ကွန်တိန်နာကို ကျော်တက်လာသည့် ကားမှ ၀င်တိုက်၍ စက်ဘီးစီးလာသည့် ကိုယ်ဝန် ၂ လရှိသည့် ဇနီးနှင့် ခင်ပွန်းဖြစ်သူတို့ သေဆုံး

ပို့စ်တင်ချိန် - 5/02/2014 12:17:00 PM


စက်ဘီးစီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို ကျော်တက်လာသည့် လန့်ခရူဇာကားတစ်စီးက နောက်မှတိုက်မိ၍ နှစ်ဦးလုံးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ကမာရွတ်မြို့နယ် အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမ ပေါ်တွင် ရွာမကွေ့ဘက်မှ မောင်းနှင်လာသည့် လန့်ခရူဇာကားတစ်စီးသည် ဧပြီ ၂၉ ရက် ည၁၁ နာရီကျော်က ကွန်တိန်နာယာဉ် တန်းကို ကျော်တက်လာစဉ် လမ်း သွယ်ကြားမှ ဘုရင့်နောင်လမ်း ပေါ်တက်လာသည့် စက်ဘီးတစ်စီးကို အနောက်ဘက်မှ ၀င်တိုက် မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။

‘‘သူတို့နှစ်ယောက်က ဘုရင့် နောင်လမ်းမပေါ်ကို အရှေ့ဘက် ကနေ တက်လာတဲ့အချိန် လန့်ခ ရုဇာကလည်း ကွန်တိန်နာတွေကို ကျော်တက်လာချိန်မှာ နောက်က နေ တိုက်မိသွားတာ။ မိန်းမက ချက်ချင်းဆုံးသွားတယ်။ ယော က်ျားကတော့ ဆေးရုံရောက်ပြီး မနက်မှ ဆုံးတယ်’’ဟု ယာဉ်တိုက် မှုဖြစ်သည့် နေရာကို သွားကြည့်ခဲ့ သူ အမျိုးသားတစ်ဦးကပြော သည်။

ရန်ကုန်ဆေးရုံကြီး၌ ဧပြီ ၃၀ ရက် နံနက် ၅ နာရီခန့်တွင် သေဆုံးခဲ့သူ အမျိုးသားသည် ဆိုက်ကားနင်းသည့် အလုပ်လုပ်ကိုင်ပြီး ၎င်း၏ ဇနီးသည်သေဆုံးသူ၏ ၀မ်းဗိုက်ထဲတွင် ကိုယ်ဝန်နှစ်လရှိကာ သမီးငယ်လေးယောက် ကျန်ရစ်ခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။

‘‘ကားနဲ့ တိုက်မိတဲ့သူက မောင်းမပြေးဘူး။ သူ့ကားလည်း ပျက်စီးသွားတာကိုး။ သူကိုယ် တိုင်ပဲ ဘုရင့်နောင်လမ်းထိပ်က ရဲစခန်းကို ဖုန်းဆက်အကြောင်း ကြားပြီး အနားကဘီယာဆိုင်မှာ ထိုင်စောင့်ပေးနေတယ်။ သူ့အသိ တွေလည်းရောက်လာတာတွေ့ တယ်’’ဟု ယင်းဖြစ်စဉ်ကို တွေ့ရှိ သူ အမျိုးသားတစ်ဦးက ပြော သည်။

ထို့ကြောင့် ကမာရွတ်မြို့မ ရဲစခန်းက ယာဉ်မောင်းသူကို အမှု ဖွင့် စစ်မေးနေပြီး သေဆုံးသူများကိုမေလ ၁ ရက်တွင် သင်္ဂြိုဟ်လိုက်ကြောင်း သတင်းရရှိသည်။
7Day Daily