ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့် ကြေးမုံ သတင်းထောက်ဟု ဆိုသူတို့မှာ သင်္ကြန်ပျော်ပွဲရွှင်ပွဲအား ပျက်စီးအောင်လုပ်ခဲ့၍ အရေးယူပေးပါရန်

ပို့စ်တင်ချိန် - 5/02/2014 01:55:00 PM

အုပ်ချုပ်ရေးမှုး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ကျင်းပပြုလုပ်သော ၁၃၇၅ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်အောင်ထွန်းတို့က ဝါသနာအရ သီချင်းဆိုခြင်း မဟုတ်ဘဲ ၄င်း၏အာဏာကို အသုံးပြုကာ နေ့စဉ်စင်ပေါ်တက်ကာ လူငယ်များအား စိတ်အနှောက်အယှက် ဖြစ်အောင် သီချင်းများ နေ့စဉ် သီဆိုခြင်းပြုလုပ်ခဲ့ပါသည်။

ကြေးမုံသတင်းထောက်ဟု ဆိုသူ

၂။ ကြေးမုံသတင်းထောက်ဟုဆိုသော သန်လျင်မြို့နယ်မှ သတင်းထောက် တစ်ဦးသည်လည်း  ပြည်သူများအား စိတ်အနှောက်အယှက်ဖြစ်စေအောင် စင်ပေါ်တက် ဓာတ်ပုံရိုက်ခြင်းသည် မည်သို့မျှ ကြည့်လို့မရအောင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ၄င်းတို့နှစ်ဦးအား အာဏာပြခြင်းနှင့် ပြည်သူများကို စိတ်အနှောက်အယှက်ြဖစ်စေခြင်းနှင့် မြန်မာ့ရိုးရာ သင်္ကြန်ကို အသုံးခြင်း ပြုလုပ်သူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ အနေဖြင့် နှောက်နောင် မည်ကဲ့သို့ မပြုလုပ်ရန် အရေးယူဆောင်ရွက်ပေးသင့်ကြောင်း သန်လျင်မြို့နယ်ရှိ ပြည်သူ/ပြည်သားများက တင်ပြထားရှိကြောင်း သိရှိ ရပါသည်။

Ygn News (www.YgnNews.com)