တညင်းကုန်းဘူတာဈေး၌ ကုန်ထမ်းသည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်ပြီး ဓါးဖြင့်ထိုးခဲ့၍ အမျိုးသားတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 5/10/2014 07:10:00 PM


ရန်ကုန်၊ မေ ၁၀

၁၀.၅.၂၀၁၄ရက်နေ့ ၀၅၀၀အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦးဓါးထိုးခံရ၍ သေဆုံးရောက်ရှိ
လာကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
ကိုတင်လှ (ဘ)ဦးပိန်းကွေး၊ ရွှေပြည်သာမြို့နယ်နေသူဖြစ်ပြီး ယာ
လက်မောင်းထိုးသွင်းဒဏ်ရာ၊ ၀ဲလက်မောင်း ပြတ်ရှဒဏ်ရာနှင့် ၀ဲပခုံးပေါက်ပြဲဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၀၄၃၀ အချိန်ခန့်က
အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာဈေးသို့ ကန်စွန်းရွက်ရောင်းရန်
ရောက်ရှိစဉ် ဘူတာဈေး၌ကုန်ထမ်းသူ အင်းစိန်မြို့နယ်၊ တညင်းကုန်း
ရပ်ကွက်နေ ရန်လင်းဦး (၂၆)နှစ်၊ (ဘ)ဦးညိုသင်းမှကန်စွန်းရွက်ထုပ်
အားထမ်းမည်ပြုသည်ကို မထမ်းရန်ပြောဆိုရာမှ စကားများရန်ဖြစ်
ခဲ့ကြပြီး ရန်လင်းဦးမှ ၎င်း၏ညီဖြစ်သူ ကိုမင်း(၂၄)နှစ်၊(ဘ)ဦးညိုသင်း
အား နေအိမ်သို့သွားရောက်ခေါ်ဆောင်ခဲ့ရာကိုမင်းမှဓါးကိုင်၍
လိုက်လာပြီး ကိုတင်လှအားထိုးခဲ့၍ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ကိုတင်လှသေဆုံးမှုနှင့်ပတ်သက်၍ ရန်လင်းဦးနှင့် ကိုမင်းတို့အား အင်းစိန်မြို့မရဲစခန်း(ပ) ၄၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄
ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police