Beats Electronics ကို ၃.၂ ဘီလီယံဒေါ်လာ ဖြင့် ၀ယ်ယူဖို့  APPLE ဆွေးနွေးနေ

ပို့စ်တင်ချိန် - 5/10/2014 06:02:00 AM


Apple ကုမ္ပဏီဟာ နားကြပ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Beats Electronics ကို စံချိန်တင် ငွေကြေး ကန်ဒေါ်လာ ၃.၂ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီချက်ကို အဆုံးသတ်နိုင်တော့မှာ ဖြစ်တယ်လို့  သိရပါတယ်။

ပရိုဂျူဆာ Jimmy Lovine နဲ့ ဟစ်ဟော့ပ်ကြယ်ပွင့် Dr.Dre တို့ ပူးတွဲထူထောင်ခဲ့တဲ့ Beats Electronics ဟာ သူ့ ရဲ့ အရည်အသွေးမြင့် တစ်မူထူးခြားတဲ့ နားကြပ်တွေကြောင့် နာမည်ကျော်ပါတယ်။

ရက်အနည်းငယ်အတွင်းမှာ သဘောတူညီချက်ကို ထုတ်ပြန်သွားဖို့ ရှိတယ်လို့ သိရပြီး တကယ်လို့  ၀ယ်ယူဖြစ်ခဲ့မယ်ဆိုရင် Apple ကုမ္ပဏီ CEO Tim Cook ရဲ့ အကြီးမားဆုံးဝယ်ယူမှုလည်းဖြစ်လာမှာပါ။

အသံပိုင်းဆိုင်ရာပစ္စည်းလုပ်ငန်းအပြင် ၊ ဒီနှစ်မှာ စတင်လွှင့်ခဲ့တဲ့ Beats ရဲ့ online streaming ၀န်ဆောင်မှုကိုလည်း Apple က ရရှိမှာဖြစ်တယ်လို့ Financial Times အဆိုအရ သိရပါတယ်။

ဒီသဘောတူညီချက်နဲ့ ရင်းနှီးနီးစပ်သူတွေက Beats ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ဟာ Mr.Cook ကို သတင်းပို့  လုပ်ဆောင်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Apple နဲ့ Beats တို့ ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Tim Cook က လွန်ခဲ့တဲ့ ၁၈ လအတွင်း ကုမ္ပဏီ ၂၄ ခုကို ၀ယ်ယူခဲ့ပြီးပေမယ့် နောက်ထပ် ၀ယ်ယူမှုတွေလုပ်ဖို့ Apple က ချောင်းမြောင်းနေ တုန်းဖြစ်တယ်လို့ လွန်ခဲ့တဲ့လက ပြောကြားခဲ့ဖူးပါတယ်။

ဒီ ၀ယ်ယူမှုပေးချေငွေ ကန်ဒေါ်လာ ၃.၂ ဘီလီယံဟာ Apple သမိုင်းတစ်လျှောက် တခြားကုမ္ပဏီတစ်ခုကို ၀ယ်ယူတဲ့ ငွေကြေးတန်ဖိုးထဲမှာ အမြင့်ဆုံးဖြစ်လာနိုင်ပါတယ်။

စမတ်အိမ်မှုပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Nest Labs ကို ဒေါ်လာ ၃.၂ ဘီလီယံနဲ့ Google က ၀ယ်ယူရရှိခဲ့မှုအပြီး WhatsApp Messenger ကို ကြိုတင်ငွေ ၁၉ ဘီလီယံနဲ့ Facebook့  ကမ်းလှမ်းခဲ့မှုအပြီါ် ဆီလီကွန်တောင်ကြားရဲ့ တန်ဖိုးမြင့်ဝယ်ယူမှုတွေထဲမှာ Beats လည်း လိုက်ပါလာဖို့ ရှိနေပါတယ်။

Ref: Dailymail.co.uk
Trend myanmar