အမျိုးသမီးတစ်ဦးနှင့် ဇာတ်လမ်းရှိနေကြောင်း ကင်မရွန်ဒိုင်ယက်ဇ် ဝန်ခံ

ပို့စ်တင်ချိန် - 5/02/2014 06:23:00 AM


သူမ၏ ဘဝထဲတွင် အမျိုးသမီး တစ်ဦး ဝင်ရောက်နေရာယူထားပြီဟု ကင်မရွန်ဒိုင်ယက်ဇ်က ဖွင့်ဟဝန်ခံခဲ့ သည်။

Other Woman စတား မင်းသမီး သည် baseball အားကစားသမား အလက်ဇန္ဒားရိုဒရီဂါ့ဇ်နှင့် ၁ နှစ်မျှ တွဲခဲ့ ဖူးပြီး ၂၀၁၀ ပြည့်နှစ်တွင် လမ်းခွဲခဲ့သည်။ သူမသည် မကြာသေးမီ အတောအတွင်းက လိင်တူ အမျိုးသမီး များကို စိတ်ဝင်စားနေမိကြောင်း ဖွင့်ဟ ခဲ့ပြီး ယခုအခါ အမျိုးသမီးတစ်ဦးနှင့် ဆက်နွယ်မှု ရှိနေကြောင်းပါ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခြင်းဖြစ်သည်။

Watch What Happens live အစီအစဉ်တွင် ကင်မရွန်က ယင်းကိစ္စကို ထုတ်ဖော် ပြောကြားသွားခြင်းဟု သိရှိ ရသည်။
အစီအစဉ်မှူး အန်ဒီကိုဟန်က ကင်မရွန်အနေဖြင့် အမျိုးသမီးများကို စိတ်ဝင်စားနေသည်ဆိုသော မှတ်ချက် အပေါ် မေးမြန်းရာ ကင်မရွန်က “ဟုတ် ပါတယ်။ ကျွန်မမှာ အမျိုးသမီးတစ်ယောက် ရှိနေပါပြီ” ဟု ဝန်ခံသွားခဲ့သည်။ သူမတို့၏ ဆက်ဆံရေး အခြေ အနေအပေါ် မှတ်ချက်ပေးရန် တောင်း ဆိုသည့်အခါ ကင်မရွန်က “လောလော ဆယ်တော့ ကျွန်မတို့ အစီအစဉ်တွေ ရေးဆွဲနေတုန်းပါပဲ” ဟုသာ ရယ်ရယ် မောမောနှင့် မပွင့်မလင်း ဖြေဆိုသွား သည်။ ကင်မရွန်သည် Other Woman ဇာတ်ကားတွင်  လက်စ်လီမန်း၊ ကိတ်အပ်တန်တို့နှင့်အတူ အမျိုးသမီး ၃ ဦး အပြိုင် သရုပ်ဆောင်ထားသည်။

Planet Myanmar Network