တူရကီ မေဒေးနေ့ ဆန္ဒပြပွဲကို ရဲက ဖြိုခွင်း

ပို့စ်တင်ချိန် - 5/02/2014 06:40:00 AM

ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းစဉ်

တူရကီ နိုင်ငံ အီစတန်ဘူလ် မြို့က တပ်က်ဆင်မ် Taksim Square ရင်ပြင်မှာ မေဒေးနေ့ စုရုံး ဆန္ဒပြမှုတွေ မလုပ်ဖို့ တားမြစ်ထားတာကို အာခံတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မီးသတ် ပိုက်တွေ၊ မျက်ရည်ယို ဗုံးတွေ သုံးပြီး တားဆီးခဲ့ပါတယ်။

ဆန္ဒပြသူ တချို့က မီးပန်းတွေဖောက်၊ ခဲတွေနဲ့ ပစ်ပြီး ရဲတွေ တားထားတဲ့ နေရာကို ဖောက်ထွက်ဖို့ ကြိုးပမ်းနေတဲ့ ပုံတွေကို ဒေသတွင်း သတင်းတွေမှာ ပြသခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ လူတွေကလည်း မြို့တော် တဝန်း ချီတက်ခဲ့ကြတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

အာဏာပိုင်တွေက ရဲအရေအတွက် ထောင်နဲ့ချီ ချထားခဲ့ပြီး တချို့ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။

BBC