အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲ၊ ၁၂ ဦး သေဆုံး

ပို့စ်တင်ချိန် - 5/02/2014 04:14:00 PM


အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းက ပန်ရှာပြည်နယ်မှာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့က အသေခံ ကားဗုံးပေါက်ကွဲလို့ လူအနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပါတယ်။

တာလီဘန်တွေကို ဆန့်ကျင်ပြီး များသောအားဖြင့် အေးချမ်းတည်ငြိမ်တဲ့ပြည်နယ်မှာ အခုလို အသေခံကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်း ၆ ဦးနဲ့ လမ်းဖောက်လုပ်ရေးလုပ်သား ၆ ဦးတို့ သေဆုံးခဲ့ကြတယ်လို့ အာဖဂန်ပြည်ထဲရေးပြောခွင့်ရက ပြောဆိုပြီး အရပ်သား ၃၀ လောက်လည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာဖဂန်နစ္စတန်မြောက်ပိုင်းပြည်နယ်တွေဟာ တောင်ထူထပ်ပြီး တာလီဘန်တွေကို လက်မခံကြတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

၂၀၀၁ တာလီဘန်တွေကို အမေရိကန်ဦးဆောင်မှုနဲ့ ဖြုတ်ချခဲ့တုန်းက အရေးပါခဲ့တဲ့ မဟာမိတ်ပြည်နယ်တွေလည်း ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အာဖဂန်ရွေးကောက်ပွဲကို တာလီဘန်တွေက အကြမ်းဖက်မယ် လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ရွေးကောက်ပွဲဟာ ထိခိုက်မှုမရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးဆုံးခဲ့ပါတယ်။

DVB Burmese