အသက် ၆၀ ကျော်အဘိုးအိုတစ်ဦး ချောင်းအတွင်းသို့ ကျွမ်းပစ်ပြီးရေချိုးရာက ကျောက်ခဲနှင့်ဆောင့်မိ၍သေဆုံး

ပို့စ်တင်ချိန် - 5/02/2014 02:18:00 PM


၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ၀န်ကျုံးရွာတွင် ၎င်းရွာနေ ဦးပေါခင်(၆၄)နှစ်မှာ ဦးခေါင်းနှင့်ကျောက်ခဲဆောင့်မိ၍သေဆုံးကြောင်း သတင်းအရ ကိုင်းလယ်ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဦးပေါခင်သည် ရွာအနီးရှိ ယောချောင်းအတွင်းရေဆင်းချိုးစဉ် ချောင်းအတွင်းသို့ကျွမ်းပစ်ရာက ဦးခေါင်းနှင့်ကျောက်ခဲဆောင့်မိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်မြို့မ ရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်