ရွှေပြည်သာတွင် စက်ရုံအလုပ်သမားများဆန္ဒပြမည်

ပို့စ်တင်ချိန် - 5/10/2014 10:02:00 PM


ရန်ကုန်၊ မေ၁၀။

မေ ၁၁တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုံရှိ စက်ရုံ(၅)ရုံမှ အလုပ်သမား (၅၀၀)ခန့်စီတန်း လှည့်လည်ဆန္ဒပြမည်
ဖြစ်ကြောင်းသိရသည်။

စတားတက် အထည်ချုပ်စက်ရုံမှ အလုပ်သမားများအားနှစ်စဉ်ပေးနေသော ဆုကြေးငွေကို မပေးသောကြောင့် အလုပ်သမားများက
အလုပ်မလုပ်ထိုင်သပိတ်မှောက်ခြင်းကို မန်နေဂျာဖြစ်သူ ဒေါ်သင်းသင်းခိုင်မှ ထောင်ချပြစ်မည်ဟု ခြိမ်းခြောက်ပြီး ဆဲရေးတိုင်းထွာမှု
များကြောင့် အရေးယူဆောင်ရွက်ပေးရန် အလုပ်သမားများက ဆန္ဒဆုတ်ဖော်မည်ဟု အလုပ်သမားတစ်ဦးကပြောသည်။

“ အလုပ်သမားတွေက မန်နေဂျာနဲ့အဆင်မပြေဘူး အဲ့ဒီအတွက်သူဌေးကိုပြောတယ် သူဌေးကမန်နေဂျာကို တော့ မထုတ်ဘူး နင်တို့
ထွက်ချင်ထွက်  လျော်ကြေးလည်းမပေးဘူးလို့ အလုပ်သမားတွေက ကျွန်တော်ကိုပြောပါတယ် ကျွန်တော်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့
မတ်လ ကအလုပ်သမားဝန်ကြီးဌာနကို ဆန္ဒပြမယ်လို့ မီဒီယာကိုပြောလိုက်တာ ရက်ပိုင်းအတွင်းအလုပ်ထုတ်ခံရပါတယ် လျော်ကြေး
ပေးမယ် လို့လဲမပြောပါဘူး ” ဟု ပီအမ်ဂျီ အခြေခံအလုပ်သမား သမဂ္ဂဥက္ကဌ ကိုကြည်မင်းထိုက်က ပြောသည်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို မဖိနှိပ်ရန်၊ ဥပဒေမဲ့ အလုပ်မထုတ်ရန်  နှင့် အလုပ်သမားများတန်းတူ အခွင့်အရေးပေရန်
တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

“ အလုပ်ရှင်တွေက စာချုပ်ပါဥပဒေတွေကို အကြိမ်ကြိမ် ချိုးဖောက်တယ်၊ အလုပ်သမားညှိနှိုင်းရေး ခုံသမာဓိတွေကလည်း ပြေလည်အောင်
မဖြေရှင်းနိုင်ဘူး သပိတ်စခန်းဖွင့်ရတဲ့အကြောင်း ဆန္ဒပြရတဲ့အကြောင်းတွေကို အလုပ်သမားဝန်ကြီးဌာနက သိအောင်လို့ အလုပ်သမား
အရေးကို သူတို့ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ဦးဆောင်လှုပ်ရှားသူ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ အကြံပေး ဒေါ်မျိုးမျိုးအေး
ကပြောသည်။

ဆန္ဒပြပွဲတွင် စတားတက်အထည်ချုပ်၊ ဆန်းဖလားဝါးနေကြာစေ့၊ဂေါ်ဇီလာခြင်နိုင်ဆေးစက်ရုံတို့အပြင် မိုးဟိန်းစက္ကူစက်ရုံမှ အလုပ်သမား
သမဂ္ဂအဖွဲ့နှင့် ပီအမ်ဂျီရုံးချုပ်အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့တို့ပါဝင်ပြီးရွှေပြည်သာမြို့ဦးစေတီမှစတားတက်စက်ရုံအထိ လမ်းလျှောက်
ဆန္ဒပြမည်ဖြစ်ကြောင်းသိရသည်။

ချမ်းမင်းဟန်
ဓာတ်ပုံ-နိုင်လေးထွေး
The Myanma Age