အပျိုစင်ဘ၀ကို ရောင်းဖို့ အင်တာနက်မှာ လေလံတင်နေတဲ့ ဆေးကျောင်းသူ

ပို့စ်တင်ချိန် - 5/02/2014 12:04:00 PM


လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း အပျိုစင်ဘ၀ကို  ရောင်းဖို့အတွက် အင်တာနက်မှာ  လေလံတင်နေတဲ့ ဆေးကျောင်းသူ တစ်ဦး ရှိခဲ့ပါတယ်။ အခုအခါမှာတော့ သူမကို ပိုမိုပြီး စိတ်ဝင်စားမှု ရှိလာဖို့အတွက် သူမဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ လှစ်ဟပြသလိုက်ပါတယ်။


အသက် ၂၇ ခုနှစ်အရွယ် ဆေးကျောင်းသူ Elizabeth Raine (အမည်ရင်း မဟုတ်) ဟာ သူမရဲ့ အပျိုစင်ဘ၀ကို  ရောင်းဖို့အတွက်  လေလံစတင်ခဲ့ရာ ယခု အမြင့်ဆုံးဈေး ပေါင် ၁သိန်း ၈သောင်း ရနေပြီလို့ သိရပါတယ်။ ဒါပေမယ့် သူမကတော့ ပေါင် ၂သိန်းခွဲအထိ ရဖို့ မျှော်လင့်ထားပါတယ်။ သူမဟာ လုံးဝ အပျိုရည် ပျက်ဖူးခြင်း မရှိကြောင်း၊ မည်သို့ မည်ပုံမျှ လိင်မဆက်ဆံဘူးကြောင်းနဲ့ ဘယ်ယောက်ျားကိုမှလည်း အ၀တ်မပါ ဗလာကျင်း မမြင်ဘူးသလို သူမရဲ့ ခန္ဓာကိုယ် ကိုလည်း ဘယ်သူမှ မမြင်ဘူးသေးတဲ့အကြောင်း ၀န်ခံပြောဆိုထားပါတယ်။

သူမရဲ့ လေလံပွဲအတွက် သတိပေးချက်အနေနဲ့ သူမဟာ အချိန် ၁၂နာရီသာ အတူနေပေးနိုင်မှာ ဖြစ်တဲ့ကြောင်း ပြောဆိုထားပါတယ်။  ယနေ့ မတိုင်ခင် အထိ သူမရဲ့ ကာမစိတ်နိုးကြွဖွယ်ရာ ပုံတွေ ဖော်ပြခဲ့ပေမယ့် သူမရဲ့ မျက်နှာကိုတော့ လုံခြုံစွာ ဖုံးအုပ်ထားခဲ့ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ သူမတက်ရောက်နေတဲ့ တက္ကသိုလ်ကနေ ကျောင်းထုတ်ခံရမှာကို တွေးမပူတော့ဘဲ သူမ ဘယ်သူဘယ်ဝါ  ဖြစ်တယ်ဆိုတာ သိစေဖို့ သူမရဲ့ မျက်နှာကို လူထုကြား ပြသခဲ့ပါတယ်။

ကျွန်မ လူသိမခံ ဖြစ်ရတာကို မကြိုက်ပါဘူး။ လူတွေကတော့ အရှက်အတွက် မှားယွင်းမှု တစ်ခုအနေနဲ့ လူသိမခံလေ့ရှိတတ်ပါတယ် လို့ သူမက ပြောပါတယ်။ အရင်ကလည်း အင်တာနက်မှာ သူမက ယခုလို ပြောခဲ့ပါသေးတယ်။

ကျွန်မ အရမ်းအလုပ်ရှုပ်ပါတယ်။ နောက်ပြီး ယောက်ျားတွေကို သိပ်စိတ်မ၀င်စားဘူး။ နောက်ပြီးတော့ သူတို့ကို ဘယ်တုန်းကမှလည်း အရေးမပေးခဲ့ဘဲ အခြားအရာတွေနဲ့ပဲ ရှုပ်နေခဲ့တယ်။

ကျွန်မရဲ့ အပျိုစင်ဘ၀ကို တခြားနည်းလမ်းနဲ့ ကုန်ဆုံးဖို့ မတွေးမိဘူး။ အဲဒီအတွက် ရမယ့် ငွေကြေးပမာဏကလည်း အရမ်းများတဲ့အတွက်  ဒီအစီအစဉ်ကို လက်လွတ်မခံပါဘူး။ ဒီကိစ္စမှာ အချစ်ဆိုတာ ပါဝင်မှာ မဟုတ်သလို ငွေကြေးနဲ့ ကာမသက်သက်သာ  ပါဝင်တဲ့ ရောင်းချမှု ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

သူမယခုလို ရောင်းချရခြင်းက သူမအတွက် ငွေကြေးအခက်အခဲ တစ်စုံတစ်ရာ ရှိလို့ မဟုတ်တဲ့အကြောင်းလည်း သူမက ဆိုထားပါတယ်။  အသက် ၂၇ ခုနှစ်အထိ အပျိုစင်ဘ၀ကို ထိန်းသိမ်းထားတာဟာ သူမချစ်သူ အမျိုးသားအတွက် ဆိုပြီး ရည်ရွယ်ထားတာ မဟုတ်သလို သူမရဲ့ အပျိုစင် ဂုဏ်အတွက်လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

သူမရဲ့ အပျိုစင်ဘ၀ကို ဘယ်လို အမျိုးသားကို ပေးချင်သလဲလို့ မေးခဲ့ရာမှာတော့ ပိုက်ဆံ အများဆုံးပေးနိုင်သူကိုပေါ့လို့ ဖြေပါတယ်။

အမေရိကန်မှာ ကာမရောင်းချခြင်းကို တရားမ၀င်ဘူးလို့ ကန့်သတ်ထားပြီး သူမကိုလည်း သြစတြေးလျနိုင်ငံ ဆစ်ဒနီ အခြေစိုက်  အေးဂျင့်တစ်ယောက် အနေနဲ့ ငှားရမ်းထားခြင်း ဖြစ်ပါတယ်။ အဲဒီမှာတော့ လိင်မှုဆိုင်ရာ ဥပဒေအရ ယခုလို ရောင်းချခြင်းကို ခွင့်ပြုထားတယ်လို့ သိရပါတယ်။

သူမမှာတော့ လိင်မှကူးစက်တတ်သော ရောဂါများ ကင်းစင်ပြီး အကယ်၍ အဆိုပါ အမျိုးသားကို သဘောကျခဲ့မယ်ဆိုရင်  နောက်တစ်ကြိမ် ထပ်ချိန်းတွေ့ဖို့ အခွင့်အရေး ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူမက ကျွန်မ အဲဒီအမျိုးသားကို ချစ်သွားခဲ့မယ်ဆိုရင်တာ့ နောက်တစ်ကြိမ် မတွေ့မိဖို့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲလို ချစ်မိဖို့ ဆိုတာကလည်း မဖြစ်နိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။
 
World-Myanmar

ဆက်စပ်သတင်း --- အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး