အိုဘားမားက Iron Man ဝတ်စုံ ထုတ်နေကြောင်း ဆို

ပို့စ်တင်ချိန် - 2/28/2014 08:57:00 PM


အမေရိကန် သမ္မတ အိုဘားမားဟာ Iron Man ဝတ်ဆုံကို ကြိုးစားဖန်တီး နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

မိန့်ခွန်း တစ်ခုမှာ စနောက်တဲ့ သဘောနဲ့ ကျနော်တို့ Iron Man ဝတ်စုံကို ကာကွယ်ရေးမှာ အသုံးပြုဖို့အတွက် ဖန်တီးနေပါတယ်လို့ ပြောပြီး မဟုတ် ပါဘူးလို့ ထပ်ငြင်းပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံ စစ်အင်အားနဲ့ ကာကွယ်ရေးအတွက် အဆင့်မြင့် နည်းပညာ များ ကြိုးစား ဖန်တီးလျက် ရှိကြောင်း ဆက်လက် ဝန်ခံ သွား ပါတယ်။ ဒါကြောင့်မို့ အမေရိကန်ဟာ စစ်သး တစ်ဦးချင်းစီမှာ အသုံးပြုဖို့အတွက် ဝတ်ဆင်ဖို့ အတွက် Iron Man လို့ စက်ရုပ် ဝတ်စုံများ ဖန်တီးနေကြောင်း မီဒီယာများက အတည်ပြု ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/77pnVFLkUjM

Smart Pro Journal