တဲအတွင်း မိုးခိုနေသော လူ ၁၃ ယောက် မိုးကြိုးပစ်ခံရ

ပို့စ်တင်ချိန် - 5/02/2014 12:37:00 PM



ချင်းပြည်နယ် ကန်ပက်လက်မြို့ ကြစ်ခြံကျေးရွာတွင် ရွာသား ၁၃ ဦး မိုးကြိုးပစ်ခံရကာ ဒဏ်ရာအခြေအနေစိုးရိမ်ရသူလေးဦးမှာ မြို့နယ်ဆေးရုံတွင် ကုသနေရကြောင်း သတင်းရရှိသည်။

ကြစ်ခြံကျေးရွာတွင် ယာခင်းအတွင်း အလုပ်လုပ်နေသည့် တောင်သူ ၁၃ ဦးကို ဧပြီ ၂၉ ရက်ညနေ ၆ နာရီခန့်က မိုးကြိုးပစ်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးမှာ ရရှိသည့်ဒဏ်ရာပြင်းထန်၍ ဆေးရုံတွင်ကုသနေရကြောင်း ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘မိုးကြိုးပစ်ခံရတဲ့အထဲမှာ ကလေးတွေ လည်းပါပါတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့ လူလေးယောက်ကိုတော့ ဆေးရုံပို့လိုက်ရတယ်။ ကျန်တဲ့ခုနစ်ဦးက တော့ ခြေထောက်နဲ့ ခန္ဓာကိုယ် အနှံ့ဒဏ်ရာရတာဖြစ်ပြီး မပြင်း ထန်လို့ အိမ်မှာပဲ ဆေးကုနေ ကြတယ်’’ဟု ၎င်းကပြောသည်။

မိုးကြိုးပစ်ခံရသူ ၁၃ ဦးသည်တောင်ယာလုပ်ငန်းလုပ်ကိုင်နေစဉ် မိုးရွာလာသောကြောင့် တဲတစ်ခုအတွင်းဝင်၍ မိုးခိုနေစဉ်မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်သည်။ဧပြီ ၁၅ ရက်မှစတင်သော မိုးကြိုကာလတွင် ပင်လယ်ဘက် မှ ၀င်ရောက်လာသော လေအေး များနှင့် ဒေသတွင်းရှိ နွေလက် ကျန်လေနွေးများ ထိတွေ့ပြီး မိုး တိမ်တောင်ရာသီဥတုဖြစ်ကာ မိုး ကြိုးပစ်မှုနှင့် ရုတ်တရက် လေ ပြင်းကျသည့် အန္တရာယ်ရှိကြောင်းမိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပြီး မိုး /ဇလဌာနကလည်း နိုင်ငံပိုင် မီဒီ ယာများမှ တစ်ဆင့်နေ့စဉ် သတိ ပေးနေသည်။
7Day Daily