်များ အတွက်သာ လုပ်ဆောင် မည်ဆိုပါက တိုင်းပြည်အတွက် အ ကျိုးမရှိနိုင်ကြောင်း ဆရာတော် ဦး ပဏ္ဏဝံသ(ခ) ဦးပြည်ကျော်က ရှင်း လင်းမိန့်ကြားသည်။

အမျိုးဘာသာသနာစောင့်ရှောက် ရေးအဖွဲ့(ဗဟို)သည် မေ ၈ ရက် တွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ အသိအ မှတ်ပြု ဩဝါဒခံယူပွဲအခမ်းအနား ကို ကမ္ဘာအေးကုန်းမြေ မဟာဝိဇယ ဓမ္မသဘင် တွင် ပြုလုပ်ခဲ့ပြီးနောက် တွင် နိုင်ငံနှင့်ချီသော ကိစ္စရပ်များကို လုပ်ဆောင် မည်ဆိုပါက (မဟန)နှင့် တိုင်ပင်ဆောင်ရွက်ကြရန် (မဟန)ဥက္ကဋ္ဌ ဆရာတော်ကြီး မှ ဩဝါဒ ပေးခဲ့ကြောင်း သိရသည်။

မဘသ(ဗဟို) ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သူ ဦးဝီရသူကမူ (မဟန)နှင့် (မဘသ)အဖွဲ့နှစ်ခုစလုံး သည် နိုင်ငံရေး အရောင်အသွေး မရှိ ကြောင်း မိန့်ကြားသည်။

''အမျိုးဘာသာသာသနာလုပ် ကြတဲ့ ဘုရားသားတော်တွေက တစ်စိတ် တစ်ဝမ်းတည်းရှိတယ်ဆိုတာ ပြတဲ့ သဘောပါ။ အထင်မလွဲကြပါနဲ့။ ဘယ် သူ့ထိုင်ခုံမှမလုသလို ဘယ်သူ့ကိုမှလဲ ထိုင်ခုံပေါ်မတင်ပါဘူး''ဟုမိန့်သည်။

ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်နေသည့် ဆရာတော်တစ် ပါးဖြစ်သူ ကွမ်းခြံကုန်းဆရာတော် က ''အားလုံးပူးပေါင်းပြီး တိုင်းပြည် ငြိမ်းချမ်းအောင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြမယ်ဆိုရင်တော့ ကောင်း တာပေါ့။ အုပ်စုဖွဲ့ပြီးခိုက်ရန်ဖြစ်စေ မယ့်ကိစ္စတွေကို ပိုမိုဖြစ်ပွားအောင် လှုံ့ဆော် တဲ့ ဟောပြောမှုမျိုး ဆိုရင် တော့ မကောင်းဘူး။ (မဟန) ဆိုတာ အာဏာ လက်ရှိပုဂ္ဂိုလ်တွေရဲ့ သဘော ဆန္ဒအလျောက် လိုက်လံလုပ်ဆောင် နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဘုန်း ကြီးက သုံးသပ်တယ်''ဟု မိန့်သည်။

(မဘသ)အဖွဲ့အနေဖြင့်လည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကိုဦးဆောင်ကန့်ကွက်ဆန္ဒပြဖြုတ်ချ ရန် လုပ်ဆောင်မည့် အစီအစဉ် မရှိ ကြောင်း၊ နောင်လည်းလုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း၊ ၁၃၇၆ခုနှစ် ကဆုန်လဆန်း ၁၃၊ ၁၄၊ ၁၅ရက်များ တွင် ကျင်းပမည့်ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးပွဲကြီးကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ကြိုဆိုထောက်ခံကြောင်း၊ နိုင် ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့တို့အတွက် အ မျိုးဘာသာသာ နာစောင့်ရှောက်ရေး ကိစ္စများကို တစ်တပ်တစ်အားကူ ညီ ဆောင်ရွက်ပေးသွား မည်သာ ဖြစ် ပါ ကြောင်း မေ ၈ရက်တွင် မဘသ(ဗဟို) မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

[--Democracy today Daily Newspaper--]

Yangon Media Group