ရာသီဥတုဖောက်ပြန်မှုကို သစ်ပင်စိုက်၍ပြန်ကုစားရန် ရန်ကုန်နှင့်ပဲခူးတွင် မြေဧက ၁ဝဝဝ တောင်းခံထား

ပို့စ်တင်ချိန် - 5/10/2014 12:31:00 PM



မင်းဟိန်းထက် ၊ ရန်ကုန်၊

သဘာဝပတ်ဝန်းကျင် ပျက် စီးမှုကြောင့်ဖြစ်ပေါ်လာသော ရာသီ ဥတုဖောက်ပြန်မှုများကို ပြန်ကုစား နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတွင် အပင်များ စိုက်ပျိုးရန် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနမှ မြေဧက ၁ဝဝဝ တောင်းခံထား ကြောင်း မြန်မာ့သစ်တောပညာရှင် ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေ အနေသည် တောပြုန်းတီးခြင်း၊ ရော် ဘာ၊ဆီအုန်းတို့စိုက်ရန် တောများကို ရှင်းလင်းခြင်း၊ ထင်းရရှိရန်အတွက် အပင်များခုတ်ခြင်းတို့ကြောင့် သဘာဝ တောကြီးများပြုန်းတီးလာကာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာသဖြင့် အ စားထိုး ပြန်လည်စိုက်ပျိုးနိုင်ရန်အ တွက် ရန်ကုန်တွင် ဧက ၅ဝဝ၊ ပဲခူး တွင် ဧက၅ဝဝ တောင်းခံရခြင်းဖြစ် ကြောင်း ¤င်းက ပြောသည်။

''တောင်းဆိုထားတာ သုံးလ ကျော်လောက်ရှိနေပြီ။ မိုးမကျခင် ဒီလ ပိုင်းထဲမှာ ချပေးမယ်လို့ မျှော်လင့်ပါ တယ်။ အစိုးရအနေနဲ့လဲ ထိထိရောက် ရောက် လုပ်တာမတွေ့ရပါဘူး။ ဒါ ကြောင့် လုပ်မယ့်သူတွေကို လုပ်ခွင့် ပေးစေချင်ပါတယ်'' ဟု ဦးအုန်းက ပြောသည်။

တချို့သောဒေသများတွင် ရော် ဘာ၊ ဆီအုန်းစသည့်အပင်များ စိုက် ပျိုးနေသည်ကို တွေ့နေရသော်လည်း အပင်အမျိုးအစား တစ်မျိုးနှစ်မျိုးစိုက် ရုံမျှဖြင့် သဘာဝတောဖြစ်လာမည် မဟုတ်ကြောင်း၊ သစ်ပင်မျိုးစုံရှိမှ သ ဘာဝတောကြီးဖြစ်လာမည်ဖြစ်ပြီး သ ဘာဝဘေးအန္တရာယ်များကို တားဆီး နိုင်မည်ဖြစ်သလို ခံနိုင်ရည်လည်းရှိ မည်ဟု ¤င်းကဆက်ပြောသည်။

ထို့ပြင် ¤င်းတို့လေ့လာချက်များ အရ အပင်ခုတ်၍ ထင်းအဖြစ်အသုံးပြု သူ အိမ်ထောင်စုတစ်စုလျှင် တစ်နှစ် နှစ်တန်ခန့် ခုတ်ယူအသုံးပြုနေကြောင်း၊ ထိုသို့ သစ်များခုတ်ယူမှုများကြောင့် သဘာဝတောများ ပြုန်းတီးလာကာ ရာသီဥတုဖောက်ပြန်လာပြီး ရေကြီး ခြင်း၊ မုန်တိုင်းတိုက်ခြင်းနှင့် ရေရှားပါး သည့် သဘာဝဘေးအန္တရာယ်များဖြစ် ပေါ်လာနိုင်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် အဆိုပါမြေ ဧက ၁ဝဝဝ ကို လုပ်ကိုင်ခွင့်ပေးခြင်း ဖြင့် နိုင်ငံ၏ရာသီဥတုကို ပြင်ဆင်နိုင် မည်ဖြစ်သလို အပင်စိုက်ပျိုးသည့်ဒေသ များတွင် စိမ်းလန်းလာမည့်အပြင် ဒေ သခံများအနေဖြင့်လည်း စီးပွားရေး နှင့် စားဝတ်နေရေး အခက်အခဲများ ကို ဖြေရှင်းပေးနိုင်မည်ဟု ဦးအုန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြေ ဧက ၅ဝဝ နှင့် ပဲခူးတိုင်းဒေသကြီးတွင် မြေဧက ၅ဝဝ၌ လုပ်ခွင့်ရရှိမည့် နေ ရာဒေသပေါ်မူတည်၍ နှစ်ရှည်သစ် ပင်များ၊ ဝါး၊ သစ်မွှေးတို့အပြင် စားသုံး ၍ရသည့် သီးနှံပင်မျိုးစုံနှင့် ပုစွန်ကန်၊ ငါးကန်များ ပြုလုပ်သွားမည်ဖြစ်သည်။
Yangon Media Group